ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သိစေရန် အမြန်နှုန်း သတ်မှတ်ထုတ်ပြန်


၁။ ယနေ့ (၅-၁၀-၂၀၂၀)ရက်နေ့ ယခုအချိန်မှ စတင်၍ (၃၀-၁၁-၂၀၂၀)ရက်နေ့အထိ COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေ၍ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါသည်။

 

၂။ အောက်ပါ သတ်မှတ်ထားသော အမြန်နှုန်းများထက် ပို၍ မောင်းနှင်ခွင့် မပြုပါ -

(က) ကိုယ်ပိုင်ယာဉ်ငယ်များ - 100 km/h

(ခ) ခရီးသည်တင် Bus ကားများ - 80 km/h

(ဂ) Light Truck ယာဉ်များ - 60 km/h

(ဃ) ကုန်တင်ယာဉ်များအားလုံး - 60 km/h

 

၃။ လိုက်နာရန် စည်းကမ်းချက်များ

(က) ကုန်တင်ယာဉ်များအားလုံးသည် လက်ယာဘက် ယာဉ်ကြောမှသာ မောင်းနှင်ရပါမည်။

(ခ) သတ်မှတ်အမြန်နှုန်းထက် ပို၍ မောင်းနှင်ခွင့် မပြုပါ။

(ဂ) Rest Camp များတွင်သာ ရပ်နားရပါမည်။ လမ်းဘေးတွင် ကြုံသလို ရပ်နား၍ ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်း ခွင့်မပြုပါ။ အကယ်၍ စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့် မပြုတော့ပါ။

(ဃ) သတ်မှတ်တန်ချိန်ထက် ပို၍ တင်ဆောင်လာပါက ခွင့်ပြုမည် မဟုတ်ပါ။

 

(ဆောက်လုပ်ရေးဝန်ကြီးဌာန)

 

Image may contain: text that says '၂။ အဝေးပြေးကုန်တင်ယာဥ်များ သိစေရန် ၁။ ယနေ့ (၅-၁၀-၂၀၂၀)ရက်နေ့ ယခုအချိန်မှ စတင်၍ ၁၁-၂၀၂၀)ရက်နေ့အထိ COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ရန်ကုန်းမန္တလေးအမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဥ်များအားလုံး သတ်မှတ် ဖြတ်သန်းခ ပေးဆောင်စေ၍ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါသည်။ ဖြတ်သန်းရာတွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ စစ်ဆေးကြီးကြပ်မှုကိုလည်း လိုက်နာဆောင်ရွက်ရပါမည်။ အောက်ပါ သတ်မှတ်ထားသော အမြန်နှုန်းများထက် ပို၍ မောင်းနှင်ခွင့် မပြုပါ- (က) ကိုယ်ပိုင်ယာဥ်ငယ်များ 100 km/h (ခ) ခရီးသည်တင် Bus ကားများ km/h (ဂ) Lightrkယာဥ်များ (ဃ) ကုန်တင်ယာဥ်များအားလုံး လိုက်နာရန် စည်းကမ်းချက်များ (က) ကုန်တင်ယာဥ်များအားလုံးသည် လက်ယာဘက် ယာဥ်​ေ ကြာမှသာ မောင်းနှင်ရပါမည်။ (ခ) သတ်မှတ်အမြန်နှုန်းထက် ပို၍မောင်းနှင်ခွင့် မပြုပါ။ (ဂ) Rest Camp များတွင်သာ ရပ်နားရပါမည်။ လမ်းဘေးတွင် ကြုံသလို ရပ်နား၍ ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်း ခွင့်မပြုပါ။ အကယ်၍ စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့် မပြုတော့ပါ။ (ဃ) သတ်မှတ်တန်ချိန်ထက် ပို၍ တင်ဆောင်လာပါက ခွင့်ပြုမည် မဟုတ်ပါ။ ၃။ km/h 60 km/h (ဆောက်လုပ်ရေးဝန်ကြီးဌာန)'

Read 551 times