ဂြိုလ်သားတွေရဲ့ နည်းပညာနဲ့ တည်ဆောက်ထားသလားထင်ရတဲ့ E-VTOL အာကာသယာဉ်ပျံ


ကမ္ဘာပေါ်မှာရှိတဲ့ လူတချို့ဟာ ကမ္ဘာကြီးရဲ့ ဖြစ်လာမည့်အနာဂတ်ကို ကြိုမြင်တွေ့မယ်ဆိုပါက ကမ္ဘာကြီးက ထိုလူအများအတွက် အတော်လေးကြောင်တောင်တောင်နိုင်နေမှာပါ။သို့ပေမယ့် နည်းပညာတိုးတက်လာပြီး စက်ပစ္စည်းတွေခေတ်မှီလာမယ့် ရက်တွေကို တဖြေးဖြေးမျှော်ကြည့်မယ်ဆိုရင်တော့ အရင်သိပ္ပံ ဇာတ်ကားများနည်းတူ စိတ်ဝင်စားဖွယ်များကို ကျွန်တော်တို့ ကမ္ဘာ ကြီးပေါ်မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပါ။ 

အခုဆိုရင်တော့ Tesla မှ E-VTOL ဆိုတဲ့ အာကာသ ယာဉ်ပျံကို ထုတ်လုပ်ထားပြီဖြစ်ပြီး အဆိုပါ ယာဉ်ပျံဟာ Area 51 မှ ဂြိုလ်သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ဂြိုလ်သားနည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားပုံပါ။

 

 

ကျွန်တော်တို့ အနေနဲ့ ခေတ်မှီ VTOLs လေယာဉ်ပျံများကို ကမ္ဘာ့ နေရာ အနှံအပြားမှာ အုန်းအုန်း ကျွတ်ကျွတ်မြင်ခဲ့ပြီးပါပြီထို့အပြင် ဂျပန်မှ SkyDrive ဆိုတဲ့ ကားပျံများကိုလည်းမြင်ခဲ့ပြီးပါပြီ။ဒီမြင်တွေ့ခဲ့ရတာတွေ အားလုံးဟာ ကျွန်တော်တို့ အနာဂတ်မှာ မြင်တွေ့ဖြစ်ပေါ်လာမယ့် အရာတွေပါပဲ။

 

 

Tesla ဟာ အမြဲ သူ့ Brand ကို အမြဲတမ်း အဆင့်အတန်းမှီအောင်အမြဲထိန်းသိမ်းထားရုံမက ခေတ်မှီတဲ့ ဒီဇိုင်းတွေသာ အမြဲထုတ်လုပ်ပါတယ်။အခု Tesla ရဲ့ Model V ပုံပန်းနဲ့ ဆေးချယ်မှုကို ကြည့်မယ်ဆို VTOLs အာကသယာဉ်ပျံဟာ အတော်လေးကို သိပ္ပံနယ်ပယ်ဆန်နေတာတွေ့ရပါတယ်။ထိုသို့ သိပ္ပံနယ်လွန် ဆန်နေသည့်အပေါ်တစ်စုံတစ်ယောက်တွေဟာ အချိန် ကုန်ခံ ၊ အင်အား ကုန်ခံ ၊ စိုက်ထုတ်မှု တွေ အရင်းတည်ကာ အိမ်မက်တွေကို အကောင်အထည်ဖော်ရတာပဲဖြစ်ပါတယ်။ ဘာကြောင့်ဒီလို အကောင်ထည်ဖော်တာလဲဆိုတာ အကြောင်းအရင်းက ရှိလာပြန်ပါတယ်။

 

 

အခု အာကသယာဉ်ပျံရဲ့ ဒီဇိုင်းဟာ အင်္ဂလန်မှ စက်မှုပစ္စည်းပိုင်းဆိုင်ရာ ဒီဇိုင်းနာတစ်ဦးဖြစ်တဲ့ Tom Abbot-Davies ရဲ့ တီထွင် ဖန်တီးမှု့ဖြစ်ပြီး သူ့ပြောကြားချက်အရ ‘’ အဆိုပါယာဉ်ပျံအတွက် အခြားနာမည်ထွေထွေထူးထူး ရှာဖို့ မလိုခဲ့ပါဘူး ‘’ လို့ Davies မှ ပြောကြားခဲ့ပါတယ်။

 

အာကသယာဉ်ပျံ Project ကြီး တစ်ခုလုံးအတွက် အချိန် ၃ နှစ်ယူခဲ့ပြီး Project စတင်လုပ်ဆောင်ချိန်မှ စ ဘယ်အချိန်ပြီးမယ် ၊ ဘယ်လောက်မြန်မြန်ပြီးမယ် ၊ ဘင်္ယလောက်ပြီးဖို့ လိုသေးမယ် မသိခဲ့ရဘူးလို့ဆိုပါတယ်။ထို့အပြင် ဘယ်လိုတွေ လုပ်ရမယ်ဆိုတဲ့ အချက်လေးတွေတော့ Tom Abbot-Davies တို့ အဖွဲ့မှာရှိခဲ့ပါတယ်ထို့ပြင် ဘယ်လို နည်းပညာနဲ့ သွားမယ်ဆိုတာကိုတော့ သိထားခဲ့ပါတယ်။

