တရုတ်ပြည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အရောင်းရဆုံး ကားအမှတ်တံဆိပ်၊ မော်ဒယ်၊ အီးဗီကားအမှတ်တံဆိပ် ထိပ်တန်း (


တရုတ်ပြည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အရောင်းရဆုံး ကားအမှတ်တံဆိပ်၊ မော်ဒယ်၊ အီးဗီကားအမှတ်တံဆိပ် ထိပ်တန်း (၁၀)

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကားအသစ်ရောင်းအား စုစုပေါင်း အစီးရေ ၂.၀၃ သန်း ရှိခဲ့သည်။

 

ဘက်ထရီသုံး လျှပ်စစ်ကားများ  နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်လျှပ်စစ်ကားများ အကျုံးဝင်သည့် စွမ်းအင်သစ်သုံး ကား New Energy Vehicle (NEV) ကဏ္ဍတွင် ရောင်းအား ဆက်လက်ကြီးထွားသည်။ 

ဘက်ထရီသုံး လျှပ်စစ်ကားများ အစီးရေ ၃၉၆,၀၀၀ နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်လျှပ်စစ်ကားများ အစီးရေ ၂၉၁,၀၀၀ ရောင်းချခဲ့သည်။ 

NEV ကဏ္ဍတွင် BYD ဆက်လက် ကြီးစိုးထားသည်။  

ဘက်ထရီသုံး လျှပ်စစ်ကားများ  နှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်လျှပ်စစ်ကားများ  နှစ်မျိုးစလုံးတွင် BYD ကြီးစိုးထားနိုင်ဆဲ ဖြစ်သည်။

ဘက်ထရီသုံး လျှပ်စစ်ကားများကဏ္ဍတွင် ဈေးကွက်ဝေစု ၂၆% ရရှိခဲ့သည်။

ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်လျှပ်စစ်ကားများ ကဏ္ဍတွင် ဈေးကွက်ဝေစု ၃၄% ရရှိခဲ့သည်။

 

[CPCA စာရင်းသည် တရုတ်ပြည်တွင် ထုတ်လုပ်သည့် အိမ်စီးကားများကိုသာ ဖော်ပြပါသည်။ ပြည်ပမှ တင်သွင်းသည့် အိမ်စီးကားများ မပါဝင်ပါ။ ထို့ပြင် လုပ်ငန်းသုံးကားများ မပါဝင်ပါ။]

 

အရောင်းရဆုံး ကားအမှတ်တံဆိပ်

Volkswagen သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ၂၀၉,၇၄၆ စီး ရောင်းချပြီး ပထမနေရာမှ ဦးဆောင်ခဲ့သည်။

၁၁ လဆက်တိုက် ပထမနေရာ ရရှိခဲ့သည့် BYD ထံမှ သရဖူကို VW ရယူခဲ့သည်။

ဒုတိယနေရာသို့ ရောက်ရှိသွားသော BYD သည် ၂၉၁,၁၂၂ စီး ရောင်းချခဲ့သည်။ 

တိုယိုတာသည် ၁၄၁,၆၈၉ စီး ရောင်းချပြီး တတိယနေရာမှာ ဆက်ရှိနေသည်။

 

 

အရောင်းရဆုံး ကားမော်ဒယ် ထိပ်တန်း(၁၀)

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ပြည်မှာ အရောင်းရဆုံး ကားမော်ဒယ်မှာ  Changan မှ ထုတ်လုပ်သည့် CS75Plus ဖြစ်ပါသည်။ ၄၀,၄၉၆ စီး ရောင်းချခဲ့သည်။ 

Volkswagen မှ ထုတ်လုပ်သည့် Lavida သည် ဒုတိယ အရောင်းရဆုံး ကားမော်ဒယ် ဖြစ်ခဲ့ပြီး ၃၂,၄၁၉ စီး ရောင်းချခဲ့ပါသည်။ 

တတိယအရောင်းရဆုံး ကားမော်ဒယ်  BYD  Song Plus သည် ၃၂,၂၆၇ စီး ရောင်းချခဲ့ပါသည်။ 

 

လျှပ်စစ်ကားစစ်စစ် ထိပ်တန်း(၁၀)

လျှပ်စစ်ကားစစ်စစ်  ရောင်းအားတွင်  BYD က အပြတ်အသတ် အသာရပြီး ပထမနေရာမှာ ဆက်လက် နေရာယူသည်။  တက်စလာက ဒုတိယ နေရာ ရရရှိခဲ့သည်။ 

 

Source: Dongchedi; Yiche, carnewschina


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 706 times