ကားတစ်စီး မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ လုပ်ဆောင်ရမည့်အချက်များ


လူတိုင်းက မြန်ဆန်တဲ့ကားကိုလိုချင်ကြတယ်။ တစ်ချို့ကပဲ ကားကိုဘယ်လိုမြန်အောင် မောင်းရမလဲဆိုတာကို စိတ်ဝင်စားကြပါတယ်။

ကိုယ့်ရဲ့ကားက Lamborghini ဖြစ်ဖြစ် Toyota Belter ဖြစ်ဖြစ် မြန်နှုန်းကို ထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။

ကိုယ်ရဲ့ ဦးတည်ချက်ကို သေချာအာရုံစိုက်လိုက်မယ်ဆိုရင် လက်နဲ့ခြေထောက်က ဘာလုပ်ရမလဲ၊ ဘယ်သွားရမလဲဆိုတာ အလိုအလျောက်သိသွားပါလိမ့်မယ်။

လျှင်မြန်မှု 

လက်ရှိအချိန်မှာ အရမ်းမြန်တဲ့ ကားတွေမှာ အကောင်းစား မြင်းကောင်ရေတွေနဲ့ ကွန်ပျူတာထိန်း ဘရိတ်စနစ်တွေပါနေတဲ့အတွက် ကားမောင်းသူတွေအနေနဲ့ မောင်းတဲ့အချိန်မှာ ဝေါ့ရှော့ဆရာလောက် သိထားစရာ မလိုပါဘူး။ ဗဟုသုတအနည်းငယ်က အန္တရာယ်လည်းဖြစ်စေနိုင်တယ်ဆိုပေမယ့် တစ်ခါတလေတော့ အသက်ကယ်ဆေးဖြစ်နိုင်ပါတယ်။

မြန်နှုန်းက ကိုယ့်ရဲ့ အခြေအနေပေါ်မှာမူတည်ပါတယ်။

အမြဲတမ်းလိုလို ကိုယ့်ကားကို ကိုယ်သွားချင်နေရာဆီကိုသာမောင်းပါ။ ကိုယ်ကြောက်တဲ့နေရာကို မကြည့်ပါနဲ့။

အဝေးပွိုင့်တွေကို ကြိုကြည့်ထားပါ။ ပြီးတော့ ထောင့်ချိုးတွေကိုလည်း သတိထားဖို့လိုပါတယ်။

ကားပဲမောင်းမောင်း၊ စက်ဘီးပဲစီးစီး ကိုယ်နောက်ဆုံးသွားချင်တဲ့နေရာကို သေချာမှတ်ပြီးကြည့်မယ်ဆို ကိုယ့်ရဲ့ခန္ဒာကိုယ်က အလိုအလျောက်အလုပ်လုပ်သွားပါလိမ့်မယ်။

ကားပြိုင်ပွဲတွေကိုကြည့်မယ်ဆိုရင် တစ်ချို့အမြန်ဆုံး အပတ်ရေက ကိုယ့်မျက်လုံးထဲမှာ နှေးနေသလိုဖြစ်တတ်ပါတယ်။

ကားမောင်းသူက ကားကို သာသာယာယာပဲ ထိန်းချုပ်မောင်းနေပြီး ဘာမှ ထူးထူးထွေထွေ မလုပ်သလိုပါပဲ။

ကျွန်တော်တို့အနေနဲ့လည်း ကားမောင်းတဲ့အခါမှာ သွေးအေးအေးနဲ့ သာသာယာယာမောင်းဖို့လိုပါတယ်။ ရုတ်တရက် ရပ်လိုက်၊ ကွေ့လိုက်တာမျိုး၊ ကားကို ဦးတည်ချက်ပြောင်းအောင်လုပ်လိုက်တာမျိုးတွေကို မလုပ်မိဖို့ သတိထားရပါမယ်။

ကား ဦးတည်ချက်အပြောင်းအရွှေ့၊ ဘရိတ်နင်းတာ၊ လီဗာနင်းတာတွေကို ဖြေးဖြေးနဲ့မှန်မှန်ပဲလုပ်ပါ။