 

 

တကယ်တန်းမှာ ဒီ အာကာသယာဉ်ပျံဒီဇိုင်းဟာ Tesl‌a မှ အတွေးအမြင်ပေါ် အခြေခံခဲ့ပါတယ်။ဒါကြောင့် အဆိုပါ ယာဉ်ပျံဟာ လျပ်စစ်အားသွင်းကိရိယာများတက်ဆင်ထားပြီး ကြီးမားတဲ့ လစ်တီယံ ဘက်ထရီ ကိုတပ်ဆင်ထားကာ အရှေ့မှ ခေါင်းခန်းကြီးတစ်ခုလုံးကို ထိန်းထားတယ်သိရပါတယ်။

 

ယာဉ်ဒီဇိုင်းဟာ စုတ်ခွက် ငါးအကြီးစား ( manta ray ) ကိုယ်ခန္ဒာပုံ ဖြစ်ပြီး ၊ ဂြိုလ်သားတွေက ကမ္ဘာပေါ်ကိုတကယ်ခြေချမိမယ်ဆိုရင် သူတို့ လုပ်တဲ့ ယာဉ်ပျံလို့ ကျွန်တော်တို့ထင်မိမှာပါ။အဆိုပါ ယာဉ်ဒီဇိုင်းဟာ နည်းပညာ မြင့်မားတဲ့ လေယာဉ်များရဲ့ လေဟုန်ကို တိုးဖြတ်ဖို့ လုပ်ထားတဲ့ ဒီဇိုင်းပါ။ထိုယာဉ်ပျံရဲ့ အပြင်အသားကို တိုင်တေနီယမ်သတ္တုနဲ့ လုပ်ထားတာဖြစ်ပြီး ယာဉ်ပျံရဲ့ အနောက်မှာ ကာဗွန် အမျှင်များထည့်သွင်းအသုံးပြုထားပါတယ်။

 

အဆိုပါ အာကာသယာဉ်ပျံရဲ့ အလည်မှာ ခေါင်းခန်းဖြစ်ပြီး လူသားတစ်ဦး ကျယ်ကျယ်လွင့်လွင့် ထိုင်နိုင်ပါတယ်။သို့ပေမယ့် သူတို့တွေက ခေါင်းခန်းကို ထက်ချဲ့ဖို့ရှိကြီး သာမန်လေယာဉ်များအတိုင်း ကျယ်အောင်လုပ်မယ်သိရပါတယ်။ ထို့အပြင် ခေါင်းခန်းရဲ့ တစ်ဖက်စီမှာ သာမန်လေယာဉ်များ သုံးထားသလို ကြီးမားတဲ့ တာဗိုနှစ်ခုကို ထည့်သွင်းထားမှာဖြစ်ပြီး အဆိုပါ တာဗိုများမှ ယက်သွားပြား က တိုင်တေနီယမ်နဲ့ ပြုလုပ်ထားပြီး 650KW ရှိတယ်သိရပါတယ်။ယာဉ်ပျံရဲ့ အနောက်ပိုင်းမှာတော့ 1250KW ရှိတဲ့ တာဗိုကို တက်ဆင်ထားတာဖြစ်ပြီး ထို ယာဉ်တစ်စဉ်းလုံး ၃၆၀ ဒီဂရီ အသွားအလာကို ထိန်းချုပ်တယ်သိရပါတယ်။

 

 

ယာဉ်ပျံရဲ့ အဓိက အပိုင်းတွေကို မက်ဂနီဆီယမ် သတ္တုကို အောက်ခံထားပုံဖော်ထားတဲ့ အပြင် အဆင်းဂီယာကို ပါမက်ဂနီဆီယမ် နဲ့ အောက်ခံထားတည်ဆောက်ထားတယ်သိရပါတယ်။ဒီယာဉ်ရဲ့ လုံခြုံရေး ပိုင်းဆိုင်ရာ အရ မော်တာ တစ်ခု ပျက်ခဲ့ သည်ရှိသော် Distributed Electric Propulsion ပွင့်သွားပြီးလေယာဉ်ကိုစွမ်းအင်လျော့ချကာမြေပြင်ပေါ်ဆင်းသက်နိုင်အောင်ပြုလုပ်ပေးထားတယ်သိရပါတယ်။

 

ကျွန်တော်တို့တွေမပြောနိုင်တာက ဒီအာကသယာဉ်ပျံဟာ ဘယ်သိပ္ပံ ရုပ်ရှင်ဇာတ်ကားထဲကမှန်း အတိအကျ မပြောနိုင်ပေမယ့် Abbot’s work ရဲ့ ပစ္စည်းတွေကို သင်သတိထားကြည့်မယ်ဆို သူတည်ထွင်ပြီးတာနဲ့ တီဗီမှာပါလာတာပါပဲ အခု ဒီ E-VTOL ယာဉ်ပျံကိုလည်း သိပ်မကြာခင်မှာ ကမ္ဘာနဲ့ ဂြိုလ်စစ်ဖြစ်တဲ့ ဇာတ်ကားတွေမှာ ဒီ ယာဉ်ပျံပါလာမှာပါ။

 

Source: Auto Evolution

Read 744 times