၂၀၂၃ အောက်တိုဘာ တရုတ်ပြည်မှာ အရောင်းရဆုံး ကားအမှတ်တံဆိပ်များနှင့် ကားမော်ဒယ်များ


၂၀၂၃ အောက်တိုဘာ တရုတ်ပြည်မှာ အရောင်းရဆုံး ကားအမှတ်တံဆိပ်များနှင့် ကားမော်ဒယ်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တရုတ်မော်တော်ယာဥ်ဈေးကွက်တွင် ကားအသစ် စုစုပေါင်း ၂.၀၃၃ သန်း ကနဦး မှတ်ပုံတင်ခဲ့ကြောင်း တရုတ်အိမ်စီးကားအသင်း China Passenger Car Association (CPCA) က အချက်အလက်ထုတ်ပြန်သည်။
စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) များတွင် ဘက်ထရီသုံး အီးဗီ အစီးရေ ၁၉၅,၀၀၀ ၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အစီးရေ  ၂၇၂,၀၀၀ ရောင်းချခဲ့သည်။ 
ရောင်းချခဲ့သည့် ကားအသစ် စုစုပေါင်းတွင် ၃၇.၇% သည် NEV များ ဖြစ်ပါသည်။

အရောင်းရဆုံး အမှတ်တံဆိပ်များ

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကားအသစ် အများဆုံးရောင်းချခဲ့သည့် အမှတ်တံဆိပ်မှာ BYD ဖြစ်ပြီး ၂၄၆,၃၈၉ စီး ရောင်းချကာ ဈေးကွက်ဝေစု ၁၂.၁၂% ရရှိသည်။

 Volkswagen သည် ဒုတိယအများဆုံး ရောင်းချခဲ့သော အမှတ်တံဆိပ်ဖြစ်ပြီး ၂၉၈,၂၁၀ စီး ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၉.၇၅% ရရှိသည်။


Toyota  က တတိယနေရာ ရရှိသည်။ ၁၅၁,၀၀၃ စီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၇.၄၃% ရရှိသည်။

Honda က စတုတ္ထနေရာ ရရှိခဲ့ပြီး ၁၃၀,၂၂၁ စီး ရောင်းချခဲ့သည်။ ဈေးကွက်ဝေစု ၆.၄၁% ရရှိသည်။

ပဉ္စမနေရာကို Geely ရရှိခဲ့သည်။ ၉၂,၇၇၀ စ‌ီး ရောင်းချခဲ့ပြီး ဈေးကွက်ဝေစု ၄.၅၆% ရရှိသည်။

 
အရောင်းရဆုံး မော်ဒယ်များ

အရောင်းရဆုံး မော်ဒယ်များ စာရင်းတွင် ပထမ၊ ဒုတိယနှင့် တတိယ နေရာများတွင် BYD ၏ ကားမော်ဒယ်များ နေရာယူထားသည်။ 
BYD Qin Plus က ပထမ၊ BYD Seagull က ဒုတိယနှင့် BYD Song Plus က တတိယ အသီးသီး နေရာယူထားပါသည်။


 

Source: Dongchedi;Yiche
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1777 times