Thermostat က အင်ဂျင်ပူအောင်လုပ်တာလား


ခုချိန်ထိ Thermostat ဆိုရင် "အင်ဂျင်ပူအောင်လုပ်တာ..." "မြန်မာပြည်က ပူတယ်" "မလိုဘူး...ဖြုတ်" "ဂျပန်မှာက အေးလို့တပ်ထားတာ" စသည်ဖြင့်ကြားနေရပါသေးတယ်။

တကယ်တမ်း Thermostat ဆိုတာ အင်ဂျင်ကို ပူအောင်လုပ်တဲ့ ပစ္စည်း မဟုတ်ပါဘူး။ အင်ဂျင်ဟာ အမြဲတမ်း အေးနေမယ်ဆိုရင် ဆီများများကျွေးရလို့ ဆီစားပါမယ်။ အမြဲတမ်းပူနေမယ်ဆိုရင် အပူလွန်ပြီး gasket တွေ seal တွေပျက်စီးကုန်ပါမယ်။

ကားအင်ဂျင်ရဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့အပူချိန်ဟာ ( 82 - 99 ံC )အတွင်းဖြစ်ပါတယ်။ အဲ့အပူချိန် အတွင်းမှာ ရှိနေအောင် Thermostat က အအေးခံရည် coolant ကို အပိတ် အဖွင့် လုပ်ပေးရုံပါပဲ။ အင်ဂျင်တစ်လုံးရဲ့operation temperature မှာ အကောင်းဆုံး လိုက်ပါ လုပ်ဆောင်မယ့် engine oil, spark plug, fuel consumption, emission စတဲ့အရာတွေ များပါတယ်။ အင်ဂျင်စက်နှိုးပြီး operation temperature မရောက်ခင်အထိ Thermostat က Radiator လို့ခေါ်တဲ့ ရေတိုင်ကီထဲက coolant တွေကို ပိတ်ခံထားပြီး အင်ဂျင်ဘလောက်ထဲက coolant တွေနဲ့ပဲ run မယ်။ operation temperature ကျော်သွားရင် Thermostat ဖွင့်ပြီး ရေတိုင်ကီထဲက coolant အအေးတွေနဲ့ ရောမွှေစေမယ်။ Radiator fan ပါလည်ခိုင်းပြီး အအေးခံမယ်။ ဒါပါပဲ။ တစ်ခုရှိတာက "ပေါ့စေလိုလို့ ဘာထိုး..." ဆိုတာပါပဲ။

အကြောင်းတစ်စုံတစ်ရာကြောင့် (coolant မသန့်တာ/ water pump မကောင်းတာ/ belt ကြိုးချော်တာ/ radiator ဂျီးပိတ်တာ စသည်) Thermostat valve အလုပ်မလုပ်တော့ဘူးဆိုရင်တော့ ရှော့ရှိပါမယ်။ ၂ မျိုးရှိပါတယ်။ တစ်မျိုးက Thermostat ပွင့်လျက်သားဂျီး ပျက်နေတာပါ။ အာ့ဆိုရင် Thermostat ဖြုတ်ထားသလိုပါပဲ။ အင်ဂျင် operation temperature ရောက်ဖို့ခက်မယ်။ အပူချိန်ကျနေရင် ဆီပိုကုန်မယ်။ efficiency ကျမယ်။ အင်ဂျင်ဝိုင်အေးနေတော့ ရောက်သင့်တဲ့ နေရာတွေအထိမရောက်ရင် ပွန်းစားကုန်မယ်။ အင်ဂျင်တွင်းပေါက်ကွဲလောင်ကျွမ်းမှု အပူချိန် နည်းတော့ emission တက်မယ်။ နောက်တစ်မျိုးက Thermostat ပိတ်လျက်သားဂျီး ပျက်နေမယ် ဆိုရင်လည်း အင်ဂျင်ဘလောက်ထဲကcoolant နဲ့ radiator မရောလို့ အင်ဂျင် heat စွတ်တက်ပါမယ်။ အာ့ကို သတိမထားမိရင် အင်ဂျင် gasket တွေ seal တွေပျက်ကုန်ပါမယ်။

