ကားတစ်စီး အဆွဲအရုန်းမကောင်းစေသော အကြောင်းအရင်များစွာရှိပါသည်။
ထိုထဲမှ လေတံခါး (Throttle Body) နှင့် လေတံခါးဆင်ဆာ (Throttle Position Sensor – TPS) မကောင်းခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ကားရောဂါများကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။
လေတံခါး (Throttle Body)
လေတံခါးဆိုသည်မှာ အတွင်းပို်င်းမီးလောင်ပေါက်ကွဲမှုအင်ဂျင် (Internal Combustion Engine) များ မီးလောင်ပေါက်ကွဲရန် လိုအပ်သော လေကို ထည့်သွင်းပေးရသည့် Intake System တွင် အဓိက တာဝန်ထမ်းဆောင်နေသောအရာဖြစ်ပါသည်။
လေတံခါး (Throttle Body) ကို ယေဘုယျအားဖြင့် အင်တိတ်မီနီဖိုး (Intake Manifold) နှင့် လေစစ်ဘူး (Air Filter) များကြားထဲတွင် တပ်ဆင်ထားပြီး ကားမောင်းသူ၏ လီဘာနင်းမှုအပေါ် မူတည်ပြီး အင်ဂျင်ထဲကို မီလောင်ပေါက်ကွဲရန် လေအနည်းအများ မည်သည့်ပမာဏသွင်းမည်ဆိုခြင်းကို သူ၏ ပါဝင်သော Butterfly Valve များကို Regulate လုပ်ပေးခြင်းဖြင့် ထိန်းချုပ်ပေးပါသည်။
ထိုက လေတံခါး (Throttle Body) ၏ အဓိကတာဝန်ထမ်းဆောင်နေသော ပုံစံပင်ဖြစ်ပါသည်။
ထိုသို့ တာဝန်ထမ်းဆောင်နေသော လေတံခါးက လေမသန့်၍ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့် လေတံခါး (Throttle Body) သည် ကြေးများ၊ ဖုန်များ၊ အညစ်အကြေးများနှင့် ပိတ််ဆို့မှု အနည်းအများအပေါ်မူတည်ပြီး ကားတွင် အောက်ပါရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါမည်။
၁။ ကားစက်နှိုးရကြားပြီး စက်နှိုးရာတွင် ပုံမှန်ထက် ကရိုင်းရှပ်လည်ပတ်ရနှုန်းများ ပိုများလာပါမည်။
၂။ အင်ဂျင်အနှေးလည်ပတ်မှု အခြေအနေ (Idle Speed) မတည်မငြိမ်ဖြစ်ပြီး အင်ဂျင် အနှေးလည်ပတ်နေသော အချိန်တွင် ပုံမှန်မဖြစ်ဘဲ အတက်အကျ မတည်မငြိမ်ဖြစ်ပေါ်မည်ဖြစ်သည်။
၃။ အင်ဂျင်အနှေးလည်ပတ်နေသောအခြေအနေတွင် လေတံခါးအတွင်း ပိတ်ဆို့နေသော ကြေးများကြောင့် အဖွင့်အပိတ်မမှန်ဖြစ်ပြီး လေယိုစိမ့်မှုဖြစ်ကာ စက်သေသွားမည် သို့မဟုတ် Slow Speed ဖြစ်သွားပါမည်။
၄။ ကားမောင်းနေစဉ် အကြောင်းတစ်ခုခုကြောင့် လီဘာကို လျော့လိုက်ချိန်တါင် စက်က တုံ့ဆိုင်မှုဖြစ်သွားပြီး စက်သေချင်သကဲ့သို့ ဖြစ်ခြင်းမျိုး၊ မီးပွိုင့်မိသည့်တွက် စက်အရှိန်လျော့လိုက်သည်နှင့် စက်သေသွားခြင်းမျိုး ဖြစ်လာပါမည်။
ထိုသို့ဖြစ်လာပါက လေတံခါး (Throttle Body) ကို ဖြုတ်ပြီး လေတံခါးထဲမှ အညစ်အကြေးများ၊ ဂျိုးများကို ဆေးကြောသန့်စင်ရန် လိုအပ်နေသောကြောင့် လေတံခါးသန်ရှင်းသော ဆေးရည်များနှင့်ဆေးကြောနိုင်သကဲ့သို့ ဓာတ်ဆီနှင့်လည်း ဆေးကြောနိုင်ပါသည်။
TPS (Throttle Position Sensor)
လေတံခါးဆင်ဆာ ဆိုသည်မှာ ကားတွင်ရှိသော လေတံခါး၏ အလုပ်လုပ်ပုံများကို ကူညီထိန်းချုပ်လုပ်ဆောင်ပေးသော အရာဖြစ်ပါသည်။
