၂ ၀၂၃  နိုဝင်ဘာလ တရုတ်နိုင်ငံတွင် အရောင်းရဆုံးကား အမှတ်တံဆိပ်များနှင့် မော်ဒယ်များ


 ၂ ၀၂၃  နိုဝင်ဘာလ တရုတ်နိုင်ငံတွင် အရောင်းရဆုံးကား အမှတ်တံဆိပ်များနှင့် မော်ဒယ်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) မှ ထုတ်ပြန်သည့် အချက်အလက်များအရ  တရုတ်မော်တော်ယာဥ်ဈေးကွက်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကားသစ်အစီးရေ ၂ ဒသမ ၈ သန်း ရောင်းချခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလထက် ရောင်းချသည့်စီးရေ ၂.၃%  ပိုများသည်။ 

စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) များ တွင် ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် အစီးရေ ၅၅၂,၀၀၀ ၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် လျှပ်စစ်ကား အစီးရေ ၂၈၉,၀၀၀ ရောင်းချခဲ့သည်။ 
နိုဝင်ဘာလ ရောင်းအား စုစုပေါင်းတွင် ၄၀.၄ % သည် NEV များ ဖြစ်ပါသည်။ 

ယခုတင်ပြထားသည့်  ၂ ၀၂၃  နိုဝင်ဘာလ တရုတ်နိုင်ငံတွင် အရောင်းရဆုံးကား အမှတ်တံဆိပ်များနှင့် မော်ဒယ်များ အတွက် စာရင်းများသည် CPCA မှ ထုတ်ပြန်သည့် အချက်အလက်များအပေါ် အခြေခံထားသည်။ CPCA ၏ အချက်အလက်များတွင် တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့်ကားများ၏ လက်လီရောင်းအားကိုသာ စာရင်းသွင်းပါသည်။ ပြည်ပမှ တင်သွင်းပြီး ရောင်းချသည့်ကားများ စာရင်းတွင် မထည့်သွင်းပါ။ 
အရောင်းရဆုံးကား အမှတ်တံဆိပ်များ စာရင်းတွင် ပင်မ အမှတ်တံဆိပ်ကိုသာ ဖော်ပြထားပါသည်။ လက်အောက်ခံအမှတ်တံဆိပ် ကားများ၏ ရောင်းအား ရှိပါက ပင်မအမှတ်တံဆိပ်ရောင်းအားတွင် ပေါင်းထည့်ပေးထားပါသည်။ 

အရောင်းရဆုံး ကား အမှတ်တံဆိပ်များ
● ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် BYD သရဖူဆောင်းခဲ့ပြန်ပါသည်။
● Volkswagen သည် ဒုတိယနေရာကို ဆက်လက်ထိန်းသိမ်းထားပါသည်။
● Toyota က တတိယနေရာကို ရရှိပါသည်။ 

 

 

လျှပ်စစ်ကားစစ်စစ် အရောင်းရဆုံး အမှတ်တံဆိပ်များ

● လျှပ်စစ်ကားစစ်စစ်ကဏ္ဍတွင်လည်း  BYD က ဆက်လက်သရဖူဆောင်းခဲ့ပါသည်။ 
● Tesla က ဒုတိယနေရာကို ရရှိခဲ့ပါသည်။ 
● တတိယနေရာကို Wuling က ရရှိခဲ့ပါသည်။ 

 

အရောင်းရဆုံး မော်ဒယ်များ 
● ပထမနေရာကို Tesla Model Y က ဆက်လက်ထိန်းသိမ်းထားသည်။
● BYD Seagull က ဒုတိယနေရာကို ရရှိပါသည်။ 
● တတိယနေရာတွင် Nissan Sylphy ရှိနေပါသည်။ 

 

Source: Dongchedi;Yiche

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2792 times