တစ်ပတ်ရစ် (Second Hand)ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေစစ်သင့်သလဲ


တစ်ပတ်ရစ်ကားလောကမှာ လူကြိုက်အများဆုံးစကားကတော့ တစ်လက်ကိုင်နဲ့ မိန်းကလေးစီးနေတာဆိုတဲ့ စကားတွေပဲဖြစ်ပါတယ်။

ဒီလိုမျိုးဆိုရင်တော့ ဝယ်မယ့်သူအတွက်တော်တော်လေးရင်အေးရတယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်စစ်တတ်တာလောက်တော့ စိတ်မချရဘူးပေါ့။ Sgcarmart.com ရဲ့ဖော်ပြမှုမှာတော့ ကြီးကြီးမားမားထိခိုက်မိထားတဲ့ ကားတွေအနေနဲ့တောင် ပြန်ပြင်ပြီး လမ်းပေါ်ပြန်ထွက်လာပါတယ်။ ဒီတော့ဒီလိုမျိုးကားတွေမဝယ်မိအောင် ဘယ်လိုလုပ်မလဲဆိုတာကို အောက်မှာ ဖတ်ရှုလေ့လာကြည့်ရအောင်။

၁။ ကားဘော်ဒီဆေးသားကို လေ့လာကြည့်ခြင်း

အလင်းရောင်အောက်မှာဆိုရင်တော့ ကားတွေရဲ့ဆေးသားတွေက အပျံစားပါပဲ။ ဘော်ဒီဆေးသားက အော်ရင် ဂျင်နယ်အလားပါ။ တစ်ချို့ဆိုရင်ရောင်းကားကို တစ်သသနဲ့ထားတတ်သလို ကားပြတော့မယ်ဆိုရင်လည်း စက်ပေါ်လစ်ပြေးတိုက်တတ်တာရှိပါတယ်။ ဒါပေမယ့် ကားဘော်ဒီအကန့်အဆက်တွေတစ်ခုနဲ့တစ်ခုအကြား ကိုကြည့်ရင် ဆေးသားတစ်နေရာနဲ့တစ်နေရာက မသိမသာကွာနေတတ်တာမျိုးရှိပါတယ်။ ဒါဆိုရင်တော့ ပြန်ပြီးရှိုင်းထားမှန်းသိသာနိုင်ပါတယ်။

၂။ အစိတ်အပိုင်းတွေအစားထိုးထားခြင်း

အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခုကုန်ကျတာခြင်းမတူပဲ တစ်ချို့ဆိုရင်တော်တော်လေးကို ငွေကြေးကျများပါ တယ်။ ဒါကြောင့် အဓိကစစ်သင့်တဲ့နေရာတွေကို ပြပါဆိုရင်တော့ လေအိတ်ပေါက်ထားလား၊ ရှေ့မီး၊နောက်မီးနဲ့ အချက်ပြမီးတွေလဲထားသလားနဲ့ ကားရဲ့ရှေ့ဘက်အကာတွေကိုထိခိုက်မိပြီး ဘော်ဒီပြန်ထုထားသလားဆိုတာ စစ်ဆေးသင့်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ဝယ်မယ့်ကားက ကျွန်းခွက်ဒက်ရှ်ဘုတ်ကို ကာဗွန်ဖိုင်ဘာ တပ်ပေးထားသလားပေါ့။ အကောင်းစားကြီးရတိုင်း စေတနာလို့တော့မထင်သင့်တာအမှန်ပါ။

၃။ အဆက်နဲ့ကိုယ်ထည်အကပ်တွေကို အစားထိုးထားခြင်း

အရှင်းဆုံးနားလည်အောင်ပြောရရင်တော့ ထုတ်လုပ်ပေးလိုက်တဲ့ကုမ္ပဏီက သင့်ကားရဲ့တံခါးကိုဖွင့်တဲ့အခါမှာ ကျပ်နေအောင်ဘယ်တော့မှမလုပ်ပါဘူး။ ဒီတော့အတင်းအားစိုက်ကျပ်နေရပြီဆိုရင် တစ်ခုခုလွဲနေတာကို သတိ ထားရတော့မှာဖြစ်ပါတယ်။ ကားရဲ့ရှေ့နောက်အကာနဲ့ တံခါးကြားကအဟလေးတွေကို လက်နဲ့စမ်းသပ်ပြီး အဟကများနေသလား၊ မှန်ရဲ့လားစသဖြင့်စမ်းသပ်နိုင်ပါတယ်။

