အော်တိုဂီယာ မောင်းမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ


အော်တိုဂီယာတွေ ရေပန်းစားလာတာဟာ ကားမောင်းသင်တဲ့သူတွေအတွက် အရမ်းကို အဆင်ပြေလာပါတယ်။ မောင်းရတာ လွယ်တယ်ဆိုပေမယ့် မကောင်းတဲ့ အကျင့်တွေကြောင့် ကားအလွယ်တကူ ပျက်စီးနိုင်ပါတယ်။

ဒါကြောင့် အော်တိုဂီယာကားတွေကို မောင်းမယ်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားရပ်ထားချိန် “D” မှာမထားပါနဲ့

ကားကို နည်းနည်းကြာအောင် ရပ်မယ်ဆိုရင် “D” မှာ မထားဖို့ လိုပါတယ်။ D ဟာ မောင်းနေဆဲ ဖြစ်တာကို ရည်ရွယ်တဲ့အတွက် ကားရပ်တဲ့အချိန် “D” ကိုထားခြင်းဟာ ကားရဲ့ အော်တိုစနစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကားကို အချိန်ခဏလေးပဲ ရပ်ရင်တောင် ဥပမာ မီးပွိုင့် ခပ်ကြာကြာမိတဲ့ အချိန်တွေမှာ “P” Parking ထိုးတဲ့ နေရာကိုပဲ ထားသင့်ပါတယ်။

(၂) Hand Brake ဆွဲပါ

သင့်ရဲ့ ကားကို သူများကားတွေထက် ပိုပြီး ကြာကြာခံစေချင်တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က တယုတယ ကိုင်မှ အဆင်ပြေပါလိမ့်မယ်။ Hand Brake လို့ခေါ်တဲ့ Parking Brake ကို ဆွဲဖို့ မေ့ခြင်းဟာ သင့်ကားကို ညှင်းပန်းရာကျပါတယ်။ ကား စမောင်းသူတွေအဖို့ ကားမောင်းသင်တဲ့ အချိန်ကစလို့ Hand Brake ဆွဲတဲ့ အကျင့်ဖြစ်အောင် ပြုလုပ်ထားဖို့ လိုပါတယ်။

(၃) ကားလုံးဝရပ်သွားမှ “P” ကိုထိုးပါ

ကားကို ပါကင်ထိုးပြီးသွားတဲ့ အချိန်မှာ ကားဘီး နည်းနည်းလေးလိ့မ်နေသေးရင် “P” ကို မထိုးလိုက်ပါနဲ့။ တချို့ကားတွေကတော့ ဒီလို ပြုလုပ်တဲ့ အချိန်တွေမှာ ဂီယာ ထိုးမရအောင် လုပ်ထားပေးပါတယ်။ ကားလုံးဝရပ်မသွားခင်မှာ ပါကင်ဂီယာကို ထိုးခြင်းဟာ ဘရိတ်နဲ့ ဂီယာ စနစ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကားရပ်ဖို့ နေရာရလို့ ပါကင်ထိုးပြီးရင် စိတ်ကို မလောပါနဲ့။ အားလုံးသေချာပြီဆိုမှ “P” ကို ပြောင်းဖို့ သတိပေးချင်ပါတယ်။

(၄) အရည်ပါသော ခွက်များ ထားခြင်း

အော်တိုဂီယာတွေရဲ့ ချို့ယွင်းချက်ကတော့ ဂီယာခလုတ်တွေထဲကို ရေလုံးဝ အဝင်ခံလို့ မရတာပဲ ဖြစ်ပါတယ်။ ရေဝင်ပြီဆိုတာနဲ့ နည်းနည်းလေးပဲ ဖြစ်စေဦးတော့ ဂီယာစနစ်ကို ပျက်စီးစေပြီး အခန့်မသင့်ရင် ဂီယာအုံတခုလုံး လဲလိုက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၅) ဆီစစ်ပါ

အော်တိုဂီယာတွေဟာ ဆီအမြဲစစ်ဖို့ လိုပါတယ်။ ဆီဟာ ဆီတိုင်ကီရဲ့ လေးပုံ တစ်ပုံ အမြဲရှိသင့်ပါတယ်။ ဆီကုန်ခါနီး အနေအထားအထိ ဘယ်တော့မှ မထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီဟာ သင်ခန့်မှန်းထားတဲ့ အချိန်ထက်စောပြီး ကုန်သွားနိုင်လို့ပါ။ နောက်တခုကတော့ အော်တိုကားတွေမှာ ဆီက အဓိကပိုပြီးကျတဲ့အတွက် ဆီကုန်ပြီး ထိုးရပ်သွားတာတွေ အဖြစ်များရင် ကားပျက်ဖို့ ပိုလွယ်စေပါတယ်။

Credit;original writer

Read 3765 times