TikTok ထဲ မောင်းဝင်လိုက်တဲ့ ပြင်သစ် Renault


TikTok ထဲ မောင်းဝင်လိုက်တဲ့ ပြင်သစ် Renault

Renault  က ၂၀၂၂ ဇွန်လ ၁၄ ရက်မှာ TikTok ထဲကို ပထမဆုံး မောင်းဝင်တဲ့ ပြင်သစ်ကားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သွားပါတယ်။

Renault က Facebook, Instagram, LinkedIn, Twitter, YouTube အစရှိတဲ့ ဆိုရှယ်မီဒီယာ ကွန်ရက်တွေပေါ်မှာ ရောက်နေခဲ့ရာမှ TikTok  ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ 

Renault TikTok စာမျက်နှာ ရဲ့ ရည်ရွယ်ချက်တစ်ခုက လူငယ်လူရွယ်တွေ အသုံးများကြတဲ့ TikTok မှ အသက်ငယ်ရွယ်သူများကို ဗီဒီယိုကားတိုများဖြင့် ဆွဲဆောင်ဖို့ ရည်ရွယ်ပါတယ်။  အဲဒီ လူငယ်လူရွယ်လေးတွေထဲမှာ နောင်တစ်ချိန်မှာ ကားဝယ်စီးကြမယ့်သူတွေ ပါနေပါတယ်။  သူတို့ကို ယခုကတည်းက Renault ကို သိကျွမ်းနေအောင် TikTok တစ်ဆင့် မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ 

Renault ရဲ့ တရားဝင် TikTok  စာမျက်နှာက 

https://www.tiktok.com/@renault

 

ဖြစ်ပါတယ်။ 

@renault #Renault – made of France. our manufacturers in Douai, Maubeuge and Ruitz unite to create the electric car hub of tomorrow ⚡️#ElectriCity ♬ son original - Renault

Renault ရဲ့ တရားဝင် TikTok  စာမျက်နှာမှာ ဗီဒီယို ကားတိုများနှင့်အတူ ကင်မရာနောက်ကွယ်မှ မြင်ကွင်းများ behind-the-scenes ကိုပါ ဗီဒီယိုများ၊ ဓာတ်ပုံများနှင့်အတူ တွဲဘက်ပြီး တင်ပြပေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U/348

https://t.me/Guid4U

Read 530 times