ကမ္ဘာပေါ်တွင် ကားအမျိုးအစားပေါင်းမျိုးစုံ Brand အစုံ ရှိသည့်အလျောက် ကားအရောင်များမှာလည်း အရောင်အသွေးစုံလင်စွာရှိပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူမျိုးပေါင်းစုံရှိပြီး အကြိုက်မျိုးစုံရှိသည့်အလျောက် ကားအရောင် ကြိုက်နှစ်သက်မှုမှာလည်း မတူညီမှုများဖြစ်ပေါ်လျက်ရှိပါသည်။
ယခုဖော်ပြမည့်အကြောင်းအရာမှာ ကမ္ဘာပေါ်ရှိ ကားအရောင်ရွေးချယ်မှုနှင့်ပတ်သတ်ပြီး အချက်အလက်ပေါင်းများစွာဖြင့် ဖော်ပြပေးထားပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီ၏ အရောင်ကြိုက်နှစ်သက်မှုအပေါ်မူတည်ပြီး ပြောင်းလဲလျက်ရှိသည်ကို တွေရသည်။
အဖြူရောင်ကားရွေးချယ်မှုများ
တစ်ကမ္ဘာလုံးဖြင့်နှိုင်းယှဉ်ပါက အဖြူရောင်ကားသုံးစွဲမှုရာခိုင်နှုန်းသည် ၃၅ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရပါသည်။
ကားအရောင်ရွေးချယ်အသုံးပြုမှုတွင် အဖြူရောင်ရွေးချယ်မှုသည် တရုတ်နိုင်ငံတွင် ၅၀ ရာခိုုင်နှုန်းဖြစ်ပြီး အာဖရိကတွင် ၄၆ ရာခိုင်နှုန်းနှင့် အာရှပစိဖိတ်တွင် ၄၁ ရာခိုင်နှုန်း ရွေးချယ်ကြကြောင်းသိရပါသည်။
အဖြူရောင်ကို ကြိုက်နှစ်သက်သူအများစုသည် အေးဆေးတည်ငြိမ်မှု၊ သပ်ရပ်မှုနှင့် အကောင်းမြင်စိတ်ရှိမှု များ ရှိကြသည်ဟု ဆိုရိုးရှိပါသည်။
အဖြူရောင်ကြိုက်နှစ်သက်သူများသည် ရှေးရိုးစွဲဖြစ်ခြင်းနှင့် ရိုးရှင်းမှုကိုလည်း ကြိုက်နှစ်သက်လေ့ရှိပါသည်။
ငြိမ်းချမ်းမှုရှိခြင်းနှင့် ထိန်းချုပ်နိုင်စွမ်းရှိခြင်းများရှိသည်ဟု ထင်မြင်ယူစေလိုပါက အဖြူရောင်ကားရွေးချယ်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အနက်ရောင်ကားရွေးချယ်မှုများ
တစ်ကမ္ဘာလုံးဆိုင်ရာ အနက်ရောင်ကားသုံးစွဲမှုသည် ၁၈ ရာခိုင်နှုန်းခန့်သာရှိပြီး အဖြူရောင်သုံးစွဲသူ၏ တစ်ဝက်ခန့်မျှသာ ရှိကြောင်း သိရပါသည်။
ကားအရောင်ရွေးချယ်မှုတွင် အနက်ရောင်ရွေးချယ်မှုသည် ဥရောပတွင် ၂၁ ရာခိုင်နှုန်း၊ မြောက်အမေရိက၊ ဂျပန်နှင့်ရုရှားတွင် ၂၀ ရာခိုင်နှုန်း၊ အိန္ဒိယတွင်လူကြိုက်အလွန်နည်းပြီး ကားဝယ်သူ၏ ၃ ရာခိုင်နှုန်းခန့်သာ ရှိပြီး အာဖရိကတွင်လည်း အနက်ရောင်ရွေးချယ်မှုသည် ၁၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရပါသည်။
အနက်ရောင်သည် ဂုဏ်သိက္ခာပါဝါနှင့်ဆက်စပ်နေသည်ဟု ရှေးအယူရှိခဲ့ကြောင်းသိရပါသည်။
အနက်ရောင်သည် ချစ်စရာကောင်းသောစတိုင်လ်ရှိပြီး ကုမ္ပဏီ၏ ထိပ်တန်းခေါင်းဆောင်များနှင့် အဖြူမကြိုက်နှစ်သက်သူများအတွက် အကောင်းဆုံးသော အရောင်ဖြစ်ပါသည်။
ငွေရောင်ကားရွေးချယ်မှုများ
စည်းစိမ်ဥစ္စာ၊ နည်းပညာနှင့် ခေတ်မီသော အရောင်အသွေး၏ ပြယုဂ်ဖြစ်သော ငွေရောင်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကားအရောင်ရွေးချယ်မှုတွင် ၁၃ ရာခိုင်နှုန်းရှိပြီး ရွေးချယ်မှု တတိယနေရာကို ရရှိထားပါသည်။
