သက်တမ်းတိုး အမည်ပြောင်းခြင်းကို တစ်ရက်ထဲပြီးဖို့ ဆိုရင်


သက်တမ်းတိုးအမည်ပြောင်းခြင်းကို တစ်ရက်ထဲပြီးချင်ပါတယ် ဆိုရင်တော့ အွန်လိုင်းဘိုကင်ယူကတည်းက မနက်ပိုင်းအချိန်ကို ယူထားဖို့လိုပါတယ်။

လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

၁။ ကားလိုင်စင်စာအုပ် (မူရင်း နဲ့ မိတ္တူ)

၂။ ဝှီးတက် (မူရင်း နဲ့ မိတ္တူ)

၃။ ရက်ချိန်းစာရွက်

 

၄။ အခွန်စာရွက်အစိမ်းပေါ်မှာ အမည်ပါသူ (အမည်ပြောင်းမည့်သူ)ရဲ့ သန်းခေါင်စာရင်း (မူရင်း နဲ့ မိတ္တူ)

၅။ အခွန်စာရွက်အစိမ်းပေါ်မှာ အမည်ပါသူ (အမည်ပြောင်းမည့်သူ)ရဲ့ နိုင်ငံသားကတ် (မူရင်း နဲ့ မိတ္တူ)

၆။ ပြည်တွင်အခွန်ဦးစီးဌာန (အခွန်ရုံး) မှ ချိတ်ပိတ်ပေးထားသောစာအိတ်

၇။ မူလကားပိုင်ရှင်နဲ့ အမည်ပြောင်းမည့်သူတို့ ချုပ်ဆိုထားသောစာချုပ် (မူရင်း နဲ့ မိတ္တူ)

( အခွန်ဆောင်တုန်းက အခွန်ရုံးမှာတင်ပြခဲ့တဲ့စာချုပ်ကိုဆိုလိုသည်)

 

အမည်ပြောင်းမည့်သူကိုယ်တိုင်သွားရမည်ဖြစ်ပါသည်။

ပုံစံထုတ်။

ယာဉ်စစ်။

စတစ်ကာကပ်။

ဓာတ်ပုံရိုက်။

စည်ပင်ဘီးခွန်သွင်း။

အာမခံ သွင်း။

ပြီးလျှင် စာပေးစာယူဌာနစိတ်မှာ ပုံစံယူရင်း သက်တမ်းတိုး အမည်ပြောင်းမည်ဟု ပြောမှသာလျှင် အမည်ပြောင်း လျှောက်လွှာအပါအဝင် လျှောက်လွှာ၂ခုရရှိပါမယ်။


လျှောက်လွှာဖြည့်။

ကွန်ပျူတာစစ်။

ဦးစီးမှူးထံတွေ့။

တွေ့ပြီးလျှင် တိုင်းဦးစီးမှူးထံထပ်တွေ့။

စာချုပ်မူရင်း နဲ့ နိုင်ငံသားကတ်မူရင်းပြ။


ပြီးသွားရင် ငွေတွက်။ ငွေသွင်း။

အဲဒါပြီးရင် ဝှီးတက် နဲ့ ကားလိုင်စင်စာအုပ် (အုံနာဘွတ်ခ်) ဘယ်အချိန်ရမယ်ဆိုတာ ပြန်ပြောပါလိမ့်မယ်။

ပြန်ရတဲ့အခါ ဝှီးတက် နဲ့ ကားလိုင်စင်စာအုပ် (အုံနာဘွတ်ခ်) မှာ မိမိအမည် ပြောင်း/မပြောင်း

ရေးသွင်းထားတာတွေ မှန်/မမှန် သေချာပြန်စစ်ပါ။

(ရွာသာကြီး လုပ်ငန်း(အနီ) ကားတွေကအဆင့်နည်နည်းပိုပါတယ်)

 

ရွာသာကြီး ကညနရုံးမှာ ၁၉-၆-၂၀၂၀ ရက်နေ့က ကိုယ်တိုင်သွားလုပ်ခဲ့သူတစ်‌ယောက်ရဲ့အတွေ့အကြုံကို ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

 

 

အမည်ပြောင်းတဲ့အခါ ကားဝယ်တာအတွက် ဘယ်ကရတဲ့ ပိုက်ဆံနဲ့ဝယ်လဲဆိုတဲ့ ငွေကို ငွေဖြူ (ဝင်ငွေခွန်ဆောင်ထားတဲ့ဝင်ငွေ) တာမပြနိုင်လို့ဆောင်ရခြင်း ဖြစ်ပါတယ်။ ဝင့်ငွေခွန်ဆောင်ထားတာ ပြနိုင်ရင် ဆောင်ရနဲ့ မဆောင်ရ တွက်ပေးပီး သတ်မှတ်ထားသည့် ငွေတန်ဘိုးအထိ ကင်းလွတ်ခွင့်ရရရှိမှာ ဖြစ်ပါတယ်။

Read 17378 times