ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ (၁၀) ချက်


ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါတယ်။

(၁) ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ

ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြားဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်ပါတယ်။ အဲဒါက ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။

(၂) ဘရိတ်လိုင်းတွေရဲ့ ပြဿနာ

ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်းပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ်လိုင်း (brake lines)တွေ ပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ်လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုးပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။

(၃) ပါကင်ဘရိတ်ပြဿနာ

ပါကင်ဘရိတ်ကို လက်နဲ့ဆွဲပေမဲ့ ယာဉ်ကရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆိုရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က မာစတာဆလင် ဒါ (master cylinder) ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေတာပါ။ မာစတာဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အရည်ဖိအား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အစိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခုအနေနဲ့ ချိတ်ဆက်လှုပ်ရှားစေပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ်နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။

(၄) ဘရိတ်ပက်ဒ်ပြဿနာ

ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ်နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။

Readmore;ရန်ကုန်မြို့တွင်း ကားပါကင်စနစ်ဖော်ဆောင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေး

(၅) ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ

မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ်မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။

(၆) ဘရိတ်ဆီ လျော့နည်းတာ

ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင်(piston)ရဲ့ တွန်းအားနဲ့ ရော့တာ(rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ်ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်ပါတယ်။

(၇) Brake power boost unit ပြဿနာ

ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန်ထက်ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာက brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။

(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို့

ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆိုရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၉) Vacuum System ပြဿနာ

Vacuum System မှာ ပြဿနာရှိနေရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။

(၁၀) ကားရဲ့ဘရိတ်ဒစ်ချွတ်ယွင်းတာ

ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ်လဲလှယ်ရပေးရပါမယ်။

Credit;original writer

Read 4719 times