အိန္ဒိယ တတိယမြောက်စက်ရုံအတွက် ဒေါ်လာသန်း ၄၀၀ နီးပါး တိုယိုတာ ရင်းနှီးမြှုပ်နှံ


အိန္ဒိယ တတိယမြောက်စက်ရုံအတွက် ဒေါ်လာသန်း ၄၀၀ နီးပါး တိုယိုတာ ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အိန္ဒိယတွင် တိုယိုတာ၏ ကားများ ဝယ်လိုအား ပိုများလာသဖြင့် အလျဉ်မီအောင် ထုတ်လုပ်ပေးရန်အတွက် အိန္ဒိယတွင် တတိယမြောက်စက်ရုံ ထူထောင်ရန် ကန်ဒေါ်လာ သန်း ၄၀၀ နီးပါး ရင်းနှီးမြှုပ်နှံမည်ဟု အင်္ဂါနေ့ (နိုဝင်ဘာ ၂၁)တွင် ကြေညာသည်။


အလုပ်အကိုင်သစ် ၂၀၀၀ ဖန်တီးပေးမည့် စက်ရုံသစ်သည် တစ်နှစ်လျှင် အစီးရေ ၁ သိန်း ကျော် ထုတ်လုပ်နိုင်မည် ဖြစ်သည်။ အိန္ဒိယရှိ တိုယိုတာ ကားစက်ရုံ ၃ ရုံ စုစုပေါင်း တနှစ်လျှင် အစီးရေ ၄၁၀,၀၀၀ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
 
တတိယမြောက်စက်ရုံကို အိန္ဒိယနိုင်ငံ တောင်ပိုင်း တာနာကာတာပြည်နယ်တွင် အခြား ရှိပြီးသား တိုယိုတာ ကားစက်ရုံ ၂ ခုနှင့်အတူ ထားရှိမည်ဖြစ်သည်။


တိုယိုတာသည် အိန္ဒိယဈေးကွက်အတွက် ကားမော်ဒယ်များကို Suzuki Motor နှင့် အတူလက်တွဲပြီး ဒီဇိုင်း ထုတ်ခဲ့သည်။ စူဇူကီး၏ စီးပွားဖက် အိန္ဒိယ ကားလုပ်ငန်း Maruti က ကနဦးဒီဇိုင်းကို ထုတ်ပေးသည်။ ၎င်းဒီဇိုင်းကို မွမ်းမံပြီး တိုယိုတာ တံဆိပ်တပ် ရောင်းချခဲ့ရာ ရောင်းအား မြင့်တက်နေသည်။

Maruti Suzuki သည် အိန္ဒိယကားဈေးကွက်ကို ကြီးစိုးထားသော ကားလုပ်ငန်းဖြစ်သည်။ 

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 188 times