Toyota Alphard Grade ခွဲနည်း


TOYOTA ရဲ့ MPV အမျိုးအစားမှာ အရောင်ရဆုံး ဘုရင်တစ်ပါး ဖြစ်တဲ့ Alphard ကို NAME PLATE လေးကြည့်ရုံနဲ့ ကားရဲ့ GRADE သိရမဲ့အပြင် 2W လား? 4W လား? 7 ယောက်စီးလား? 8 ယောက်စီးလား? စတာတွေကို သိနိုင်မှာပါ။

ဘာလို့ NAME PLATE က MODEL CODE နဲ့ခွဲနည်းသင်ပေးရလဲဆိုရင် ALPHARD စီးနေတဲ့လူတွေကို မေးကြည့်ပါ အကို့ကားက ဘာ GRADE လဲလို ??

တချို့က မသိပါဘူး တချို့ကလဲ သိကြလိမ့်မယ် သိလို့ GRADE ပြောလာတဲ့ လူကို ထပ်မေးကြည့် ဘာလို့အဲ့ GRADE လို့ပြောနိုင်တာလဲ? ဘာကိုကြည့်ပြီးပြောတာလဲ ?

တော်တော်များများက ပြောကြလိမ့်မယ် ဝယ်တုန်းက ဝယ်ပေးတဲ့လူကပြောတာ/ရောင်းတဲ့လူကပြောတာ ကားထဲမှာ ဟိုဟာပါလို့ ဒီဟာပါလို့ စသည်ဖြင့်ပေါ့...

မိမိရဲ့ချွေးနည်းစာနဲ့ဝယ်တာ မိမိကိုယ်တိုင်ဘာဆိုတာသိဖို့လိုပါတယ် ဝယ်ပြီးစီးနေတုန်းတော့ အကြောင်းမဟုတ်ဘူး အကြောင်းတစုံတရာနဲ့ ပြန်ရောင်းတော့ GRADE က နိမ့်နေတယ် မှားနေတယ် အတွင်းခန်းချိန်းထားတာကြီး ဟိုနားက ဟိုလိုဖြစ်နေတယ် ဒီနားကဒီလိုဖြစ်နေတယ် စသည်ဖြင့် မကြားဖူးတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြားရပါလိမ့်မယ်၊ ပစ်ချက်တွေထောက်ပြပြီး ဈေးနင်းကြတယ်၊ ကြားထဲက ဘာမှ မသိနားမလည်ပဲဝယ်စီးကြတဲ့ ကားပိုင်ရှင်တွေပဲ နစ်နာပါတယ်။

အဲ့GRADE တွေထဲမှာ အဆိုးဆုံးက MZ နဲ့ MZG ပဲ။ ဟိုဟာပါတယ် ဒီဟာပါတယ် အဲ့ဒါကြောင့် ဒီကားက MZG ဖြစ်တယ်၊ အဲ့လိုပြောလို့မရပါဘူး ကားတစ်စီးရဲ့ GRADE ကို သူ့ရဲ့ NAME PLATE မှာ ပါတဲ့ MODEL CODE နဲ့ပဲ ခွဲလို့ရပါတယ်။ ကားထုတ်တဲ့ COMPANY ကိုယ်တိုင်က အဲ့လိုပဲ ခွဲခြားသတ်မှတ်ထားတာပါ။ TOYOTA ကို ချစ်တဲ့အချက်တွေထဲမှာအာ့တွေပါတယ် အသေးစိတ်ကအစ လုံးဝကိုပြီးပြည့်စုံအောင် ဖန်တီးထားတယ်။

MZ ရဲ့ ပါဝင်ပစ္စည်းတွေက MZG ထက်ပိုစုံနေပါစေ NAME PLATE က MODEL CODE မှာ MZG ရဲ့ MODEL CODE ဖြစ်မှသာ MZG ပါ။ ဟိုဟာပါတယ်။

ကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်။

2002 - 2008 1st GEN

2008 - 2015 2 nd GEN

2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်ဈေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ်။ 2002 ကနေ 2005 ထိကို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးပါပါတယ်။ 2005 ကနေ 2007 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ်။

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပါ။ G နဲ့ V က 1st GEN မှာပဲလာတာပါ။ 2nd GEN မှာ G နဲ့ V မရှိတော့ပါဘူး။ ဘာကွာလဲ G နဲ့ V ?

ဘာမှ မကွာပါဘူး အရောင်းကိုယ်စာလှယ် ကွဲတဲ့အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ၊ ရှေ့ရှဲလ်ပဲကွာတာပါ။ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို ဈေးလဲမကွာပါဘူး။

ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာပါတယ်။ အဲ့ဒါကတော့ ချက်စီမှာကြည့်လိုက်ရုံပါပဲ၊ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်ဈေးလဲ ကြီးပါတယ်။

အင်ဂျင် 2.4 မှာ ANH 10 ဆို 2W ၊ ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ MNH 10 ဆို 2W ၊ MNH 15 ဆို 4W ပါ။

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0။ 2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်။ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလာပါလိမ့်မယ်။ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရပါတယ်။

GRADE တွေက အများကြီးဆိုတော့ ဈေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်ပါတယ်။

2.4 မှာ AS / AX / AX L EDITION ၊ GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်။ 3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ်။

