စနစ်တကျ အင်ဂျင်ဝိုင်လဲကြမည်


ကားကို ပြုပြင်ရာတွင် မည်သို့ပင်လွယ်ကူစေကာမူ စနစ်တကျဖြင့်လုပ်ဆောင်ပါက နောက်ပိုင်း အဆက်ဆက်တွင် ကောင်းမွန်သော အကျိုးရလဒ်ကို ရရှိမည်ဖြစ်ပါသည်။

အင်ဂျင်ဝိုင်လဲလှယ်သည့်အခါ စနစ်တကျလုပ်ဆောင်ရမည့် အဆင့်ဆင့်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

၁။ ဆီဖောက်လဲရန်အတွက် လိုအပ်သော အရာများ အားလုံးကို သင့်ဘေးတွင် ရှိနေအောင် အသင့်ပြုလုပ်ထားသင့်သည်။

၂။ အသစ်တပ်ဆင်မည့် ဆီစစ်ထဲသို့ အင်ဂျင်ဝိုင် အသစ်ကို လောင်းဖြည့်ပါ။ အတွင်းမှ ဆီစစ်စက္ကူဆီဝအောင် စုပ်ရန် ထားထားလိုက်ပါ။

၃။ စက်နှိုးပါ။ ၅ မိနစ် ဝန်းကျင် နှိုးထားပြီးမှ စက်သတ်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် ဆီနွှေးခြင်းဖြစ်ပါသည်။ ထိုသို့နွေးနေမှ ဆီအစီးသွက်ပါသည်။

၄။ ၁၀ မိနစ်စောင့်ပါ။ ဆီနွှေးစဉ် ဆီများ အပေါ်တက်သွားပါသည်။ အောက်ပြန်ရောက်အောင် စောင့်ခိုင်းခြင်းဖြစ်ပါသည်။

၅။ ဆီတိုင်းတံကို နှုတ်ယူထားပါ။ လေလုံနေလျှင် လေဟာနယ်ဖြစ်ပြီး ဆီအဆင်းနှေးစေပါသည်။ ဆီဖြည့်သည့် အဖုံးကိုလည်း ဖွင့်ထားလိုက်ပါ။ အဝတ်စသန့်သန့်ကို ဖွဖွလေးလုံးပြီး အပေါက်ကို ပိတ်ဆို့ထားလိုက်ပါ။

၆။ ဆီဖောက်ထုတ်သည့် အပေါက်အောက်တွင် ဆီခံမည့် ဇလားကို နေရာချပါ။ ပုံးဖြင့် ခံလိုလျှင် အဝကျယ်ကျယ်ဖြင့် တစ်ဆင့်ခံပြီးသုံးနိုင်သည်။ တစ်ခါတည်း ပုံးထဲထည့်သိမ်းပြီးသား ဖြစ်စေသည်။

၇။ ဆီဖောက်ထုတ်သည့်အပေါက်ကို လက်ချောင်းဖြင့် လှည့်သာသည်အထိ ခွဖြင့်လှည့်၍ ချောင်လိုက်ပါ။ ထို့နောက်လက်ချောင်းများဖြင့် ဖြည်းဖြည်းလှည့်၍ ဖွင့်ပြီး အဆို့ဘိုးကို ဖယ်ရှားလိုက်ပါ။

၈။ ဆီမည်းမည်းများ စီးကျလာမည်။ ကုန်စပြုလာသောအခါ အားလုံးကုန်သည်အထိ ဆက်လက်စောင့်ပါ။

၉။ အဆို့ဘိုးပလပ်မှ ဝါရှာအခြေအနေကို စစ်ဆေးပါ။ စိတ်မချလျှင် အသစ်လဲပါ။ လက်ဖြင့် လှည့်ပြီး ဖြုတ်ပါ။ တပ်ဆင်သည့်နေရာတစ်ဝိုက်ရှိ ဆီဟောင်းများကို အဝတ်စုတ်ဖြင့် သုတ်သင်ပါ။

၁၀။ ဆီဖြည့်ထားသော ဆီစစ်အသစ်ထဲမှ ဆီများကို အင်ဂျင်၏ ဆီဖြည့်ပေါက်ထဲသို့ လောင်းထည့်ပါ။ ထို့နောက် ဆီစစ်အသစ်ကို တပ်ဆင်ပါ။

၁၁။ ဆီဖြည့်ထားသော ဆီစစ်အသစ်ထဲမှ ဆီများကို အင်ဂျင်၏ ဆီဖြည့်ပေါက်ထဲသို့ လောင်းထည့်ပါ။ ထိုနောက် ဆီစစ်အသစ်ကို တပ်ဆင်ပါ။

၁၂။ ဆီခံထားသော ဇလားကို ဖယ်ရှားပါ။ အဆို့ဘိုးတစ်ဝိုက် ပေကျံနေသော ဆီများကို အဝတ်စုတ်ဖြင့် သုတ်သင်ပါ။

၁၃။ ဆီတိုင်းတံကို နေရာတကျပြန်ထည့်ပါ။

၁၄။ ဆီထည့်ပေါက်မှ ဆီလောင်းထည့်ပါ။ အဖုံးပြန်ဖုံးပါ။

၁၅။ ၁၀မိနစ်အကြာတွင် ဆီတိုင်းကြည့်ပါ။ လိုနေသေးလျှင် ထပ်ဖြည့်ပါ။ ပိုနေလျှင် ပြန်ဖောက်ချပါ။

၁၆။ စက်ကို နှိုးလိုက်ပြီး ဒတ်ရှ်ဘုတ်မှ ဆီကရားသင်္ကေတ မီးလင်းနေရာမှ မှိတ်သွားလျှင် စက်သတ်ပါ။ ခဏစောင့်ပြီးမှ စက်ပြန်နှိုးပါ။ ၅ မိနစ်ခန့်ဆက်တိုက်နှိုးထားပါ။ စက်ပြန်သတ်ပြီးလျှင် ဆီလဲခြင်းကိစ္စ ပြီးဆုံးပါပြီ။

 

Read 10206 times