တောင်အာဖရိကနိုင်ငံ ဇန်နဝါရီ တင်ပို့မှုအများဆုံး ထိပ်တန်းအမှတ်တံဆိပ် ၅ ခု
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်အာဖရိကနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း National Association of Automobile Manufacturers of South Africa -NAAMSA မှ လစဉ်စာရင်း ထုတ်ပြန်ခဲ့ရာ 2023 ခုနှစ် ဇန်နဝါရီလတွင် မော်တော်ယာဉ်အများဆုံးတင်ပို့သည့် ထိပ်တန်းအမှတ်တံဆိပ် ၅ ခုစာရင်းကို သိကြရသည်။
မော်တော်ယာဉ်တင်ပို့မှုမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အားနည်းခဲ့သော်လည်း ပို့ကုန်အရှိန်နှုန်းမှာ မြင့်တက်နေဆဲဖြစ်သည်။
စီးပွားရေးကျဆင်းမှု၏ သက်ရောက်မှုအပြင် လက်ရှိဖြစ်ပေါ်နေသော ပထဝီနိုင်ငံရေးဆိုင်ရာ ပဋိပက္ခစစ်မီးအန္တရာယ်များ ရှိနေသော်လည်း ဥရောပစီးပွားရေးသည် ကာလတိုအတွင်း စီပွားဆုတ်ယုတ်ကျဆင်းမှုကို ရှောင်ရှားနိုင်မည့် အရိပ်လက္ခဏာများ ရှိနေခြင်း၊ တရုတ်ပြည် ပြန်လညမဖွင့်လှစ်ခြင်းတို့သည် ယေဘုယျအားဖြင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်ဖွယ် ရှိနေပါသည်။
တောင်အာဖရိကနိုင်ငံ မော်တော်ယာဉ် တင်ပို့မှုသည် တိုးတက်မှု အလားအလာများ ရှိနေပါသည်။ အဓိက တင်ပို့သူများ၏ နောက်ထပ် မော်ဒယ်အသစ် ထုတ်လုပ်မှုများသည် မော်တော်ယာဉ် တင်ပို့မှုကို မြှင့်တင်ပေးမည် ဖြစ်ပါသည်။
ဇန်နဝါရီလ ၂၀၂၃ တွင် တင်ပို့ရောင်းချသည့် စီးရေမှာ ၂၀,၅၃၆ ဖြစ်ပါသည်။
၂၀၂၂ ဇန်နဝါရီလတွင် ၂၀,၉၀၃ စီး တင်ပို့ရောင်းချခဲ့သဖြင့် ဇန်နဝါရီလ ၂၀၂၃ ပမာဏသည် ၃၆၇ စီးလျော့နည်းပါသည်။
ဇန်နဝါရီလ ၂၀၂၃ တွင် စီးရေအများဆုံးတင်ပို့ခဲ့သည့် ထိပ်တန်း(၅) brand နှင့် တင်ပို့စီးရေ စာရင်းကို ဖော်ပြအပ်ပါသည်။
Toyota: 7,352
Volkswagen Group: 5315
BMW: 4,700
Ford Motor Company: 1,682
Mercedes-Benz: 773
တိုယိုတာသည် ထိပ်တန်း(၅) brand စာရင်းတွင် ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ဒုတိယ ၃ လပတ်တွင် အရွယ်အစား ငယ်သည့် Vitz ကို စတင်ထုတ်လုပ်မည်။ Toyota Ayga ကို အစားထိုးမည်။ ထို့ပြင် ကိုယ်ထည်ဒီဇိုင်း ပြန်ပြင်ထားသည့် Toyota Fortuner နှင့် စောင့်ရသည်မှာ ကြာပြီဖြစ်သော Toyota Crown တို့ကို ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။
Toyota သည် ပြည်ပတင်ပို့သည့် ထိပ်တန်း(၅) brand စာရင်းတွင် ထိပ်ဆုံးမှာ ရောက်ရှိနေသည့်အပြင် တောင်အာဖရိကနိုင်ငံ ပြည်တွင်းဈေးကွက် အရောင်းရဆုံး ကားမော်ဒယ် ထိပ်တန်း(၅) စာရင်းတွင်လည်း ထိပ်ဆုံးမှာ နေရာယူထားသည်။ ထို့အပြင် ထိပ်တန်း(၅) စာရင်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ထိပ်ပိုင်း ၃ နေရာကို Toyota ကားမော်ဒယ်များက နေရာယူထားကြသည်။
၂၀၂၃ ဇန်နဝါရီလ တောင်အာဖရိကနိုင်ငံ ပြည်တွင်းဈေးကွက် အရောင်းရဆုံး ကားမော်ဒယ် ထိပ်တန်း(၅) ကားမော်ဒယ်နှင့် ရောင်းချစီးရေ စာရင်းကို ဖော်ပြအပ်ပါသည်။
Toyota Hilux – 2 769
Toyota Corolla Cross – 2 042
Toyota Starlet – 2 037
Suzuki Swift – 1 499
Isuzu D-Max 1 273
Source:carmag.
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U