ကားမဝယ်ခင် စစ်ဆေးသင့်သည့် အချက် (၅) ချက်


ကားဝယ်တော့မယ်ဆိုရင် သတိပြုစစ်ဆေးသင့်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားအောက်ပိုင်း

ကားတစ်စီးကို ကြည့်လိုက်လို့ အပေါ်ယံအနာအဆာတွေဆိုတာက ဖုံးကွယ်လို့ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကားရဲ့အောက်ပိုင်းကို သေချာစစ်ဆေးခြင်းအားဖြင့် ကားတစ်စီးရဲ့ အခြေအနေကို အကြမ်းဖျင်း လေ့လာသုံးသပ်နိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်းအားဖြင့် ကားအောက်ပိုင်းထိခိုက်မှုနဲ့ အခြားအနာအဆာတွေပါ သိမြင်နိုင်ပါတယ်။

(၂) ကားကြမ်းခင်း

ကားအတွင်းပိုင်းနဲ့ပတ်သက်ပြီး အခြားအရာတွေစစ်ဆေးပြီး မေ့ကျန်တတ်တာ ကတော့ ခြေနင်းအခင်းတွေအောက်ကို စစ်ဆေးတာပါပဲ။ခြေနင်း အခင်းတွေအောက်မှာ စိုစွတ်နေတာတို့ ကား ကိုယ်ထည်အောက်ပိုင်း ပေါက်နေတာမျိုးတွေက နောက်ပိုင်းဆိုးကျိုးတွေရှိလာစေနိုင်တာမို့ သတိပြုစစ်ဆေးသင့်ပါတယ်။

(၃) ခြေနင်းတံ

ကားတစ်စီးရဲ့ သက်တမ်းရင့်မှုက မော်ဒယ်၊ အသုံးပြုထားတဲ့မိုင်တွေနဲ့ တင်ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။ ကားဂီယာ၊လီဘာ၊ ဘရိတ်ခြေနင်းတံတွေကို စစ်ဆေးခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ ဒါကြောင့် အတွင်းပိုင်းကိုစစ်ဆေးမယ်ဆိုရင် ကားထိုင်ခုံနဲ့တခြားအရာတွေတင်မက ခြေနင်းတံတွေကိုပါ စစ်ဆေးပေးသင့်ပါတယ်။

(၄) အင်ဂျင်

အင်ဂျင်ပိုင်းစစ်ဆေးမှုအတွက်က ကားကို စမ်းမောင်းကြည့်ရုံက မလုံလောက်ပါဘူး။ သေချာဖို့အတွက်ကတော့ Mechanic တစ်ယောက်ခေါ်ပြီး စစ်ဆေးတာ အကောင်းဆုံးပါပဲ။

(၅) စာရွက်စာတမ်း

စာရွက်စာတမ်း ဆိုတာကတော့ စစ်ဆေးဖို့လိုတယ်ဆိုတာပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့် တချို့ကျတော့ ကားရောင်းချသူရဲ့ ဖိအားပေးမှုကို သိပ်မခံနိုင်ပါဘူး။ လိုအပ်တဲ့သေချာ စစ်ဆေးမှုတွေကို မလုပ်တော့ဘဲ အမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိဝယ်ယူမယ့် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အားလုံးကိုစစ်ဆေး သင့်ပါတယ်။

ဥပမာ-ကိုယ်ပိုင်ကားဆိုရင်

-ဝှီးတက်

-အုံနာဘုတ်

စာအုပ်ထဲမှာ သက်တမ်းရှိ မရှိ ကြည့်ပါ

နောက်ပြီး ပြောင်းလဲခြင်း ရှိမရှိကြည့်ပါ..

-ဒီကားရဲ့သူတစ်ပါးအသက်အာမခံစာအုပ်

အဌါးကားတွေဆိုရင်

ဝှီးတက်

အုံနာဘုတ် (စာအုပ်ထဲမှာပြောင်းလဲထားတာရှိမရှိ..သက်တမ်းရှိမရှိ)

သူတစ်ပါးအသက်အာမခံစာအုပ်

လုပ်ငန်းလိုင်စင်

အခုဆိုရင် City လုပ်ထားပြီးလား သက်တမ်းရှိလား စစ်ဆေးပါ။

Read 6638 times