သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှအရောင်းရဆုံးကားများ


မေလထဲရောယခုဇွန်လထဲရောက်လာသည်အထိအရောင်းအဝယ်မှာမရှိသလောက်နည်းပါသည်။

မနှစ်ကကျောင်းဖွင့်ရာသီတွင်အရောင်းအဝယ်ကောင်းသောလည်းယခုနှစ်တွင်တော်တော်လေးအေးနေသည်။

ရန်ကုန်လိုင်စင်ကိုအဝယ်လိုချင်ကြသော်လည်းရန်ကုန်လိုင်စင်ပြန်မချပေးသည့်အခါနယ်လိုင်စင်သာရသောကြောင့် ကားဈေးကွက်အနည်းနှင့်အများရိုက်ခတ်စေပါသည်။

၁၃၀၀ စီစီကားထဲတွင်နံပါတ်အနိမ့်အက္ခရာများဖြစ်သည့် H,I,J တန်းများဖြစ်သည့် Fit,Vitz Ractis, Belta ကားများမှာသိန်း ၁၅၀ ဝန်းကျင်တွင်အရောင်းအဝယ်ဖြစ်နေပါသည်။

စလစ်ကပ်ကားထဲတွင်ရွှေငါး,Crown,Wish,Kluger ကားများအရောင်းအဝယ်ဖြစ်သော်လည်းအရမ်းအကောင်းကြီးမဟုတ်ပါ။

သိန်း ၂၅၀ နှင့်သိန်းသုံးရာကြားထဲမှကားများလောက်သာအရောင်းအဝယ်ဖြစ်ပါသည်။

ယခုတစ်ပတ်တွင်သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းမှအရောင်းရဆုံးကားများနှင့် ယင်းတို့၏ဈေးနှုန်းများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
Toyota Probox BGO 2012 168
Toyota Crown YGN 2005 282
Honda Fit ယာယီ 2011 183
Toyota Vitz ယာယီ 2013 203
Toyota RAV-4 YGN 2006 345
Honda Insight ယာယီ 2011 198
Toyota Alphard ယာယီ 2005 350
Toyota Hilux Vigo MDY 2012 310
Toyota Kluger YGN 2003 338
၁၀ Suzuki Swift MDY 2011 170

 

Read 4151 times