၄။တည့်တည့်မမောင်းပဲ၊ တစ်ဖက်ဆွဲနေခြင်း

အသစ်ပဲဝယ်ဝယ်၊ အဟောင်းပဲဝယ်ဝယ်အစမ်းတော့ မောင်းခွင့်ရမှာပါ။ တစ်ပတ်ရစ်ကို စမ်းမောင်းပြီဆိုရင် တော့ တော်တော်လေးသတိထားပြီး စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ တစ်ဖက်ဆွဲနေမယ်နဲ့ အလွိုင်းမန့်မမှန်ဘူးစတာတွေ တွေ့ရပြီဆိုရင်တော့ သတိထားဖို့လိုပြီပေါ့။

၅။ တာယာသားပုံမှန်မဟုတ်ခြင်း

တာယာသားပါးနေလား၊ တာယာအရောင်၊ ထုတ်လုပ်မှုရက်စွဲ၊ tread and wear စသည်တို့ကို စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီနည်းကသိပ်ဟန်တဲ့နည်းမဟုတ်ပဲ၊ တာယာအသစ်တပ်ပေးထားရင် စစ်ဆေးဖို့မလွယ်ကူပါဘူး။

၆။ ဂဟေဆော်ထားတဲ့အဆက်တွေရှိလား

ဖြတ်ညှပ်ကပ်လိုမျိုး ဂဟေဆော်ထားတဲ့အဆက်တွေရှိပြီဆိုရင်တော့ ပြန်ဆက်ထားတာ သေချာပြီပေါ့။

၇။ ဆေးသားသံချေးတက်နေသလား

ဆေးသားမရှိတာတို့ ဆေးသားသံချေးတက်နေတာတို့ဆိုတာကလည်း ဝယ်မယ့်သူတွေအနေနဲ့ အသေအချာ စစ်ဆေးသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဂဟေဆက်ထားလို့ မီးပေါက်ထားတဲ့ဆေးသားတွေ့ပြီဆိုရင်တော့ပြန်ပြင်ထားတာသေချာပြီပေါ့။

၈။ ကုတ်တင်းလုပ်ထားသလား

ဒါကတော့ သိပ်ပြီးအဓိကမကျပါဘူး။ မူလကားပိုင်ရှင်က ကုတ်တင်းလုပ်ပြီးလှလှပပစီးမယ်။ ပြန်ရောင်းတော့ အသစ်နီးပါးဖြစ်နေမယ်ဆိုရင် သတိထားဆိုသလိုမျိုးပါ။

၉။ ထင်သာမြင်သာမယ့် ကောက်ကြောင်းကထုချက်များ

ကားဘော်ဒီပြန်ထုထားရင် တော်ရင်တော်သလိုတော့ အော်ရင်ဂျင်နယ်နီးပါးပြန်ရပါတယ်။ ဒါပေမယ့် စစ်တတ် မယ်ဆိုရင်တော့ ဘော်ဒီကောက်ကြောင်းတွေက အမြင်နဲ့တင်ဆုံးဖြတ်လို့ရတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အင်ဂျင်ခန်းထဲကိုလည်း စစ်ဆေးသင့်ပါတယ်။

၁၀။ မူလီတွေနဲ့ nut တွေစစ်မယ်

အလွယ်ဆုံးနည်းလမ်းပါပဲ။ မူလီခေါင်းတွေချောင်နေသလား၊ မူလီတွေကနံပါတ်တစ်ခုနဲ့တစ်ခု တူသင့်တဲ့နေရာမှာရှိနေရဲ့လားနဲ့ မူလီတွေပျောက်နေသလားဆိုတာ စစ်ဆေးခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။

Automobile Directory

Ref;Sgcarmart.com

Read 1428 times