အဲ့တော့ Thermostat ကောင်းမကောင်း အမြဲလေ့လာနေရပါမယ်။ ရှင်းပါတယ် ကားဒိုင်ခွက်ထဲက heat gauge (pointer မဟုတ်ရင် မီးနီ) ကိုစောင့်ကြည့်ရပါမယ်။ ဒါပေမယ့် heat တက်သွားမှသိရင် အင်ဂျင်နာပါတယ်။ အင်ဂျင်ပူနေတဲ့အချိန်မှာ Radiator နဲ့ အင်ဂျင် ကိုဆက်ထားတဲ့ အထက်အောက်ပိုက် ၂ ချောင်းကိုကိုင်ကြည့်ပါ။ အပူချိန်ချင်း မကွာရပါဘူး။ ပိုက် ၁ ချောင်းပူ ၁ ချောင်းအေးဆို Thermostat မကောင်းဘူးလို့ အကြမ်းဖျဉ်းမှတ်ယူရပါမယ်။ ထပ်ချဲ့ပြီးရေးရရင် Thermostat တပ်ဆင်တဲ့နေရာ ၂ မျိုးရှိပါတယ်။

၁။ Radiator ကနေ အင်ဂျင်ကိုသွားတဲ့ coolant ရာဘာအောက်ပိုက်ထိပ်မှာ တပ်ဆင်တာနဲ့

၂။ အင်ဂျင်ကနေ Radiator ကို coolant ပြန်ဝင်တဲ့ အပေါ်ပိုက် ထိပ်မှာ တပ်ဆင်ခြင်းပါ။

အဲ့ ၂ မျိုးမှာ ပထမ တစ်မျိုးဖြစ်တဲ့ coolant အဝင်မှာ Thermostat တပ်တဲ့ အင်ဂျင်တွေကို Thermostat ဖြုတ်ထားမိရင် ပိုဆိုးပါတယ်။ Thermostat မပါပေမယ့် အင်ဂျင်တွင်းမှာပဲ ရေလည်နေတတ်လို့ပါ။ သု့ရဲ့ by pass လမ်းကြောင်းဟာ coolant pump နဲ့ ကိုနီးလို့ radiator နဲ့ အဆက်အသွယ်မလုပ်လို့ပါ။ ဇာတ်လိုက်ကြီး Thermostat ဆိုတာကတော့ စပရင်ရယ် ကျုံ့ကြွရာဘာရယ်ပါဝင်တဲ့ အပိတ်အဖွင့် ဗားပါပဲ။ အပူချိန်များလာရင် ရာဘာကကြုံ့လာပြီး ဗားကိုဆွဲဖွင့်မယ်။

အေးရင် ပွပြီး စပရင်က ပြန်တွန်းပိတ်ပါမယ်။ ပိတ်ဖွင့် အပူချိန်ကို Thermostat အပေါ်မှာ ထွင်းရေးထားပါတယ်။ နောက်ပြီး coolant change မှာ လေမခိုအောင် jiggle valve ခေါ် လေဗားသေးသေးလေး ပါပါတယ်။ သာမိုစတက် ကောင်းမကောင်းဖြုတ်စစ်မယ် ဆိုရင်တော့ ရေနဲ့ အိုးထဲထည့်ပြုတ်ပြီး သူပွင့်ရမယ့်အပူချိန်မှာ ဗားပွင့်/ မပွင့်ထိုင်စောင့်ကြည့်ရုံပါပဲ။ Thermostat ထားတဲ့နေရာပေါ်မူတည်ပြီး Bypass valve ပါတဲ့ ဟာနဲ့ မပါတဲ့ဟာဆိုပြီး ၂ မျိုးရှိပါတယ်။

Source: Lin Htet (Engineering Explained)

Read 1306 times