Torque ဆိုသည်မှာ အရာဝတ္တုတစ်ခုကို လည်ထွက်သွားစေသည့်အားကို ဆိုလိုခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့်ပြောရမည်ဆိုလျှင် မူလီတစ်ခုကို ခွတစ်ချောင်းနှင့် လှည့်သည်ဆိုပါစို့။
ခွ၏ အစွန်းတစ်ဖက်မှ လက်ဖြင့်အားများများထည့်ပြီး လှည့်မည်ဆိုလျှင် မူလီလည်မည်ဖြစ်ပြီး သို့မဟုတ် ခွက ရှည်နေမည်ဆိုလျှင်လည်း လက်က အားသိပ်စိုက်စရာမလိုဘဲ လှည့်နိုင်မည်ဖြစ်ပါသည်။
ထိုခွ၏ အရှည်နှင့် လက်၏အား မြှောက်လဒ်က Torque အားသာဖြစ်ပါသည်။
ခွ၏ အလျားရှည်လေ Torque အား ကောင်းလေ၊ လက်၏ စိုက်အားပြင်းလေ Torque အားကောင်းလေ၊ သို့မဟုတ် ခွလည်းရှည်မည် လက်၏ စိုက်အားလည်း ပြင်းမည်ဆိုလျှင်လည်း Torqueအားလည်းကောင်းလေဖြစ်ပါမည်။
Engineering Terms များနှင့် ဖော်ပြရမည်ဆိုလျှင် ခွ၏ အရှည်က Movement Arm ဖြစ်ပြီး ခွ၏ အစွန်းတစ်ဖက်တွင် လက်နှင့် ဆွဲလှည့်ရသည့်အားကို Force ဟု သတ်မှတ်နိုင်ပါသည်။
ထို့ကြောင့် Torque ၏ ယူနစ်က အား (Force) နှင့် အလျား (Length) မြှောက်ထားသည့်အတါက် SI Unit မှာ Newton-meter(N-m) ဖြစ်ပြီး Imperial Unit တွင် Foot-pounds (ft-lbs သို့မဟုတ် lb-ft)အဖြစ် ဖော်ပြကြပါသည်။
ဥပမာ- မူလီတစ်ခုကို ခွ (Wrench) တစ်ချောင်းနှင့် 100 ft-lbs Torque အားသုံးပြီးလှည့်သည်ဆိုပါစို့။
ခွ၏ အရှည်က တစ်ပေတိတိရှိပြီး ခွ၏ တစ်ဖက်စွန်းမှ ပေါင်တစ်ရာ အတိရှိသော အလေးချိန်နှင့် ဆက်တိုက်ဖိလိုက်သည်ဟု သတ်မှတ်နိုင်ပါသည်။
ထိုအရာသည် Torque ကို နားလည်အောင် ဥပမာပေးထားခြင်းဖြစ်ပြီး Torque ကို မြန်မာလိုအဓိပ္ပါယ်ပြန်ပါက လိမ်ကျစ်အားဟု ပြန်နိုင်သော်လည်း Torque ကို Torque ဟုသာ ခေါ်ဝေါ်ခြင်းကပိုကောင်းပါသည်။
အင်ဂျင်ထဲတွင်ရှိသော Torque အားကို လေ့လာကြည့်မည်ဆိုလျှင် အထက်က တင်ပြခဲ့သည့်အတိုင်း ခွတစ်ဖက်စွန်းမှ အားက Piston မျက်နှာပြင်တွင် ဖြစ်ပေါ်သော Combustion Force ခေါ်ပေါက်ကွဲသားသာ ဖြစ်ပါသည်။
ခွ၏ အရှည် (Movement Arm) က Crankweb ဝင်ရိုးမှ Connecting Rod တပ်ဆင်ထားသာ Crankweb ၏ အလယ်ဗဟိုအထိ အကွာအဝေးကို ဆိုလိုပါသည်။
ထို Crankshaft ဝင်ရိုးနှင့် Crankweb အလယ်ဗဟိုအကွာအဝေးက (Movement Arm အရှည်က) Stroke Length နှင့် သက်ဆိုင်မှု ရှိပါသည်။
Stroke Length ရှည်လေ Movement Arm ရှည်လေဖြစ်ပြီး Movement Arm ရှည်လေ Crankshaft ကို အလွယ်တကူ ဆွဲလှည့်နိုင်လေဖြစ်ပါသည်။
ထို့အတွက် Piston မျက်နှာပြင်လည်းကျယ်မည်ဆိုလျှင် ပေါက်ကွဲအားပိုကောင်းမည်၊ Stroke Length လည်းရှည်မည်ဆိုလျှင် Movement Arm ပိုရှည်ပြီး Torque အားပိုကောင်းနိုင်ပါသည်။
Piston နှင့် Crankshaft အသုံးပြုထားသော အင်ဂျင်များကို အသုံးပြုပုံအပေါ်မူတည်ပြီး သုံးမျိုးခန့် ခွဲခြားနိုင်ပါသည်။
Square Engine၊ Over Square Engine နှင့် Under Square Engine ဟူ၍ သုံးမျိုးခွဲခြား၍ ရပါသည်။
Square Engine ဆိုသည်က Cylinder Bore အချင်းနှင့် Stroke Length တူညီသော အင်ဂျင်များ ဖြစ်ပါသည်။
Torque နှင့် HP ညီမျှသော အင်ဂျင်များဟုလည်း ပြောနိုင်သော်လည်း Bore နှင့် Stroke လုံးဝတူညီသော အင်ဂျင်များက အင်မတန်ကို ရှားပါးပါသည်။
Over Square Engine ဆိုသည်က Cylinder Bore အချင်းက Stroke Length ထက်ပိုရှည်သော အင်ဂျင်သာဖြစ်ပြီး Short Stroke Engine ဟုလည်းခေါ်ဆိုကြပါသည်။
Stroke Length အရမ်းတိုသည့်အတွက် Piston က လျင်မြန်စွာ သွားလာနိုင်ပြီး RPM မြင့်မားစွာလည်ပတ်နိုင်သဖြင့် အိမ်စီးကားများနှင့် အမြန်နှုန်းကိုဦးစားပေးသော Sport ကားများတွင် တွေ့ရပါသည်။
Under Square Engine များက Stroke Length က Cylinder Bore အချင်းထက် ပိုပြီး ရှည်ကြပါသည်။
Long Stroke Engine ဟုလည်း ခေါ်ဆိုကြပြီး Pick-up၊ Turck နှင့် ကုန်တင်ကားကြီးများတွင် အများဆုံး တွေ့မြင်ရပါသည်။
ဓာတ်ဆီရော ဒီဇယ်နှင့် ပါတွေ့ရသော်လည်း ဒီဇယ်အင်ဂျင်များက ပိုများပါသည်။
Torque ကို ဦးစားပေးပြီး Stroke Length ရှည်သည့်အတွက် RPM မြင့်မားစွာ မလည်ပတ်နိုင်ဘဲ RPM အနိမ့်လေးတွင်သာ တဖြည်းဖြည်းနှင့် လည်ပတ်ပြီး ဝန်ကို ကြိတ်ရုန်းသွားသည့်အင်ဂျင်များဖြစ်ပါသည်။
ထို့ကြောင့် အင်ဂျင်တစ်လုံးတွင် Displacement၊ Volume၊ Capacity လည်းများမည်၊ Stroke Length လည်း Bore အချင်းထက် ပိုရှည်မည်ဆိုလျှင် သေချာပေါက် ထိုအင်ဂျင်သည် Torque အားကောင်းပါသည်။