ယေဘုယျအားဖြင့် လေတံခါးထဲတွင်ရှိသော Butterfly Valve များ၏ အပိတ်အဖွင့်နှင့် တည်နေပုံများကို အာရုံခံပေးပြီး ထိန်းချုပ်လုပ်ဆောင်ခြငး် ဖြစ်ပါသည်။
မော်ဒယ်မြင့်ကားများတွင် ECU (Engine Control Unit) မှစပြီး အာရုံခံစနစ်များ၊ သတင်းပို့စနစ်များကို အသုံးပြုကာ (ETC – Electronic Throttle Control ) စနစ်များအဖြစ် လုပ်ဆောင်ပေးပါသည်။
အခြားလုပ်ဆောင်ချက်တစ်ခုအနေနှင့် လေတံခါးဆင်ဆာများနှင့် Automatic Transmission ဟု ခေါ်သော အော်တိုဂီယာစနစ်များ တွဲဖက်လုပ်ဆောင်ပြီး ဂီယာပြေင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
ထိုသို့လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနေသော ဆင်ဆာများ ချို့ယွင်းပျက်စီးမည်ဆိုလျှင် ကားတွင် အောက်ပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါမည်။
၁။ ကားအရှိန်တက်မှု နှေးကွေးမည်
ပုံမှန်အားဖြင့် ကားများတွင် ကားလီဘာနှင့် ကား၏ အရှိန်သည် တိုက်ရိုက်ဆက်သွယ်နေပါသည်။
လေတံခါးဆင်ဆာများ ကြောင်လာမည်ဆိုလျှင် လီဘာနင်းပါက နင်းသလောက် ကားအရှိန်မြင့်တက်လာမည်မဟုတ်ပေ။
လီဘာကို နင်းလိုက်သည့်အရှိန်နှင့် ကား၏ အရှိန်မြင့်တက်လာမှု ကွာဟနေမည်ဆိုပါက အထူးသဖြင့် ကားအရှိန်တက်လာပြီးမှ ရုတ်တရက်တုံ့ဆိုင်းမှုဖြစ်သွားပါက ကား၏ လေတံခါးဆင်ဆာများတွင် ပြဿနာရှိသောကြောင့် ဖြစ်ပါသည်။
၂။ ခဏခဏ စက်သေသွားခြင်း
အခြား လေတံခါးဆန်ဆာမကောင်းခြင်းကြောင့် ဖြစ်စေသည့် ထင်ရှားသော ရောဂါလက္ခဏာမှာ အင်ဂျင်စက်နှိုးကြည့်ထားချိန်နှင့် မောင်းနှင်နေသောအချိန် နှစ်ခုလုံးတွင် ခဏခဏ စက်သေသွားခြင်းဖြစ်ပါသည်။
အင်ဂျင်စက် သေသေသွားရခြင်း၏ ရောဂါများ အများကြီးရှိသည့်အထဲမှ ပုံမှန် စက်ခဏခဏသေသွားတတ်ခြင်းက လေတံခါးရောဂါဖြစ်တတ်ပါသည်ဟု ဆိုပြီး ပညာရှင်တွေက သတ်မှတ်ထားပါသည်။
၃။ အရှိန် အလိုလိုမြန်လာခြင်း
လီဘာကို အရှိန်တခုရရန် ပုံမှန် နင်းထားရာမှ ကားအရှိန်များက ပုံမှန်မဟုတ်ဘဲ အလိုလိုမြန်လာမည်၊ တိုးပြီး တက်လာမည်ဆိုလျှင်လည်း ထိုအရာသည် လေတံခါးဆန််ဆာကြောင့် ဖြစ်တတ်သောရောဂါလက္ခဏာရပ်ဖြစ်ပါသည်။
၄။ ဂီယာအပြောင်းအကူးပြဿနာ
TPS (Throttle Position Sensor) တွေက လီဘာ မည်မျှနင်းသည် ဆိုခြင်းကို တိတိကျကျ သတင်းမပို့နိုင်လျှင် အရှိန်အနိမ့်အမြင့်ကို အင်ဂျင်ထိန်းချုပ်စနစ်က သေချာမသိဘဲ ဂီယာအကူးအပြောင်းဆိုသော ပြဿနာဖြစ်လာနိုင်ပါသည်။
Engine check မီးလင်းလာခြင်းသည် အင်ဂျင်ချက်မီးလင်းရသည့်အကြောင်းများစွာထဲမှ အပေါ်ကဖြစ်သော လက္ခဏာရပ်တွေလည်းဖြစ်ပါသည်။
ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာသည်ဆိုပါက (On Board Diagnosis) OBD2 များဖြင့် ပြစ်ချက်ရှာစစ်ဆေးပြီး စနစ်တကျပြုပြင်သင့်ပါသည်။