Thermostat နှင့်ပတ်သက်၍ သိသင့်သည့်အချက်များ


ရေဆူသော အကြောင်းအရင်းများတွင် Thermostat အပြစ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။

Thermostat  အလုပ်လုပ်ပုံမှာ အင်ဂျင်အတွင်းရှိသော ရေနှင့် ရေတိုင်ကီအတွင်းရှိသော ရေကို ခွဲခြားပေးထားပြီး အင်ဂျင်အတွင်းရှိရေကို သတ်မှတ်အပူချိန်ရောက်အောင် ထိန်းထားပေး၍ ရေတိုင်ကီအတွင်းရှိရေကိုအေးစေပါသည်။

အင်ဂျင်အတွင်းရှိရေများ သတ်မှတ်အပူချိန်ရောက်သောအခါ အပူချိန်ကြောင့် Thermostat ဘားစပရိန် ပျော့သွားကာ ရေပူများကို အပြင်သို့ထုတ်ပေးပြီး ရေတိုင်ကီအတွင်းရှိ ရေအေးများ ဘားစပရိန်ရောက်ချိန်တွင် ပြန်ပိတ်လိုက်ပါသည်။

ထို Thermostat မကောင်း၍ ဘားစပရိန်မပွင့်ခြင်း၊ သတ်မှတ်အပူချိန်ထက်ကျော်မှ ဖွင့်ပါက ကားရေဆူတတ်ပါသည်။

ရေဆူရာတွင်လည်း Thermostat အပြစ်ကို အများဆုံးတွေ့ရတတ်ပါသည်။

Thermostat ကောင်း မကောင်း စမ်းသပ်ပုံမှာ လျှပ်စစ်ရေနွေးအိုးအသေးထဲတွင် Thermostat အားထည့်ပြီး Thermostat နှင့်အတူ ရေအပူချိန်တိုင်း ဆင်ဆာကြိုးပါသော Digital Ohm Meter မှ အပူတိုင်းဆင်ဆာကြိုးနှင့် အတူထည့်ပြုတ်ပါ။

79 ံC ဟုရေးထားသော Thermostat သည် ဒီဂျစ်တယ် မီတာတွင် 79  ံC ပြပါက Thermostat အလုပ်လုပ်သံကို ကြားရပါသည်။

82  ံC , 88  ံC အစရှိသော Thermostat တွင် ရေးထားသော အပူချိန်အတိုင်း အတိအကျ အလုပ်လုပ်မှသာ Thermostat ကောင်းပါသည်။

သတ်မှတ်ချက်ထက် အပူချိန်နည်း၍ဖြစ်စေ များ၍ဖြစ်စေ အလုပ်လုပ်ပါက Thermostat မကောင်းတော့သဖြင့် အသစ်လဲလှယ််ရပါမည်။

အနည်းဆုံး ၃ခေါက်စမ်းသပ်သင့်ပါသည်။

Thermostat အသစ်လဲလှယ်ချိန်တွင် Thermostat အဟောင်းတွင်ပါရှိသော အပူချိန်အတိုင်းသာ အတိအကျလဲရမည်ဖြစ်ပါသည်။

Thermostat ကို ထုတ်ပစ်ခြင်းမပြုလုပ်ရပါ။

ထုတ်ပစ်ပါက ခရီးဝေးမောင်းနှင်ခြင်း၊ ယာဉ်ကို အချိန်ကြာမြင့်စွာ အသုံးပြုပါက ရေဆူကာ ဟက်/ ဂက်စကက်ပြတ် တတ်ပါသည်။

 

Read 1439 times