စတီယာရင်ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက်များ


ကားမောင်းနှင်သည့်အခါတွင် မိမိကား၏ စတီယာရင်ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက်များကို ကားချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။လှည့်လိုက်တိုင်းနားစွင့်ထားပါ

========================

ယာဉ်မောင်းသူက စတီယာရင်ကို လှည့်လိုက်သည့်အချိန်တွင် စူးရှရှည်လျားသော ပြည်သံ၊ ညည်းတွားသံမျိုးနှင့် စီခနဲကျယ်ကျယ်လောင်လောင် အသံမြည်လာပါက ကား၏ စတီယာရင်စနစ်တွင် ပြသနာရှိနေပါပြီ။

ထိုသို့ဖြစ်ခြင်းမှာ စနစ်အတွင်းတွင်ရှိသော ပန့်(pump)က အရည်အပေါ် သက်ရောက်တဲ့ဖိအား ကျဆင်းနေခြင်းဖြစ်ပါတယ်။

၂။အလွတ်လှည့်ကြည့်ပါ

===================

စတီယာရင်ဘီးကို အလွတ်လှည့်ကြည့်ရင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် စတီယာရင်ကို အားမစိုက်ဘဲ အနည်းငယ်လှည့်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီးလှည့်နိုင်ပါတယ်။

စတီယာရင်ကို လိုအပ်တာထက်ပိုပြီး အားစိုက်လှည့်နေရပါက ကား၏ ပါဝါစတီယာရင်ချွတ်ယွင်းနေပါပြီ။

၃။ယိုစိမ့်နေတာရှိလား

=================

ပါဝါဆီယိုစိမ့်ခြင်းရှိမရှိ အမြဲစစ်ဆေးသင့်ပါတယ်။

ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏ အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုးရှိမရှိ စစ်ဆေးရပါမယ်။

ယိုစိမ့်သည့် အစက်အပေါက်မှာ ပန်းရောင်သို့မဟုတ် အနီရောင်ဖြစ်နေပါက ပါဝါစတီယာရင်စနစ်အတွင်းတွင် ပါဝါဆီယိုစိမ့်နေတာ ဖြစ်ပါတယ်။

ထိုသို့ဖြစ် မဖြစ် အလွယ်တကူသိရှိလိုပါက ယင်းနေရာတွင် စက္ကူဖြူ သို့မဟုတ် အဖြူရောင်ကတ်ထူပြားတစ်ချပ်ကို ထားရှိလိုက်ပါ။

အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏ အရောင်ကိုအလွယ်တကူသိရှိစေမှာ ဖြစ်ပါတယ်။

၄။သတိပေးပါ

==========

မိမိကား၏ ပါဝါစတီယာရင်စနစ်ချွတ်ယွင်းနေပါကအခြားယာဉ်မောင်းသူကို သတိပေးပါ။

မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ မိမိကား၏ ပါဝါစတီယာရင်ချွတ်ယွင်းနေပါက ပထမဆုံးဖြစ်လာသောကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားယွင်းပြီး ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါတယ်။

ဖြစ်ပေါ်နေသည့် ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများ သိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေးပါ။

သို့မှသာ မိမိကားတွင် ပြဿနာတစ်ခုခုဖြစ်နေပြီကို အခြားယာဉ်မောင်းတွေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

၅။လမ်းဘေးကို ရွေ့ပါ

=======================

ကားကိုလမ်းဘေးသို့ရွေ့ပါ။

ပါဝါမပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ပါ။

စတီယာရင်ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင်အတက်နိုင်ဆုံးကြိုးစားပါ။

၆။အမြန်နှုန်းဖြည်းဖြည်းချင်းလျှော့ချပါ

==========================

ကား၏ အမြန်နှုန်းကို ဖြည်းဖြည်းချင်းလျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့်နိုင်ရန်ကြိုးစားပါ။

ဘရိတ်ကိုဆောင့်နင်းခြင်းမျိုးကို ရှောင်ရှားရပါမည်။

ထိုကဲ့သို့ ပြုလုပ်ပါက ကား၏ ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုးဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အတွက် အထူးသတိပြုသင့်ပါတယ်။

မောင်းနှင်နေစဉ်တွင် ပါဝါစတီယာရင်အလုပ်မလုပ်တော့ပါက ကားတွင်ပါရှိပါသော ဘရိတ်အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေတတ်ပါတယ်။

အနည်းငယ်သာဖိအားထည့်ပြီး ခြေနင်းကို ဖိအားပေးရပ်တန့်ရန်ကြိုးစားပါ။

ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်အသုံးပြုပြီး ကားကို ဖြည်းညှင်းစွာရပ်တန့်ပါ။

၇။ရပ်တန့်ပြီး စက်ပြန်နှိုးပါ

====================

ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးပါ။

ပုံမှန်အတိုင်းမောင်းနှင်းပြီး ကားလမ်းနှင့် ဝေးရာကို ကားကိုရွေ့ခြင်း(သို့မဟုတ်)အနီးဆုံးကားဝပ်လျှော့သို့ ဖြည်းဖြည်းချင်းမောင်းနှင်ပါ။

Read 7895 times