တိုယိုတာ ကားထုတ်လုပ်စီးရေ သန်းပေါင်း ၃၀၀ ကျော်သို့ ရောက်ရှိ


တိုယိုတာ ကားထုတ်လုပ်စီးရေ သန်းပေါင်း ၃၀၀ ကျော်သို့ ရောက်ရှိ

TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

ကမ္ဘာ့အကြီးဆုံးကားထုတ်လုပ်သူ တိုယိုတာသည် ၎င်း၏ ပထမဆုံးကားကို ၁၉၃၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။
တိုယိုတာ သက်တမ်းတလျှောက် ဂျပန်နှင့်တကွ ကမ္ဘာတလွှားရှိ စက်ရုံများမှ ကားများ ထုတ်လုပ်သည့် အစီးရေသည် အောက်တိုဘာလကုန်တွင် သန်းပေါင်း ၃၀၀ ကျော်သို့ ရောက်ရှိခဲ့ပါသည်။

 
၂၀၂၂ ခုနှစ်တွင် ရောင်းချသည့် စီးရေအရ ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်သူဖြစ်လာမည့် Toyoda Automatic Loom Works Limited ၏ Automotive Production Division ကို စတင်ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ၎င်း၏ ပထမဆုံး ကားဖြစ်သည့် Model G1 ထရပ်ကားကို ထုတ်လုပ်ခဲ့ပါသည်။
အလိုအလျောက် ရက်ကန်းစက် ထုတ်လုပ်သော Toyoda Automatic Loom Works Limited သည် ယနေ့တိုင်  ရက်ကန်းစက်များ ထုတ်လုပ်နေဆဲ ဖြစ်ပါသည်။

Automotive Production Division ကို ၁၉၃၇ ခုနှစ်တွင် သီးခြားခွဲထုတ်လိုက်ရာ Toyota Motor Corporation ဖြစ်လာပါသည်။


Toyota Motor Corporation သက်တမ်းတလျှောက် မော်တော်ယာဉ် ထုတ်လုပ်စီးရေ စုစုပေါင်းသည် ၁၉၈၅ ခုနှစ်တွင် သန်း ၅၀ သို့ ရောက်ရှိခဲ့သည်။ သန်း ၁၀၀ သို့ ၁၉၉၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ 
၂၀၁၂ ခုနှစ် ဇွန်လတွင် သန်း ၂၀၀ ကျော် ဖြစ်လာခဲ့သည်။ 
၂၀၂၃ ခုနှစ် အောက်တိုဘာလ လကုန်တွင် အစီးရေ ၃၀၀ ဒသမ ၁၂ သန်းသို့ ရောက်ရှိခဲ့ပါသည်။

ဂျပန်ပြည်တွင်းရှိ စက်ရုံများတွင် အစီးရေ ၁၈၀.၅၂ သန်း ထုတ်လုပ်ခဲ့သည်။
ပြည်ပရှိ စက်ရုံများတွင် ၁၁၉.၆ သန်း ထုတ်လုပ်ခဲ့သည်။

တိုယိုတာ ထုတ်လုပ်သည့် ကားများတွင် အရောင်းရဆုံးမှာ Toyota Corolla ဖြစ်ပါသည်။ ၁၉၆၆ ခုနှစ်တွင် ပထမဆုံး မျိုးဆက်ကို စတင်ထုတ်လုပ်ခဲ့ပြီး ယခုအခါ မျိုးဆက် ၁၂ ဆက်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အစီးရေ ၅၃ ဒသမ ၃၉၉ သန်း ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါသည်။

Source drive


TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

Read 1377 times