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး

ANH 15W-PFPSK { 4W } 7 ယောက်စီး

ANH 10W-PRPSK { 2W } 8 ယောက်စီး

ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအမဲ ၊ ကျွန်းကွက်အမဲ ၊ ထိုင်ခုံလဲ အမဲ ၊ SPORT & COMFORT MODE ၊ SKART ပါတ်လည် ၊ AIRCON ROUND ၊ FOG LIGHT အဝိုင်း ၊ POWER SLIDE ပါတာလဲလာတယ်၊ မပါတာလဲလာပါတယ်။ ပါခဲ့ရင်လဲ တဖက်ပဲ ပါပါတယ်။ လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်တာပါပဲ။

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး

ANH 15W-PFPGK { 4W } 7 ယောက်စီး

ANH 10W-PRPGK { 2W } 8 ယောက်စီး

ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းကွက်အဝါ ၊ လိုက်ကာပါတ်လည် ၊ ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ ၊ FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး AIRCON ROUND ၊ POWER SLIDE 1 ချပ် ပါပါတယ်။

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး

ANH 15W-PFPGK-L { 4W } 7 ယောက်စီး

ANH 10W-PRPGK-X { 2W } 8 ယောက်စီး

ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းအဝါ ၊ ထိုင်ခုံ ရှန်မွိုင်းအသားရောင် ၊ POWER SLIDE 1 ချပ် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIR CON ROUND ၊ အလယ်ေလျှောက်လှမ်းမပါ 8 ယောက်စီး ၊ ရှေ့ CAM နောက် CAM ၊ တချို့က SUNROOF MOONROOF ပါ။

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး

MNH 15W-PFASK { 4W } 7 ယောက်စီး

MNH 10W-PRASK { 2W } 8 ယောက်စီး

MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး

MNH 15W-PFPGK { 4W } 7 ယောက်စီး

MNH 10W-PRPGK { 2W } 8 ယောက်စီး

MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းကွက်အဝါ ၊ လိုက်ကာပါတ်လည် ၊ ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ ၊ FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး AIRCON ROUND ၊ POWER SLIDE 1 ချပ် ၊ တချို့တလေမှာ ရှေ့ CAM ပါပါတယ်။

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး

MNH 15W-PFAGK-L { 4W }7 ယောက်စီး

MNH 10W-PRAGK-X { 2W } 8ယောက်စီး

MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ ကျွန်းအဝါ ၊ ထိုင်ခုံ ရှန်မွိုင်းအသားရောင် ၊ POWER SLIDE 1 ချပ် ၊ တချို့က 2 ချပ် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIR CON ROUND ၊ အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး ၊ ရှေ့ CAM နောက် CAM ၊ တချို့က SUNROOF MOONROOF ပါ။

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး

MNH 15W-PFPQK { 4W } 7 ယောက်စီး

MNH 10W-PRPQK { 2W } 8 ယောက်စီး

MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ၊ FOG LIGHT လေးထောင့်အရှည် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIRCON ROUND ၊ 7 ယောက်စီး လျေှက်လှမ်းပါတာလာသလို 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာပါတယ် ၊ SPORT & COMFORT MODE ၊ လိုက်ကာ AUTO ၊ POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာပါတယ် ၊ နောက်ဖုံလဲ SLIDE ပါတတ်ပါတယ်။ 5.1 SOUND SYSTEM လဲပါပါတယ်။ ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ။ SUNROOF / MOONROOF ပါတာများပါတယ်။ ရှေ့ TV ခါး TV ၊ ရှေ့ CAM နောက် CAM ၊ တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ်။ ထိုင်ခုံလယ်သာစိနဲ့ ၊ HEATER တောင်ပါသေးတယ်။ မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ။

အမြင့်ဆုံးကတော့ MZ G EDITION

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့ MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ။

ALPHARD G မှာ

MNH 10-PFKAQ-G { 2W }

MNH 15-PFKAQ-G { 4W }

ALPHARD V မှာဆိုရင်

MNH 10-PFKAQ-R { 2W }

MNH 15-PFKAQ-R { 4W }

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFKAQ ပဲ ရှိမှာပါ 8 ယောက်စီး PRKAQ ဆိုပြီး မလာတော့ပါဘူး။

အတွင်းခန်းအဝါ ၊ FOG LIGHT လေးထောင့်အရှည် ၊ စီယာတိုင် ကျွန်း ၊ ဂီယာဘုသီးကျွန်း ၊ AIRCON ROUND ၊ 7 ယောက်စီး လျေှက်လှမ်းပါတာပဲလာတယ်။ SPORT & COMFORT MODE ၊ လိုက်ကာ AUTO ၊ POWER SLIDE DOOR က 2 ချပ် နောက်ဖုံးလဲ SLIDE ပါပါတယ် ၊ 5.1 SOUND SYSTEM ပါပါတယ် ၊ ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါပါတယ် ၊ SUNROOF / MOONROOF ၊ ရှေ့ TV ခါး TV ၊ ရှေ့ CAM 3D နောက် CAM ၊ CRUSE CONTROL ရယ် RADER ရှဲလ် ၊ ထိုင်ခုံလယ်သာစိနဲ့ HEATER စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ်။ ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိပါတယ်။ အဓိကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ။

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }

ATH 10W-PRXGB { 08S }

ဘာဂျင်းမှ ကြောက်စရာမလိုတော့ပါဘူး။ NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပါပြီ။

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါသေးတယ်။ ယေဘုယအားဖြင့်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်။

လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ။

Credit;Min Khant Phyo

 

Read 6775 times