Toyota အီးဗီဘက်ထရီ ထုတ်လုပ်မှုကို အစိုးရ ‌ထောက်ပံ့ကြေး ဒေါ်လာ သန်း ၈၅၀ ကျော်ဖြင့် တိုးချဲ့မည် 


Toyota အီးဗီဘက်ထရီ ထုတ်လုပ်မှုကို အစိုးရ ‌ထောက်ပံ့ကြေး ဒေါ်လာ သန်း ၈၅၀ ကျော်ဖြင့် တိုးချဲ့မည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

.
ဂျပန်နိုင်ငံ စက်မှုဝန်ကြီးဌာနသည် လျှပ်စစ် ကားဘက်ထရီများ ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် Toyota Motor အား ယန်းငွေ ဘီလီယံ ၁၂၀ ခန့် (ဒေါ်လာ ၈၅၃ သန်း) ထောက်ပံ့မည်။
.
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ၏ စီးပွားရေးလုံခြုံရေးအတွက် စွမ်းအင်သိုလှောင်‌ရေးတွင် အရေးကြီးသောဘက်ထရီများအဖြစ် သတ်မှတ်ခဲ့သည်။ အီးဗီသုံး ဘက်ထရီကဏ္ဍအတွက် ဘတ်ဂျက် ယန်း ၃၃၀ ဘီလီယံ လျာထားသည်။
.
အမေရိကန်၊ တရုတ်နှင့် အခြားနိုင်ငံများသည်လည်း ၎င်းတို့၏နိုင်ငံများတွင် ဘက်ထရီထုတ်လုပ်မှုကို ပံ့ပိုးပေးကြသည့်နည်းတူ ဂျပန်အစိုးကလည်း ပံ့ပိုးပေးခြင်း ဖြစ်သည်။
.
ကမ္ဘာ့အီးဗီဘက်ထရီဈေးကွက်တွင် တရုတ်ကုမ္ပဏီများက ဝေစု ထက်ဝက်ကျော် ရရှိထားသည်။
ဂျပန်ကုမ္ပဏီများသည် ဈေးကွက်ဝေစု ၁၀% အောက်သာ ရရှိသည်။ Tesla ထံသို့ ဘက်ထရီ ပေးသွင်းနေသည့် Panasonic က ဦးဆောင်သူ နေရာတွင် ရှိနေသည်။
.
မော်တော်ယာဥ်လုပ်ငန်းကဏ္ဍ အီးဗီဆီသို့ ကူးပြောင်းနေစဉ်အတွင်း ပြည်တွင်းဘက်ထရီ ထုတ်လုပ်မှုကို မြှင့်တင်ရန်မှာ အဓိက ဦးစားပေးအဖြစ် ဂျပန်အစိုးရက ရှုမြင်သည်။

Toyota ရင်းနှီးမြုပ်နှံမှုတွင် ယန်း ၃၃၀ ဘီလီယံခန့်သည် နိုင်ငံတော်အကူအညီအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီမည်ဟု မျှော်လင့်ရသည်။
.
Toyota သည် Panasonic နှင့် ဖက်စပ်ဘက်ထရီလုပ်ငန်းဖြစ်သော Prime Planet Energy & Solutions တွင် ထုတ်လုပ်မှုတိုးချဲ့ရန်အတွက် အစိုးရထောက်ပံ့ကြေးကို အသုံးပြုမည်ဖြစ်သည်။
.
ဟိုက်ဘရစ်ကားများအတွက် ဘက်ထရီများထုတ်လုပ်သည့် Panasonic နှင့် နောက်ထပ် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် Primearth EV Energy တွင်လည်း အီးဗီ ဘက်ထရီများကို စတင်ထုတ်လုပ်တော့မည်ဖြစ်သည်။ ထို့အတွက်လည်း အစိုးရထောက်ပံ့ကြေးကို အသုံးပြုမည်။
.
ဘိုင်ပိုလာ လီသီယမ်သံဖော့စဖိတ် bipolar lithium iron phosphate ဘက်ထရီများ ဖွံဖြိုးရေးနှင့် အမြောက်အများထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများတွင်လည်း အစိုးရ ထောက်ပံ့ငွေကို သုံးစွဲမည်။
.
၎င်းမျိုးဆက်သစ် ဘက်ထရီများသည် Toyota ၏ bZ4X တွင်အသုံးပြုသည့်ဘက်ထရီများထက် ခရီးတာ ၂၀% ပိုဝေးဝေး သွားနိုင်မည်။ ကုန်ကျစရိတ် ၄၀% သက်သာသည်။
.
Toyota သည် စျေးနှုန်းသက်သာသော အီးဗီများတွင် အသုံးပြုရန်အတွက် ၂၀၂၆ သို့မဟုတ် ၂၀၂၇ ဝန်းကျင်တွင် အဆိုပါနည်းပညာကို စီးပွားဖြစ်ထုတ်လုပ်ရန် မျှော်လင့်ထားသည်။
.
အစိုးရ၏အကူအညီသည် လုံးဝအခဲဘက်ထရီ all-solid-state battery အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သုံးစွဲမည်။
.
Toyota သည် ၂၀၂၆ ခုနှစ်တွင် အီးဗီ အစီးရေ ၁.၅ သန်းနှင့် ၂၀၃၀ ခုနှစ်တွင် အစီးရေ ၃.၅ သန်း ရောင်းချရန် ရည်မှန်းထားသည်။ နှီးနွယ်နေသော လုပ်ငန်းနာ်ပာ်များတွင် ၂၀၃၀ ခုနှစ်အထိ ယန်း ၅ ထရီလီယံ ရင်းနှီးမြှုပ်နှံမည်။
 .
Honda Motor နှင့် GS Yuasa တို့အား ၎င်းတို့၏ ဘက်ထရီ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များအတွက် ယန်း ၁၆၀ ဘီလီယံခန့် ထောက်ပံ့ကြေးပေးရန် စက်မှုဝန်ကြီးဌာနသည် ဧပြီလတွင် ဆုံးဖြတ်ခဲ့သည်။
.
ဂျပန်ကုမ္ပဏီများသည် တစ်ချိန်က မော်တော်ယာဥ်ဘက်ထရီ ထုတ်လုပ်မှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၅  ခုနှစ်တွင် ဝေစုထက်ဝက်ခန့်ကို ပိုင်ဆိုင်ခဲ့သည်။
တရုတ်နှင့် တောင်ကိုးရီးယား ကုမ္ပဏီများသည် ယခုအခါ ထုတ်လုပ်မှု ပိုအားကောင်းလာကြသည်။
.
ဂျပန်သည် တရုတ်နှင့်တောင်ကိုရီးယား ပေးသွင်းသူများထံမှ ပစ္စည်းများနှင့် ကုန်ချောဆဲလ်များအပေါ်တွင် ပိုမိုမှီခိုလာရသည်။
.
တရုတ်ပြည်မှ Contemporary Amperex Technology (CATL) နှင့် BYD တို့သည် လစ်သီယမ်သံဖော့စဖိတ် lithium iron phosphate (LFP) ဘက်ထရီများတွင် ဦးဆောင်လျက်ရှိသည်။

Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 428 times