ငွေရောင်ကားကြိုက်နှစ်သက်မှုသည် အိန္ဒိယနိုင်ငံတွင် ၃၀ ရာခိုင်နှုန်း၊ တောင်အမရိကတွင် ၂၃ ရာခိုင်နှုန်းနှင့် ရုရှားတွင် ၁၈ ရာခိုင်နှုန်းနှင့် တရုတ်တွင် ရ ရာခိုင်နှုန်း ကြိုက်နှစ်သက်မှုရှိပါသည်။
မီးခိုးရောင်ကားရွေးချယ်မှု
မီးခိုးရောင်ကားရွေးချယ်မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကြိုက်နှစ်သက်မှုသည် ၁၀ ရာခိုင်နှုန်းရှိပါသည်။
မီးခိုးရောင်ကားကြိုက်နှစ်သက်မှုသည် တောင်ကိုရီးတွင် ၁၇ ရာခိုင်နှုန်း၊ ဥရောပနှင့် မြောက်အမေရိကတွင် ၁၄-၁၅ ရာခိုင်နှုန်းခန့် ကြိုက်နှစ်သက်မှုရှိကြောင်း သိရပါသည်။
ဂျပန်၊ တရုတ်နှင့် အာရှပစိဖိတ်ဒေသများအတွင်းတွင် လူကြိုက်အလွန်နည်းပြီး ကြိုက်နှစ်သက်မှု ၅-၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါသည်။
မီးခိုးရောင်သည် သီးသန့်ဆန်မှုနှင့် ခိုင်မာသောထုတ်ပြန်ချက်များကို ကြောက်ရွံ့သူများအတွက် အပေးအယူအရောင်အဖြစ်ရှုမြင်နိုင်ပါသည်။
ထိုမီးခိုးရောင် ဉာဏ်ပညာနှင့်အသက်တို့ဖြင့် ဆက်စပ်မှုရှိနေသော်လည်း ထိုအကြောင်းအရာသည် ထင်ပေါ်မှုမရှိကြောင်း သိရပါသည်။
အနီရောင်ကားရွေးချယ်မှု
ရဲရင့်သော်အရောင်ဖြစ်ပြီး လူကြိုက်များမည်ဟု ထင်မှတ်မိသော အနီရောင်သည် ထင်ထားသကဲ့သို့ လူကြိုက်များမှုနည်းပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကားအရောင်ရွေးချယ်မှုတွင် ၇ ရာခိုင်နှုန်းသာ ရှိပြီး ပဥ္စမနေရာတွင် ရပ်တည်နေပါသည်။
အနီရောင်ကားကြိုက်နှစ်သက်မှုသည် တောင်အမေရိကနှင့် မြောက်အမေရိကတွင် ၁၀ -၁၁ ရာခိုင်နှုန်းရှိသော်လည်း ဥရောပနိုင်ငံများတွင် ၆ ရာခိုင်နှုန်း ရှိကြောင်းသိရပါသည်။
အနီရောင်ကားသည် စိတ်အားထက်သန်မှု၊ စွမ်းအင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုပြသော အရောင်ဖြစ်သော်လည်း ထိုအရောင်သည် ကြောက်လှန့်မှုကို ထင်ဟပ်ပြသော အရောင်ဖြစ်ကြောင်း သိရပါသည်။
အညိုရောင်ကားရွေးချယ်မှု
သဘာဝဆန်သော မြေပြင်အရောင် ဟုတင်စားခေါ်ဝေါ်သောအညိုရောင်သည် တစ်ကမ္ဘာလုံးဆိုင်ရာ ကားအရောင်ရွေးချယ်မှုတွင် ၆ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။
မြောက်အမေရိက၊ တောင်အမေရိကနှင့် အာဖရိကများတွင် အညိုရောင်ကားရွေးချယ်မှုသည် ၃ ရာခိုင်နှုန်းသာ ရှိကြောင်းသိရပါသည်။
တည်ငြိမ်မှု၊ တာဝန်၊ နှစ်သိမ့်မှုများ၊ မှီခိုမှုနှင့်ဆက်စပ်နေသော အရောင်ဖြစ်ကြောင်းသိရပါသည်။
အပြာရောင်ကားရွေးချယ်မှု
တစ်ကမ္ဘာလုံးဆိုင်ရာ အပြာရောင်ရွေးချယ်မှုသည် အနည်းငယ်သာရှိကြောင်းသိရပါသည်။
ထို့အပြင် မြောက်အမေရိက၊ ဥရောပ၊ ဂျပန်၊ မက်စီကိုနှင့် ရုရှားတို့တွင် အပြာရောင်ကားထုတ်လုပ်မှုသည် ၈-၉ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံတွင် အသုံပြုမှုသည် အလွန်နည်းပါကြောင်း သိရပါသည်။
အပြာရောင်သည် တည်ငြိမ်ခြင်း၊ ဉာဏ်ပညာများနှင့် ဆက်စပ်နေကြောင်း သိရပါသည်။