ယနေ့ခေတ်အခါတွင် ကားများ များပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှုများလည်း တိုးပွားလာပါသည်။
ထို့ကြောင့် ယာဉ်မောင်းသူသာမက လမ်းသွားသူများကပါ သတိထား၍ ဆင်ခြင်နိုင်ရန် လိုက်နာသင့်သည့် အချက်လေးများကို တင်ပြပေးလိုက်ပါသည်။
ထိုအချက်များကို သိရှိထားပြီးသူများ ရှိသကဲ့ မသိရှိသူများလည်းရှိသောကြောင့် စာဖတ်ပရိတ်သတ်များ ဗဟုသုတရစေရန် စေတနာဖြင့် တင်ပြပေးလိုက်ပါသည်။
ယခုတင်ပြမည့်စာကို ကျောင်းနေရွယ်ကျောင်းသားများနှင့် ကလေးမိဘများ အချိန်အနည်းငယ်ပေး၍ ဖတ်စေချင်ပါသည်။
၁။ ကျောင်းသားများအနေဖြင့် မိမိကျောင်းသို့သွားသည့်အခါ တစ်ဦးတစ်ယောက်တည်းသွားခြင်းကို ရှောင်ကျဉ်၍ ကျောင်းသားအဖော်များနှင့်သွားသင့်ပါသည်။
အရွယ်မရောက်သေးသော ငယ်ရွယ်သော ကျောင်းသားမျာသည် အရွယ်ရောက်ပြီးသူ တစ်ယောက်မှ လိုက်ပို့သင့်ပါသည်။
ကားလမ်းဘေးတွင် တည်ရှိသော ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားများကို မိဘ သို့မဟုတ် အရွယ်ရောက်သူတစ်ယောက်မှ ကျောင်းလိုက်ပို့သင့်ပါသည်။
လမ်းလျောက်ရာတွင် ပလက်ဖောင်းပေါ်မှာသွား၍ ခလေးကို ကားလမ်းမဟုတ်သည့်ဘက်မှ လက်ဆွဲသွားရန် လိုအပ်ပါသည်။
၂။ လမ်းကူးရာတွင် လူကူးမျဉ်းကြားမှ ကူးရမည်ဖြစ်ပြီး လမ်းဆုံတွင် ကူးရာတွင် လူကူးမီးပွိုင့်ကို ကြည့်၍ ကူးရမည်ဖြစ်ပါသည်။
လမ်းကူးရာတွင် ကားရှင်းသည့်နေရာကိုရှာ၍ ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ ကြည့်၍ ကားလမ်းရှင်းပါက ကူးနိုင်ပါသည်။
၃။ လမ်းဖြတ်ကူးရာတွင် လမ်းကိုသာ အာရုံစိုက်ထားပါ။ ဥပမာအားဖြင့် လမ်းဖြတ်ကူးနေစဉ်တွင် ဖုန်းပြောနေခြင်း၊ သီချင်းနားထောင်နေခြင်း၊ နှင့် မိတ်ဆွေများနှင့် Live လွှင့်ခြင်း၊ chatting
ထိုင်ခြင်းများကဲ့သို့သော အာရုံစိုက်စရာများကို ခေတ္တရပ်နား၍ လမ်းကိုသာ အာရုံစိုက်ပြီး ကူးသင့်ပါသည်။
၄။ ကားလမ်းကူးရာတွင် ကားမောင်းသူမှ မမြင်နိုင်သည့် မျက်ကွယ်မှ အလျှင်အမြန်ကူးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။
ကားလမ်းကူးရာတွင် ကားများ သွားနေစဉ်အတင်းတိုးဝှေ့ ကူးခြင်းမပြုဘဲ ခေတ္တစောင့်ဆိုင်း၍ ဘေးကင်းလုံခြုံမှသာ ကူးသင့်ပါသည်။
၆။ ညဘက် လမ်းသွားလာရာတွင် အင်္ကျီႌအရောင်မှိုင်းများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
အရောင်တောက်သော အဝတ်များနှင့် မီးအလင်းပြန်နိုင်သော အဝတ်များဝတ်ဆင်မှသာ ကားမောင်းသူများ သတိပြုမိမည်ဖြစ်ပြီး စက်ဘီး၊ ဆိုင်ကယ်၊ scooter စီးနင်းရာတွင်လည်း
ထိုစီးနင်းမည့်ပစ္စည်းတွင် ရောင်ပြန်စတေကာများ ကပ်ထားသင့်ပါသည်။
၇။ စက်ဘီးစီးနင်းရာတွင်ဖြစ်စေ၊ ဆိုင်ကယ်စီးနင်းရာတွင်ဖြစ်စေ၊ scooter စီးနင်းရာတွင်ဖြစ်စေ၊ ဦးထုပ်ဝတ်ဆင်ထားသင့်ပါသည်။
ထိုမှသာ ပြုတ်ကျပါက ခေါင်းကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
၈။ စက်ဘီးဆိုင်ကယ် စီးနင်းရာတွင် ဦးထုပ်ဆောင်းရာတွင်လည်း အရောင်ပြန်နိုင်သော ဦးထုပ်မျိုးကို ရွေချယ်သင့်ပါသည်။
ထိုမှသာ မှောင်သောနေရာအချိန်တွင် ကားမောင်းသူများဘက်မှ သတိပြုမိပြီး အရှိန်လျော့မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
၉။ ကားမောင်းနှင်သူများအနေဖြင့် ကားမောင်းနှင်ရာတွင် ခါးပတ်ပတ်ရန်လိုအပ်သကဲ့သို့ လိုက်ပါစီးနင်းသူများလည်း ခါးပတ်ပတ်ရန်လိုအပ်ပါသည်။
ထိုမှသာ အန္တရာယ်ဖြစ်ပေါ်လာချိန်တွင် အသက်အန္တရာယ်ထိခိုက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။
၁၀။ ကလေးအငယ်လေးများအတွက် ခါးပတ်ပတ်ရန် အဆင်မပြေမှုများကို ဖြေရှင်းပေးနေသည့် ကားထိုင်ခုံများ ရရှိနေပြီ ဖြစ်သဖြင့် ကလေးငယ်ရှိသည့်မိဘများအနေဖြင့် ထိုထိုင်ခုံကို
ဆောင်ထားသင့်ပါသည်။