လိုင်စင်မဲ့ကားနှင့် နံပါတ်ပြားအတု တပ်ပြီး စီးနင်းသူများကို ပို့ကုန်၊ သွင်းကုန်ဥပဒေအရ ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ သိရသည်။
နယ်စပ်မှ လိုင်စင်မဲ့ကားများ တင်သွင်းကာ နံပါတ်ပြားအတုတပ် ပြီး စီးနင်းအသုံးပြုခြင်းကို ထိထိ ရောက်ရောက် ဖမ်းဆီးအရေးယူနေ သော်လည်း Without ကားများမှာ ထပ်မံထွက်ပေါ်နေဆဲ ဖြစ်သည်။ ယခုနှစ်အတွင်း၌လည်း လိုင်စင်မဲ့ ကားများကို စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ကား ၉၇ စီးအထိ ဖမ်း ဆီးရမိခဲ့သည်။
“Without ကား စီးနင်းအသုံး ပြုနေတာကို ဖမ်းဆီးရမိခဲ့ရင် ယာဉ်ပိုင်ရှင်ကို ပို့/သွင်းကုန်ဥပဒေ ပုဒ်မ-၈ နဲ့ အရေးယူဆောင်ရွက် မှာဖြစ်ပြီး ကားကိုလည်း နိုင်ငံပိုင် အဖြစ် သိမ်းဆည်းမှာ ဖြစ်ပါတယ်၊ လိုင်စင်မဲ့ကားနဲ့ နံပါတ်ပြားအတု ပြုလုပ်ပြီး စီးနင်းတဲ့သူကိုလည်း ထောင်ဒဏ် တစ်နှစ်အထိ အရေး ယူဆောင်ရွက်နိုင်ပါတယ်၊ လိုင်စင်မဲ့ကားတွေ ဖမ်းဆီးရမိတဲ့အခါမှာ ကားအများစုကတော့ ပိုင်ရှင်မဲ့ကား အဖြစ်နဲ့ ရပ်နားထားတာတွေ များပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
ယခုနှစ်အစမှ ဧပြီလကုန်အထိ လိုင်စင်မဲ့ကားများ ဖမ်းဆီးရမိ ခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၃ စီး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လေးစီး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခုနစ်စီး၊ မွန်ပြည်နယ်အတွင်း ၄၃ စီး ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်-၂ ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။