ကိုဗစ်ကာလ ကနဦးယာဥ်မှတ်ပုံတင်ခြင်းကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်


Covid-19 ရောဂါကူးစက်မှုများကြောင့် ယာယီပိရပ်နားထားသော

မော်တော်ယာဥ်နှင့်ဆက်စပ်သည့် လုပ်ငန်းများထဲမှ ကနဦးယာဥ်မှတ်ပုံတင်ခြင်း လုပ်ငန်းကို

Online Booking စနစ်ဖြင့် လုပ်ဆောင်ရန် စီစဉ်နေသည်။

ကနဦးယာဥ်မှတ်ပုံတင်လုပ်ငန်းကို Online Booking စနစ်ဖြင့် ဆောင်ရွက်ရာ၌ တစ်ရက်လျှင်

ထောက်ကြန့် ကညနရုံးတွင် အစီး ၂၀၀၊ မန္တလေး ကညနရုံးတွင် အစီး ၁၀၀၊ နေပြည်တော်နှင့် ရွာသာကြီး

ကညနရုံးတို့တွင် အစီး ၅၀ စီ ဆောင်ရွက်ပေးရန် လျာထားကြောင်းသိရသည်။

ကနဦးယာဥ်မှတ်ပုံတင်ခြင်း ရက်လွန်ဒဏ်ကြေးကို

တည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ လျော့ပေါ့ စဉ်းစားပေးသွားမည်ဟု သိရသည်။

Read 11058 times