Toyota ဥက္ကဋ္ဌ  Akio Toyoda  စီးတဲ့ကား


Toyota ဥက္ကဋ္ဌ  Akio Toyoda  စီးတဲ့ကား

Toyota ဥက္ကဋ္ဌ Akio Toyoda က အရေးပါတဲ့ ပွဲကို ဘယ်လို ဆိုက်ရောက်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့သူ ဖြစ်ပါတယ်။

Fuji Speedway မှာ ကျင်းပတဲ့ ကားပြိုင်ပွဲ   Toyota Gazoo Racing Festival ကို သူက Century GRMN နမူနာကားဖြင့် သွားရောက်ပါတယ်။ ယာဉ်မောင်းက ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေမှာ ပြိုင်ကားမောင်းသမား Kamui Kobayashi ဖြစ်ပါတယ်။

Century GRMN ကို ၂၀၂၁ မှာ အတည်ပြုခဲ့ပြီး နမူနာအဖြစ် ထုတ်လုပ်ထားတဲ့ ကားကို သူက ပွဲထုတ်ခဲ့ပါတယ်။ ကားနံပါတ်က '18-67' ဖြစ်ပါတယ်။ Toyota ဥက္ကဋ္ဌက ကားအသစ် ပြောင်းစီးတဲ့အခါ နံပါတ်က '18-67' ကိုပဲ ဆက်လက် အသုံးပြုပါတယ်။ ကုမ္ပဏီ ရုံးကားမှာသာမက ကိုယ်ပိုင်အဖြစ် သုံးတဲ့ အိမ်ကားမှာလည်း နံပါတ်က '18-67' ဖြစ်ပါတယ်။

 Akio Toyoda မှာ ကိုယ်ပိုင်အိမ်စီး Century GRMN အမည်းရောင်တစ်စီး ရှိပါတယ်။ ကားနံပါတ်က '18-67' ဖြစ်ပါတယ်။
 


"18-67" က Toyota ထူထောင်သူ Sakichi Toyoda ဖွားမြင်ခဲ့တဲ့နှစ် ၁၈၆၇ ခုနှစ်ကို ဆိုလိုပါတယ်။

 

 

Century က ဟိုင်းဘရစ်   V8 အင်ဂျင်ဖြစ်ပြီး ပါဝါ  376 hp အထိ ပေးနိုင်ပါတယ်။ 

 

Read 36309 times