ကမ္ဘာ့ ထိပ်တန်း (၁၀) အီးဗီဘက်ထရီ ကုမ္ပဏီများ


ကမ္ဘာ့ ထိပ်တန်း (၁၀) အီးဗီဘက်ထရီ ကုမ္ပဏီများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘာ့ အီးဗီဘက်ထရီ လိုအပ်ချက်သည် ကြီးထွားနေသည်။ ၂၀၂၁ တွင် 330 GWh မှ ၂၀၂၂ တွင် 550 GWh သို့ မြင့်တက်ခဲ့သည်။


Contemporary Amperex Technology Co., Limited (CATL) သည် ကမ္ဘာ့ ထိပ်တန်း (၁၀) အီးဗီဘက်ထရီ ကုမ္ပဏီများစာရင်းတွင် ထိပ်ဆုံးမှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေသည်။ သို့သော် ကမ္ဘာ့ဈေးကွက်တွင် ဝေစု ၃၁% မှ ၂၉% သို့ လျော့ကျခဲ့သည်။ ယခုအခါ Qilin ဘက်ထရီထုပ်နှင့် Shenxing ဘက်ထရီထုပ်တို့ စတင်ထုတ်လုပ်ခဲ့ရာ ဈေးကွက်ဝေစု ပြန်မြင့်တက်မည်ဟု မျှော်လင့်သည်။

LG သည် ဒုတိယနေရာကို ဆက်ထိန်းထားသော်လည်း BYD က LG ကို မီလာနိုင်သည့် အလားအလာကောင်းများ ရှိနေသည်။ 
BYD သည် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူ ဖြစ်သဖြင့် BYD ကားများ ရောင်းအားတက်သည်နှင့်အမျှ BYD ၏ Blade ဘက်ထရီထုပ်များ ဈေးကွက်ဝေစု ပိုရလာမည် ဖြစ်သည်။ ၂၀၁၄ တွင် LG ၏ ဒုတိယနေရာကို ရယူမှာ သေချာနေသည်။

Panasonic သည် တချိန်တခါက အီးဗီဘက်ထရီတွင် ဦးဆောင်သူ ဖြစ်ခဲ့သည်။ တရုတ်ဘက်ထရီ ကုမ္ပဏီများက ဈေးကွက်ဝေစုများ သိမ်းပိုက်ခဲ့ရာ ဂျပန် ဘက်ထရီကုမ္ပဏီ Panasonic သည် စတုတ္ထ နေရာသို့ ရောက်ရှိသွားသည်။ ဈေးကွက်ဝေစု ၁၀% သာ ကျန်ရှိသည်။ အဓိက ဝယ်လက် Tesla ကိုသာ တည်မှီထားသည်။ များများစားစား ဝယ်ယူသည့် အခြားအီးဗီကုမ္ပဏီ မရှိချေ။ 
Tesla က Panasonic အပြင် BYD အပါအဝင် အခြား ဘက်ထရီကုမ္ပဏီများထံမှလည်း ဘက်ထရီထုပ်များ ရယူသည်။

နံပါတ် ၅ နှင့် ၆ တို့ကို ကိုရီးယား ဘက်ထရီကုမ္ပဏီများ ရယူထားသည်။ ပဉ္စမနေရာတွင် SK On နှင့် ဆဌမနေရာတွင်  Samsung ရောက်ရှိနေသည်။

သတ္တမနေရာတွင် တရုတ်ကုမ္ပဏီ CALB ရှိနေသည်။ China Aviation Lithium Battery Co., Ltd - CALB သည် နိုင်ငံပိုင် လုပ်ငန်းဖြစ်ပြီး တဖြည်းဖြည်း ကြီးထွားလာနေသည်။
အဌမနေရာမှ Farasis Energy Gan Zhou Co Ltd သည် GAC နှင့် Mercedes တို့ထံ ဘက်ထရီထုပ် ပေးသွင်းသည်။
နဝမနေရာမှ ဂျပန်ကုမ္ပဏီ EnvisionAutomotive Energy Supply Corporation -Envision AESC သည် Nissan ထံ ဘက်ထရီထုပ် ပေးသွင်းသည်။ ထို့ပြင် အမေရိကန်တွင် Mercedes ထံ ဘက်ထရီထုပ် ပေးသွင်းသည်။
နံပါတ်(၁၀) ဒသမနေရာမှ Sunwoda သည် အီးဗီလုပ်ငန်းသစ် Leap Motor ထံ ဘက်ထရီထုပ် ပေးသွင်းသည်။

 Source cleantechnica 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 745 times