တိုယိုတာ ထူးထူးကဲကဲ စီးရေ ၁၀ သန်းကျော် ထုတ်လုပ်ရန် ရည်မှန်း


တိုယိုတာ ထူးထူးကဲကဲ စီးရေ ၁၀ သန်းကျော် ထုတ်လုပ်ရန် ရည်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor သည်  ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ကားအစီးရေ ၁၀.၂ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

လက်ရှိ စံချိန်မှာ Toyota နှင့်  Lexus ၂ ခုပေါင်းအစီးရေ ၉.၀၅ သန်းဖြစ်ပြီး ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

တိုယိုတာအုပ်စုကုမ္ပဏီများဖြစ်သည့် Daihatsu Motor နှင့် Hino Motors တို့မှ ကားများကို ထည့်တွက်ပါက လက်ရှိစံချိန်သည် အစီးရေ ၁၀ သန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တိုယိုတာသည် ၂၀၁၉ တွင် စံချိန်သစ်တင် ၉.၀၅ သန်း ထုတ်လုပ်ခဲ့ပြီး ကိုဗစ်ကာလ ၂၀၂၀ တွင် ၇.၉ သန်းမျှသာ ထုတ်လုပ်နိုင်ခဲ့သည်။ 
၂၀၂၂ တွင် ပြန်များလာပြီး ၉.၀၂ သန်း ထုတ်လုပ်နိုင်ခဲ့သည်။
Toyota Motor သည် ဂျပန်နိုင်ငံတွင် Toyota နှင့် Lexus အမှတ်တံဆိပ် ကားအစီးရေ ၃.၄ သန်းခန့် ထုတ်လုပ်ရန် ရည်မှန်းထားပြီး ပြည်ပတွင် ၆.၈ သန်းဝန်းကျင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။
ပြည်တွင်း ထုတ်လုပ်မှုကို ယမန်နှစ်ထက် ၃၀% နီးပါး တိုးမည်ဖြစ်ပြီး ပြည်ပထုတ်လုပ်မှုကို ၁၀% နီးပါး တိုးမည် ဖြစ်သည်။

 တိုယိုတာသည် ယခုနှစ် ပထမခုနစ်လအတွင်း ထုတ်လုပ်မှုပမာဏကို အစီးရေ ၅.၇ သန်းအထိ မြှင့်တင်ခဲ့သည်။ ဩဂုတ်မှ ဒီဇင်ဘာအထိ တလလျှင် ပျမ်းမျှ အစီးရေ ၉ သိန်း ထုတ်လုပ်ရန် စီစဉ်ထားသည်။
 
၂၀၂၄ တွင် အစီးရေ ၁၀.၇ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။
၂၀၂၅ တွင် ပြည်တွင်းထုတ်လုပ်မှုကို ၃.၅ သန်း‌ကျော်အထိ မြှင့်တင်ခြင်းဖြင့် အစီးရေ ၁၁ သန်းအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။


တိုယိုတာ၏ အဓိကရောင်းအားသည် ဟိုက်ဘရစ် မော်ဒယ်များ ဖြစ်သည်။ ကမ္ဘာ့ဟိုက်ဘရစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၆၀% ရရှိထားသည်။

ကမ္ဘာ့ဟိုက်ဘရစ် ဝယ်လိုအားသည် မြင့်တက်လာနေပါသည်။ ၂၀၂၅ တွင် အစီးရေ ၈.၀၆ သန်းအထိ ရှိလာမည်ဟု သုတေသနလုပ်ငန်း GlobalData က ခန့်မှန်းထားသည်။
၂၀၂၂ ခုနှစ်တွင် ဟိုက်ဘရစ် အစီးရေ ၃.၇ သန်း ရောင်းချခဲ့ပါသည်။

တိုယိုတာ၏ ဟိုက်ဘရစ်မော်ဒယ်များတွင် Prius သည် ဂျပန်တွင် ရောင်းအား ကောင်းပြီး Lexus RX သည် အမေရိကန်တွင် ရောင်းအား ကောင်းပါသည်။ တရုတ်တွင် Sienna မီနီဗင် ရောင်းအား ကောင်းသည်။ 
Corolla အမည်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော မော်ဒယ်များတွင်လည်း ဟိုက်ဘရစ်အော်ဒယ်များ ရောင်းအား ကောင်းပါသည်။

တိုယိုတာသည် ၂၀၂၆ ခုနှစ်တွင် အီးဗီ အစီးရေ ၁.၅ သန်း ရောင်းချရန် ရည်မှန်းထားပါသည်။ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလအတွင်း အစီးရေ ၅ သောင်းဝန်းကျင်မျှသာ ရောင်းချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်ပါသည်။ 


Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1523 times