လည်ပတ်နေဆဲဖြစ်သော ကမ္ဘာ့အကြီးကျယ်ဆုံး ကားစက်ရုံများ အပိုင်း(၂)


မည်သည့်နာမည်ကျော် တန်ဖိုးကြီးသော ကားမျိုးဖြစ်စေ၊ ကားကောင်းတစ်စီးထွက်ရှိလာရန် ထိုကား၏ အဓိကဇာတ်မြစ်ဖြစ်သော ကားစက်ရုံကောင်းကောင်းရှိရန်မှာ အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။

ကားထုတ်လုပ်သူများကလည်း ၎င်းတို့၏ စက်ရုံများကို ခေတ်နှင့် လျှော်ညီအောင် အမျိုးမျိုးမွမ်းမံလေ့ရှိပြီး နည်းပညာအပြင်အဆင်ကြောင့် လူအများစိတ်ဝင်စားခံရသကဲ့သို့ သက်တမ်းကြာရှည် ရပ်တည်နေခြင်းကြောင့် လူအများလေးစားမှုကို ရရှိနေသော ကားစက်ရုံကြီးများလည်း ရှိပါသည်။

ထို့ကြောင့် ယခုလက်ရှိ လည်ပတ်နေဆဲဖြစ်သော ကမ္ဘာ့အကြီးကျယ်ဆုံး ကားစက်ရုံ ၅ ခုကို စုစည်းဖော်ပြလိုက်ပါသည်။

၁။ Ferrari – Maranello, Italy

အီတလီနိုင်ငံမှ Maranello မြို့လေးသည် Ferrari ရုံးချုပ်နှင့် စက်ရုံ တည်ရှိခြင်းကြောင့် နာမည်ကျော်ကြား လူသိများပါသည်။

Ferrari ပြိုင်ကားကုမ္ပဏီတည်ထောင်သူ Enzo Ferrari သည် မူလက Modena တွင် လုပ်ငန်းစခဲ့ခြင်းဖြစ်သော်လည်း ၁၉၄၃ ခုနှစ်တွင် Ferrari ၏ လုပ်ငန်းတစ်ခုလုံးကို Maranello မြို့ဆီသို့ ပြောင်းရွှေ့ခဲ့ပါသည်။

ထိုအချိန်ကတည်းက Ferrari ကုမ္ပဏီရော စက်ရုံပါ ထိုမြို့တွင် တည်ရှိခဲ့ခြင်းကြောင့် Maranello ကို Ferrari အခြေစိုက်မြို့အဖြစ် နာမည်ကျော်စေခဲ့ပါသည်။

၂။ Lamborghinl – Sant’ Agata, Italy

အီတလီနိုင်ငံ၊ Sant’ Agata တွင် Ferrari ၏ အဓိကပြိုင်ဘက်ဟုဆိုရမည့် နာမည်ကျော် Lamborghinl ပြိုင်ကားကုမ္ပဏီတည်ရှိပါသည်။

Ferrari ကို ရင်ဆိုင်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်နှင့် ၁၉၆၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Lamborghinl သည် ထိုတစ်နေရာတည်းမှာတွင် နှစ်ပေါင်းငါးဆယ်ကျော်ကြာအောင် ကုမ္ပဏီထုတ်ကားများကို ထုတ်လုပ်တည်ဆောက်ခဲ့ပါသည်။

ထွန်စက်များထုတ်လုပ်ခဲ့သော လူတစ်ယောက်မှ Lamborghinl ကဲ့သို့ နှစ်ပေါင်းကြာရှည်အောင်မြင်နေသော စူပါပြိုင်ကာကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ခြင်းသည် အံသြလေးစရာကောင်းပါသည်။

၃။ Porsche – Stuttgart, Garmany

Porsche ကားကုမ္ပဏီနှင့် စက်ရုံသည်လည်း နာမည်ကျော် ဂျာမနီဇိမ်ခံကုမ္ပဏီ တစ်ချို့၏ မူလဌာနေအဖြစ် လူသိများသော ဂျာမနီနိုင်ငံ၊ Stuttgart မြို့ကြီးတွင် အခြေစိုက်တည်ရှိပါသည်။

Porsche တည်ထောင်သူ Ferdinand Porsche သည် ၁၉၃၁ ခုနှစ်ကတည်က Stuttgart မြို့တွင် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်တွင် Porsche အမှတ်တံဆိပ်တပ်ကားများကို မထုတ်လုပ်သေးပေ။

တင့်ကားများမှ မူလ Volkswagen Beetle ကားများထုတ်လုပ်ခဲ့သည့် Porsche သည် ပထမဆုံး Porsche အမှတ်တံဆိပ်ကားဖြစ်သော Porsche 356 ကို မထုတ်လုပ်ခင်အချိန်အထိ ထိုသူ့အမှတ်တံဆိပ်အမည်မခံထားသည့် မော်တော်ယာဉ်

အနည်းငယ်ကိုလည်း ထုတ်လုပ်ခဲ့ဖူးပါသည်။

၄။ McLaren – Woking, England

မော်တော်ကားထုတ်လုပ်သူများသည် ကားပြိုင်ပွဲများတွင် ပါဝင်လေ့ရှိသော်လည်း ကားပြိုင်ပွဲကို အခြေတည်ပြီး လုပ်ငန်းစခြင်းမျိုးမှာ နည်းပါးပါသည်။

ဖော်မြူလာဝမ်းပြိုင်ကားသမားတစ်ယောက်ဖြစ်ခဲ့သည့် McLaren ပြိုင်ကားကုမ္ပဏီတည်ထောင်သူ Bruce McLaren မှာ ၁၉၆၃ ခုနှစ်တွင် ထိုသူ့ကိုယ်ပိုင်ပြိုင်ကားအသင်းကို တည်ထောင်ပြီး အင်္ဂလန်နိုင်ငံ၊ Woking မြို့တွင် ကုမ္ပဏီအခြေစိုက်ခဲ့ပါသည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များအထိ လမ်းပေါ်မောင်း ပြိုင်ကားများကို မထုတ်လုပ်သေးပေ။

ယခုဆိုလျှင် Woking တွင် ကားစက်ရုံအပါအဝင် McLaren နည်းပညာလုပ်ငန်းစုကြီးတစ်ခုလုံး အခြေစိုက်တည်ရှိပါသည်။

၅။ Volkswagen – Wolfsburg, Germany

Porsche နှင့်အတူ Volkswagen ၏  သမိုင်းကြောင်းသည်လည်း ၁၉၃၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့ခြင်းဖြစ်ပါသည်။

Volkswagen သည် Beetle ကားများတည်ဆောက်မည့် ကားစက်ရုံတည်နေရာအဖြစ် ဂျာမနီနိုင်ငံ၊ Wolfsburg မြို့ကို ရွေးချယ်ခဲ့ပြီး ၁၉၃၈ ခုနှစ်တွင် နာမည်ကျော် Beetle ကားများကို စတင်တည်ဆောက် ထုတ်လုပ်ခဲ့ပါသည်။

ယနေ့ခတ်အခါတွင် Wolfsburg က Volkswagen ကုမ္ပဏီနှင့်စက်ရုံသည် ပိုဖွံ့ဖြိုးလာပြီး အဆောက်အအုံသစ်များလည်း တိုးတက်ဖြစ်ထွန်းလာသော်လည်း Beetle ကားများ စတင်တည်ဆောက်ခဲ့သော မူလစက်ရုံငယ်ကိုလည်း တွေ့မြင်နိုင်ပါသေးသည်။

 

Read 736 times