Titan Silicon ဘက်ထရီ Mercedes-Benz အီးဗီ EQG G Wagon တွင် ပထမဆုံး သုံးစွဲမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကယ်လီဖိုးနီးယားအခြေစိုက် အီးဗီဘက်ထရီပစ္စည်း လမ်းသစ်ထွင် လုပ်ငန်းအသစ် Sila သည် သွားနိုင်မည့် ခရီးတာကို မြှင့်တင်ပေးသည့် ဆီလီကွန်အခြေခံ အဖိုတိုင်များ သုံးစွဲထားသော "Titan Silicon" ကို အမြောက်အမြား ထုတ်လုပ်မှု စတင်ပြီ ဖြစ်သဖြင့် ယခုအခါ စီးပွားဖြစ် ရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းTitan Silicon ဘက်ထရီကို လာမည့် Mercedes-Benz EQG G Wagon တွင် ပထမဆုံး အသုံးပြုမည် ဖြစ်သည်။
လက်တွေ့စမ်းသပ်မှုများအရ ဆီလီကွန်အဖိုတိုင်များသည် ဂရက်ဖိုက်နှင့် အခြားသတ္တုစပ် အဖိုတိုင်တို့ထက် ဘက်ထရီထုပ် အရွယ်အစား အတူတူတွင် ၁၀ ဆ အားပိုသွင်းပေးထားနိုင်သည်။
သို့ဖြစ်ရာ Titan Silicon ဘက်ထရီသည် ခရီးတာ ၂၀% ပိုဝေးဝေး သွားနိုင်စေသည်။ အချို့အီးဗီမော်ဒယ်များတွင် မိုင် ၁၀၀ အထိ ပိုသွားနိုင်စေမည်ဖြစ်သည်။
Titan Silicon ဘက်ထရီသည် အားသွင်းရာ၌လည်း စွမ်းရည်မြင့်မားသည်။ ၁၀% မှ ၈၀% အားပြည့်သည်အထိ အားသွင်းရန် မိနစ် ၂၀ သာ ကြာသည်။
အလေးချိန်တွင် ဂရက်ဖိုက်အဖိုတိုင် ဘက်ထရီထက် ၁၅% ပိုပေါ့သည်။ နေရာယူသည့် အရွယ်အစားသည် ၂၀% သက်သာသည်။
ဘက်ထရီကို ထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် ဂရက်ဖိုက်အဖိုတိုင် ဘက်ထရီထက် ၅၀~၇၀% လျော့နည်းသည်။
Mercedes-Benz သည် ၎င်း၏အနာဂတ် အီးဗီမော်ဒယ်များအတွက် အဆင့်မြင့်ဘက်ထရီပစ္စည်းများကို ရရှိစေရန် ၂၀၁၉ ခုနှစ်တွင် Sila မှာ ကနဦးရင်းနှီးမြှုပ်နှံခဲ့သည်။
၂၀၂၂ မေလတွင် Mercedes-Benz က ၎င်း၏ ကားများအတွက် Sila မှ ထုတ်လုပ်သည့် ဘက်ထရီများ သုံးစွဲရန်အတွက် Sila မှ ဘက်ထရီများ ပေးသွင်းရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ Mercedes EQG လျှပ်စစ် G Wagon တွင် စတင်သုံးစွဲမည် ဖြစ်သည်။
Mercedes လျှပ်စစ် G wagon ကို ၂၀၂၄ သို့မဟုတ် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်မည် ဖြစ်သည်။
Source Electrek
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U