ကိုယ့်ရဲ့ ခန္ဒာကိုယ်က ဒီလိုမျိုး လှုပ်ရှားမှုမျိုးတွေရဖို့ အလေ့အကျင့်လုပ်ပေးပါ။ ဒီလိုဖြေးဖြေးမှန်မှန်လုပ်ပြီးမှ အရှိန်မြင့်သွားဖို့ လုပ်ဆောင်သွားနိုင်ပါတယ်။

စိတ်ကို သာသာယာယာထားပြီး ကားမောင်းနေတာကို ဈန်ကြွနေသလို ခံစားထားပါ။ ဒီလိုဖြစ်နေမှသာ အရှိန်ပြင်းတဲ့ကားကို အလုံးစုံထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

တစ်ပြိုင်နက်လုပ်ပါ 

ကွေ့မယ်ဆိုရင် ဘရိတ်ကို ချက်ချင်းအုပ်ပါ။

ဒီလိုလုပ်ရင်း စတီရာတိုင်ကို လွတ်ရာဘက်ကို ချက်ချင်းရွှေ့ပြီး အကွေ့ကလွတ်တာနဲ့ အရှိန်ကိုလျှော့လိုက်ပါ။

သတိထားရမှာက ဒါတွေကို ချက်ချင်းလုပ်ရမှာဖြစ်ပါတယ်။

ပထမဆုံးအကြိမ်မှာတော့ ခက်ခဲနိုင်ပေမယ့် ဒါကို မလုပ်နိုင်ရင် ကားကို ဘယ်လိုမှ ထိန်းချုပ်မောင်းနှင်နိုင်မှာမဟုတ်ပါဘူး။

ဟန်ချက်ညီဖို့ကြိုးစားပါ 

ကားကိုအရှိန်ပြင်းပြင်းမောင်းနှင့်ရင် အရေးကြီးဆုံးက ကားကို ဟန်ချက်ညီအောင်ထားဖို့ပါပဲ။

ကားကို အရှိန်ပြင်းအောင်တင်လိုက်မယ်ဆိုရင် အနည်းငယ်ရမ်းသွားနိုင်ပါတယ်။

ဘရိတ်အုပ်လိုက်ရင်လည်း ကားရဲ့ ဝိတ်ကြောင့် အနည်းငယ်ရမ်းသွားနိုင်ပါတယ်။

အကယ်၍ ကွေ့မယ်ဆိုရင် ကိုယ့်ရဲ့ကားဘီး လေးဘီးစလုံး ဟန်ချက်ညီနိုင်သမျှညီဖို့ လုပ်ဆောင်ရပါမယ်။

ဒါက ကိုယ့်ကားရဲ့ စွမ်းဆောင်ရည်နဲ့ တည်ဆောက်ထားမှုအပေါ်တော့ မူတည်ပါတယ်။

အရှေ့အနောက်ဟန်ချက်ညီဖို့ကတော့ ကားကိုကွေ့ပြီဆိုတာနဲ့ အရှိန်ကို ထိန်းဖို့ပါ။ ရှိသမျှခြေထောက်တွေကို မလွှတ်လိုက်ပဲ အားလုံးအပေါ်ကို သာသာယာယာလေးတင်ထားဖို့လိုပါတယ်။

တည်တည်ငြိမ်ငြိမ်ထားပါ 

စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ အားလုံးကို ကြောက်နေတာက ပျော်ဖို့မကောင်းဘူးလေ။

အကြောက်တရားတွေကို ဘေးဖယ်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြင့်ဖို့လုပ်ပါ။

တရားလွန်ကြောက်နေမယ်ဆိုရင် ကိုယ့်ဦးနောက်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မိပါလိမ့်မယ်။ မှန်ကန်တဲ့ဘက်မှာနေပါလို့ အကြံပေးချင်ပါတယ်။

Read 5055 times