အီးဗီသို့ အကူးအပြောင်း ခုနှစ်အချိန်ဇယားများ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Nissan Motor သည် ၂၀၂၈ ခုနှစ်မှစ၍ ထုတ်လုပ်သည့် ကားများတွင် အင်ဂျင်ကားများ အရေအတွက်ကို ၆၀% လျှော့ချမည်။
ဓာတ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာတို့ ပေါင်းစည်းထားသည့် ဟိုက်ဘရစ်မော်တော်ယာဉ် hybrid vehicle (HV) များကို စူးစိုက်မည်ဖြစ်ပြီး ဓာတ်ဆီဖြင့်သာ မောင်းနှင်သော ကားအမျိုးအစားအတွက် အင်ဂျင်ဒီဇိုင်းအသစ် ထုတ်လုပ်ခြင်း ရပ်ဆိုင်းထားလိုက်တော့မည် ဖြစ်သည်။
e-Power အမှတ်တံဆိပ် ဟိုက်ဘရစ်ကားများတွင် အသုံးပြုမည့် အင်ဂျင်များ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ စူးစိုက်မည်ဖြစ်သည်။
အမေရိကန်တွင် ပစ်ကပ်ထရပ်များအပါအဝင် ဓာတ်ဆီအင်ဂျင်ပါဝါသုံး ကားမော်ဒယ်များအတွက် ဝယ်လိုအားရှိနေသဖြင့် လက်ရှိ စီစဉ်ထားပြီးဖြစ်သော ဓာတ်ဆီအင်ဂျင် ကားမော်ဒယ်များအတွက် အင်ဂျင်များကို ဆက်လက် ထုတ်လုပ်သွားမည် ဖြစ်သည်။ ၎င်းအင်ဂျင်များကို အဆင့်မြှင့်တင်ပေးမည်။ ဒီဇိုင်းအသစ်ဖြင့် အင်ဂျင်ထုတ်လုပ်ခြင်းကို ရပ်ထားလိုက်ပြီ ဖြစ်သည်။
၂၀၃၀ ခုနှစ်တွင် ၅၅% သည် အီးဗီနှင့် ဟိုက်ဘရစ်များ ဖြစ်နေရန် ရည်မှန်းထားသည်။
အီးဗီနှင့် ဟိုက်ဘရစ် မော်ဒယ်အသစ် ၂၇ မျိုးအထိ ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။ ထို့အတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။
Mitsubishi Motors သည် ၂၀၃၀ မှစ၍ ဓာတ်ဆီ အင်ဂျင်ဖြင့်သာ မောင်းနှင်သောကားနှင့် ဒီဇယ်အင်ဂျင်ဖြင့်သာ မောင်းနှင်သောကား ဖွံ့ဖြိုးရေး ရပ်ဆိုင်းမည်။ ၂၀၃၅ မှစ၍ ရာနှုန်းပြည့် အီးဗီနှင့် ဟိုက်ဘရစ်များကိုသာ ထုတ်လုပ်မည်။ ထိုအခါ၌ HV , PHV (plug-in hybrid vehicle) နှင့် EV တို့ကိုသာ ထုတ်လုပ်တော့မည် ဖြစ်သည်။
Honda Motor သည် ၂၀၄၀ မှစ၍ မော်ဒယ်အသစ် အားလုံး လျှပ်စစ်မော်တာဖြင့် မောင်းနှင်သော ကားများ ဖြစ်ရန် ရည်မှန်းထားသည်။ ၂၀၃၀ ခုနစ်အထိ အီးဗီကဏ္ဍတွင် ယန်း ၅ ထရီလီယံ (ကန်ဒေါ်လာ ၃၃.၆၄ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်။ ကမ္ဘာ့ဈေးကွက်တွင် တနှစ်လျှင် အီးဗီ ၃ သန်းခွဲ ရောင်းချမည်ဟု ရည်မှန်းထားသည်။
ဥရောပမှ ကားထုတ်လုပ်သူများသည်လည်း အင်ဂျင်ဖြင့် မောင်းနှင်ခြင်းကို စွန့်ခွာပြီး မော်တာဖြင့် မောင်းနှင်ခြင်းသို့ ကူးပြောင်းရန် အစီအစဉ်များ ရေးဆွဲထားကြသည်။
ဂျာမန်ကားအမှတ်တံဆိပ် Audi သည် ၂၀၂၅ မှစ၍ ဓာတ်ဆီကား မော်ဒယ်အသစ် ထုတ်လုပ်မှု ရပ်ဆိုင်းမည်။ Volkswagen က ၂၀၂၈ တွင် ရပ်ဆိုင်းမည်။
ဆွီဒင်မှ ထရပ်ကား ထုတ်လုပ်သည့် Volvo Cars သည် ဒီဇယ်အင်ဂျင်ကားများ ထုတ်လုပ်မှုကို နောက်နှစ် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ရပ်ဆိုင်းတော့မည်။
ဥရောပတွင် ၂၀၃၅ ခုနှစ်မှစ၍ ဓာတ်ဆီကား ရောင်းချခြင်း ပိတ်ပင်မည်။
တရုတ်နိုင်ငံတွင် ၂၀၃၅ ခုနှစ်နောက်ပိုင်း ရောင်းချသမျှ ကားအသစ်အားလုံး စွမ်းအင်သစ် မော်တော်ယာဉ်များသာ ဖြစ်ရမည်။
Spurce nikkei asia
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL