တရုတ်ဈေးကွက်  ဖေဖော်ဝါရီ အရောင်းရဆုံး အိမ်စီးကားအမှတ်တံဆိပ်  ထိပ်တန်း(၁၀) 


တရုတ်ဈေးကွက်  ဖေဖော်ဝါရီ အရောင်းရဆုံး အိမ်စီးကားအမှတ်တံဆိပ်  ထိပ်တန်း(၁၀) 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အိမ်စီးကားအစီးရေ ၁ ဒသမ ၃၉ သန်းကို လက်လီရောင်းချခဲ့ပါသည်။ 
ယမန်နှစ် ဖေဖော်ဝါရီလထက် ၁၀.၄% ပိုများပါသည်။
ယခုနှစ် ဇန်နဝါရီလထက် ၇.၅% ပိုများပါသည်။

အမျိုးအစားအရ ကြည့်လျှင်
ဆီဒင် အစီးရေ ၆၅၆,၀၀၀
SUV အစီးရေ ၆၅၁,၀၀၀
MPV အစီးရေ ၈၂,၀၀၀
ကနဦး မှတ်ပုံတင်ခဲ့ပါသည်။

၂၀၂၃ ဖေဖော်ဝါရီလတွင် အိမ်စီးကား ၁.၆၆၄ သန်း ထုတ်လုပ်ခဲ့ပါသည်။ 
အမျိုးအစားအရ ကြည့်လျှင်
ဆီဒင် အစီးရေ ၇၆၁,၀၀၀
SUV အစီးရေ ၈၃၆,၀၀၀
MPV အစီးရေ ၆၇,၀၀၀
ထုတ်လုပ်ခဲ့ပါသည်။

     Advertisement

Click Here > Meditech
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည်တွင်း ကားအသစ်ဈေးကွက် ထိပ်တန်း(၁၀) လက်လီအရောင်း ကား brand များ



Top 1: BYD
BYD ၏ အိမ်စီးကား လက်လီရောင်းချမှုသည် အစီးရေ ၁၇၇,၀၀၀ ရှိပြီး ထိပ်တန်း(၁၀) လက်လီအရောင်း ကား brand များစာရင်းတွင် ပထမနေရာကို ရရှိခဲ့ပါသည်။
ဈေးကွက်ဝေစုမှာ ၁၂.၇% ဖြစ်ပါသည်။

BYD သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကားအစီးရေ ၁၅,၀၀၂ ပြည်ပသို့ တင်ပို့ခဲ့သည်။

 

 

Top 2: FAW-Volkswagen
ဒုတိယနေရာကို FAW-Volkswagen ရရှိခဲ့သည်။ အစီးရေ ၁၁၁,၀၀၀ ရောင်းချခဲ့ပါသည်။
ဈေးကွက်ဝေစုမှာ ၈% ဖြစ်ပါသည်။

 

Top 3: Changan, 
တတိယနေရာ ရရှိခဲ့သည့် Changan သည် အစီးရေ ၉၃,၀၀၀ ရောင်းချခဲ့ပါသည်။
ဈေးကွက်ဝေစုမှာ ၆.၇% ဖြစ်ပါသည်။

 

 


Top 4: Geely
စတုတ္ထနေရာတွင် Geely ရှိနေပြီး အစီးရေ ၉၁,၀၀၀ ရောင်းချခဲ့သည်။
ဈေးကွက်ဝေစုမှာ ၆.၆% ဖြစ်ပါသည်။

 

 

Top 5: SAIC-Volkswagen
ပဉ္စမနေရာမှ SAIC-Volkswagen သည် အစီးရေ ၇၄,၀၀၀ ရောင်းချခဲ့သည်။ 
ဈေးကွက်ဝေစုမှာ ၅.၃% ဖြစ်ပါသည်။


Top 6: GAC-Toyota

ဂျပန်-တရုတ် ဖက်စပ်လုပ်ငန်းများထဲတွင် GAC-Toyota သည် ရောင်းအားအများဆုံး ဖြစ်ခဲ့ပြီး အစီးရေ ၆၇,၀၀၀ ရောင်းချခဲ့သည်။
ထိပ်တန်း(၁၀) လက်လီအရောင်း ကား brand များစာရင်းတွင် ဆဋ္ဌမနေရာ ရရှိခဲ့ပါသည်။
ဈေးကွက်ဝေစုမှာ ၄.၈% ဖြစ်ပါသည်။

 

 

Top 7: SAIC-GM-Wuling

SAIC-GM-Wuling ရောင်းအား ကျဆင်းလျက်ရှိရာ အစီးရေ ၅၇,၀၀၀ ရောင်းချခဲ့သည်။ သတ္တမနေရာ ရရှိသည်။ 
ဈေးကွက်ဝေစုမှာ ၄.၁% ဖြစ်ပါသည်။

 

 


Top 8: Dongfeng-Nissan
အဌမနေရာ ရရှိခဲ့သည့် Dongfeng-Nissan သည် အစီးရေ ၅၇,၀၀၀ ရောင်းချခဲ့သည်။
ဂျပန်-တရုတ် ဖက်စပ်လုပ်ငန်းများထဲတွင်  ရောင်းအား ဒုတိယအများဆုံး ဖြစ်ပါသည်။
ဈေးကွက်ဝေစုမှာ ၄.၁% ဖြစ်ပါသည်။


Top 9: SAIC-GM

SAIC-GM သည်လည်း ရောင်းအားကျဆင်းခဲ့သည်။ အစီးရေ ၅၃,၀၀၀ ရောင်းချခဲ့ပြီး နဝမနေရာကို ရရှိသည်။
ဈေးကွက်ဝေစုမှာ ၃.၈% ဖြစ်ပါသည်။

 


Top 10: FAW-Toyota
ဒသမအဆင့်ကို ရရှိသည့် ဂျပန်-တရုတ် ဖက်စပ်လုပ်ငန်း FAW Toyota သည် အစီးရေ ၅၀,၀၀၀ ရောင်းချခဲ့သည်။ 
ဈေးကွက်ဝေစု ၃.၆% ရရှိခဲ့သည်။ 
Source: CPCA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 567 times