ကားတစ်စီးရဲ့ လောင်စာဆီသုံးစွဲမှု အနည်းအများကို သက်ရောက်စေနိုင်တဲ့ ကဏ္ဍတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် လောင်စာဆီသုံးစွဲမှုကို ကိုယ့်ကား တာယာအခြေအနေနဲ့ ကားရဲ့ ချောဆီရေချိန် (Lubricant Level) ပေါ်မူတည်စေပါတယ်။ Filters or Coolant Filter လိုမျိုး အခြားအစိတ်အပိုင်းတွေကလည်း သင့်ကားရဲ့ လောင်စာဆီသုံးစွဲမှုအတွက် အရေးပါပါတယ်။
လေပေါင်ချိန်ကို အမြဲတမ်းချိန်သင့်ပါတယ်။ လေပေါင်ကြောင့် တာယာတွေက ပွတ်တိုက်မှုနှင့် လှည့်ပတ်မှုကို ပိုဖြစ်စေပြီး လောင်စာဆီသုံးစွဲမှုကို ပိုတိုးလာစေပါတယ်။ လေပေါင်အမြဲပြည့်နေတဲ့ ကားတွေက လောင်စာဆီသုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းလျော့ချပေးနိုင်ပါတယ်။
ကားနောက်ခန်းမှာ ပစ္စည်းထားတတ်တဲ့သူတွေ သတိထားရပါမယ်။ ကားရဲ့ သတ်မှတ်အလေးချိန်ထက် ၅၀ ကီလိုဂရမ်ကို သင့်ကားမှာ သယ်ဆောင်ထားတိုင်း လောင်စာဆီစားသုံးမှု ၂ ရာခိုင်နှုန်း တိုးစေပါတယ်။
AC ဖွင့်ပြီးကားမောင်းပါ။ ဘာလို့လဲဆိုတော့ ပြတင်းပေါက် မှန်ချပြီးမောင်းနှင်တဲ့ ကားက 80km/h ထက်မြန်လာရင် ကားထဲကို လေတိုးပြီး ကားရဲ့ Wind Resistance ကိုဖြစ်စေတာကြောင့် ဆီစားနှုန်းလည်း ပိုများလာပါတယ်။
လောင်စာဆီကုန်မှာ စိုးလို့ နှေးနှေးမောင်းတဲ့သူနဲ့ မြန်မြန်မောင်းတဲ့သူတွေကို မြင်ဖူးကြမှာပါ။ တကယ်တော့ အဲ့တာက လောင်စာဆီပိုကုန်စေတာပါ။ ဥပမာ အဝေးပြေးလမ်းကို ကားမောင်းတဲ့အခါ 100 km/h နဲ့မောင်းတော့ ဆီ ၁၅% ပိုလောင်ကျွမ်းပြီး 110 km/h နဲ့မောင်းတော့ ၂၅% ပိုလောင်ကျွမ်းစေပါတယ်။ ဆိုလိုတာက တစ်နာရီ ကီလိုမီတာ ၅၀ အောက်မောင်းပါက သင့်အင်ဂျင်က ဂီယာကျပြီး လောင်စာဆီ ပိုမိုသုံးစွဲနိုင်ပါတယ်။
ရုတ်တရက် ဘရိတ်ကို စောင့်နင်းတာမျိုး မလုပ်ပါနဲ့။ ဘရိတ်ကို ဆောင့်နင်းလိုက်တဲ့အခါမှာ ကားရဲ့ အရှိန်ကိုသတ်လိုက်သလိုဖြစ်ပြီး ပြန်မောင်းတဲ့အခါ အင်ဂျင်ကိုတဖန်လည်ပတ်စေတဲ့အတွက်ကြောင့် သင့်ရဲ့ လောင်စာကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ဆီစားနှုန်းက ကားရဲ့ အင်ဂျင်ပါဝါပေါ်မှာလည်း မူတည်နေတယ်ဆိုပေမယ့် လောင်စာဆီနဲ့ မောင်းနှင်ကြရတာကြောင့် အနည်းငယ်အသုံးဝင်မှာပါ။
ဒီ Tips လေးတွေက ကားမောင်းနေတဲ့အချိန်မှာ သတိမထားမိတဲ့အချက်လေးတွေ ဖြစ်နိုင်ပါတယ်။ ဒီသတိမပြုမိတဲ့ အရာတွေကို ပြင်ပြင်ဆင်ဆင်နဲ့ သေချာဂရုစိုက်မယ်ဆိုရင် သင့်ကားရဲ့ လောင်စာဆီသုံးစွဲမှုကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။