Toyota အခဲဘက်ထရီအီးဗီများကို ၂၀၂၇ တွင် စတင်ရောင်းချမည်


Toyota အခဲဘက်ထရီအီးဗီများကို ၂၀၂၇ တွင် စတင်ရောင်းချမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor သည် ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် လျှပ်စစ်ကား အစီးရေ ၃.၅ သန်း ရောင်းချရန် စီစဉ်ထားသည်။

Toyota Motor သည် အစောဆုံးအနေဖြင့် ၂၀၂၇ ခုနှစ်တွင် all-solid-state battery လုံးဝအခဲဘက်ထရီဖြင့်မောင်းနှင်သောလျှပ်စစ်ကားများကို ထုတ်လုပ်ရန်ရည်မှန်းထားသည်။
အခဲဘက်ထရီ၏ အားသာချက်မှာ အားသွင်းရန် အချိန်တိုတောင်းသည်။ ခရီးတာ ပိုဝေးဝေး သွားနိုင်သည်။
Toyota Motor က အခဲဘက်ထရီကို ၂၀၂၇ သို့မဟုတ် ၂၀၂၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်မည်။
.
Solid-state ဘက်ထရီများ၏ သက်တမ်းကို ကြာကြာခံဖို့သည်  ပြဿနာတစ်ခုဖြစ်သော်လည်း Toyota က ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် အမြောက်အမြား ထုတ်လုပ်ပေးနိုင်ဖို့ ဆိုသည်မှာလည်း အခက်အခဲများ ရှိနေသဖြင့် အခဲဘက်ထရီသည် အီးဗီ ထုတ်လုပ်မှုအတွက် မသုံးစွဲနိုင်ကြသေးပေ။
.
အားသွင်းချိန် ၁၀ မိနစ်နှင့်အောက်မျှသာ ကြာသည့်  Solid-state အီးဗီ ဘက်ထရီများသည် သမားရိုးကျ လီသီယမ်-အိုင်းယွန်း ဘက်ထရီများထက် ခရီးအကွာအဝေး ၂.၄ ဆခန့် ပိုမိုသွားရောက်နိုင်သဖြင့် ခန့်မှန်းခြေ ကီလိုမီတာ ၁,၂၀၀ အထိ သွားနိုင်စေသည်။
.
သို့သော် Solid-state ဘက်ထရီအတွက် အဖိုစွန်း အမစွန်း လျှပ်ခေါင်းများသည် ဘက်ထရီ အားသွင်း အားထုတ်လုပ်တိုင်း ကျုံ့လိုက် ကျယ်လိုက် ဖြစ်သည်။ နောက်ဆုံး၌ လျှပ်ခေါင်းများ ချောင်ပြီး ကျွတ်ထွက်သွားသည်။ 
လက်ရှိ ထုတ်လုပ်ထားသည့် အခဲဘက်ထရီများသည် ကြိမ်ရေ ရာဂဏန်းအထိသာ အားသွင်း အားထုတ်လုပ်နိုင်သည်။ လက်တွေ့သုံးစွဲသည့်အခါ ကြိမ်ရေ ထောင်ဂဏန်းအထိ လျှပ်ခေါင်းများ ကျွတ်မထွက်အောင် ခံနိုင်ရည် ရှိဖို့ လိုအပ်သည်။ 
.
Toyota သည်  Solid-State ဘက်ထရီများတွင် ဦးဆောင်သူဖြစ်သည်။မူပိုင်ခွင့် ၁,၀၀၀ ကျော်ကို ပိုင်ဆိုင်ထားသည်။
၂၀၂၅ ခုနှစ် ဝန်းကျင်တွင် ဟိုက်ဘရစ်ကားများမှာ အခဲဘက်ထရီ စတင်သုံးစွဲရန် ရည်မှန်းထားသည်။
အကြမ်းဖျင်းအားဖြင့်  ကီလိုမီတာ ၁,၅၀၀ အကွာအဝေးကို ၁၀ မိနစ်ထက်နည်းသော အားသွင်းရန် ကြာချိန်ဖြင့်  ဘက်ထရီကို တီထွင်ရန် ရည်မှန်းချက် ထားရှိသည်။
.
ထုတ်လုပ်မှုကို အမြောက်အမြား ထုတ်လုပ်နိုင်အောင် ချဲ့ထွင်နိုင်ခြင်းနှင့် ကုန်ကျစရိတ် သက်သာခြင်းတို့သည် Solid-State ဘက်ထရီများ လူကြိုက်များလာစေရန်အတွက် သော့ချက်ဖြစ်သည်။
လက်ရှိတွင် အခဲဘက်ထရီ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၁ ကီလိုဝပ်-နာရီ kilowatt-hour (kWh)အတွက် ယန်း ၆၀,၀၀၀ မှ ၃၅၀,၀၀၀ အထိ ($430 ~ $2,500) ရှိသည်။ လီသီယမ်-အိုင်းယွန်း ဘက်ထရီများသည် ယန်း ၁၄,၀၀၀ ကုန်ကျသည်။ သို့ဖြစ်ရာ အခဲဘက်ထရီသည် ၄ ဆမှ ၂၅ ဆအထိ ပိုများနေသည်။
၎င်းကုန်ကျစရိတ်အရဆိုလျှင် ဈေးအမြင့်တန်းမှ စည်းစိမ်ကားများတွင်သာ သုံးစွဲနိုင်မည် ဖြစ်သည်။
.
ကုမ္ပဏီများသည် Solid-State ဘက်ထရီများကို သုတေသနပြုကာ တီထွင်ထုတ်လုပ်နေကြသည်။
solid-state ဘက်ထရီများအတွက် စျေးကွက်သည် ၂၀၄၀ တွင် ယန်း ၃.၅၆ ထရီလီယံသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
 .
 Nissan သည် ၂၀၂၈ ဘဏ္ဍာနှစ်အကုန်တွင် Solid-State ဘက်ထရီပါသော အီးဗီများကိုထုတ်လုပ်ရန် စီစဉ်နေသည်။
.
BMW သည် ၂၀၂၅ တွင် အခဲဘက်ထရီပါသော နမူနာကားကို ထုတ်ဖော်ပြသရန် ရည်မှန်းထားသည်။ အမြောက်အမြား ထုတ်လုပ်မှုကို ၂၀၃၀ ခုနှစ်တွင် စတင်မည်။
.
Toyota သည် ယမန်နှစ်က အီးဗီ အစီးရေ ၂ သောင်းခန့်သာ ရောင်းချခဲ့သည်။ သို့သော် ၂၀၂၆ တွင် စီးရေ ၁.၅ သန်း၊ ၂၀၃၀ တွင် စီးရေ ၃.၅ သန်း ရောင်းချဖို့ ရည်မှန်းထားသည်။
Source Asia Nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 449 times