Top 10 EV ဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းများ


လျှပ်စစ်မော်တော်ယာဉ်များ  electric vehicles (EVs) ခေတ်ဆီသို့ ဦးတည်ရွေ့လျားနေတာမှာ လျှပ်စစ်မော်တော်ယာဉ်တွေမှာ သုံးစွဲတဲ့ လီသီယံ- အိုင်းယွန်း lithium-ion ဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်းလောက တစ်ဟုန်ထိုး ကြီးထားလာခဲ့ရာမှာ ယခုအခါ အမေရိကန်ဒေါ်လာ ၂၇ ဘီလျံ ရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်နေပြီး ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။ 

အီးဗီတွေအတွက် ဘက်ထရီတွေ ဝယ်လိုအား မြင့်မားနေပြီး ထုတ်လုပ်သူတွေ အမြန်ရရှိကြတယ်။ ဈေးကွက်အတွင် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေလည်း ရှိနေတယ်။ လာမယ့် ၂၀၂၇ ခုနှစ်မှာ ဈေးကွက်ပမာဏက အမေရိကန်ဒေါ်လာ ၁၂၇ ဘီလျံအထိ ကြီးထွားလိမ်မယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒီအချိန်ကျရင် လျှပ်စစ်ကား စီးသူတွေလည်း အတော်များနေပြီလို့ ခန့်မှန်းထားကြပါတယ်

အာရှနိုင်ငံတွေက မော်တော်ယာဉ် စက်အစိတ်အပိုင်းတွေ ထုတ်လုပ်နေကြပြီး လျှပ်စစ်မော်တော်ယာဉ်တွေအတွက် အစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ်ပေးကြမှာဖြစ်ပြီး ဘက်ထရီ ထုတ်လုက်မှုမှာလည်း ဦးဆောင်သူနေရာကို ရယူနိုင်ကြမှာ ဖြစ်ပါတယ်။

Top 10 EV ဘက်ထရီ ထုတ်လုပ်ရေး လုပ်ငန်းများ စာရင်းမှာ ပါတဲ့ လုပ်ငန်းတွေရဲ့ ရုံးချုပ်တွေက အာရှနိုင်ငံမှာ တည်ရှိပါတယ်။ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့မှာ အများစု တည်ရှိပါတယ်။

SNE Research မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ဘက်ထရီ ထုတ်လုပ်ရေး ထိပ်တန်း လုပ်ငန်း သုံးခု ဖြစ်ကြတဲCATL, LG နဲ့  Panasonic   တို့ ရဲ့ အီးဗီ ဘက်ထရီ ထုတ်လုပ်ရေး ဈေးကွက်မှာ  စုစုပေါင်း ဈေးကွက်ဝေစု ၇၀% နီးပါး ရှိပါတယ်။


တရုတ်နိုင်ငံပင်လယ်ကမ်းခြေမြို့ နင်းဒီမှာ တည်ရှိတဲ့ Contemporary Amperex Technology Co. Limited (CATL) ဟာ သက်တမ်း ၁၀ နှစ်အတွင်းမှာ ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီလုပ်ငန်းများ စာရင်းထဲ ရောက်ရှိလာခဲ့ပါတယ်။ အဓိက ထုတ်ကုန်က လီသီယမ် အိုင်းယွန်း ဖော်စဖိတ်  lithium iron phosphate (LFP) အမျိုးအစား ဘက်ထရီ ဖြစ်ပါတယ်။ Tesla, Peugeot, Hyundai, Honda, BMW, Toyota, Volkswagen နဲ့ Volvo တို့ကို ပေးသွင်းပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းတွေ ၂၀၂၀ ခုနှစ်မှာ ၁၂၀% မြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉၆ ဘီလျံ ဖြစ်ပါတယ်။ 

CATL ထူထောင်သူ Zeng Yuqun ကို တရုတ်နိုင်ငံမှ ဆင်းရဲတဲ့ ကျေးရွာတစ်ခုမှာ ၁၉၆၈ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။ ယခုအခါ သူ့ရဲ့ အသားတင်တန်ဖိုးက  Alibaba ထူထောင်သူ  Jack Ma ထက် ပိုများနေပြီ ဖြစ်ပါတယ်။ 
CATL ရဲ့ ပြည်တွင်း ပြိုင်ဘက်က  ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီလုပ်ငန်းများ စာရင်းထဲမှာ စတုတ္ထနေရာမှာ ရောက်ရှိတဲ့ BYD ဖြစ်ပြီး  အမေရိကန်မှ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ Warren Buffett ရင်းနှီးမြှုပ်နှံပြီး ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ 

ပြည်ပမှာတော့ CATL  က ကမ္ဘာ့အကြီးမားဆုံး ဘက်ထရီလုပ်ငန်းများ စာရင်းရဲ့ ဒုတိယနေရာမှာ ရှိတဲ့ LG နဲ့ တတိယနေရာမှာ ရှိတဲ့ Panasonic တို့ကို အပြင်းအထန် ယှဉ်ပြိုင်နေရပါတယ်။ 

ကုမ္ပဏီသက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ Panasonic (ယခင်အမည်ဟောင်း National) က ဘက်ထရီပေးသွင်းနေတဲ့ ကားလုပ်ငန်းတွေထဲမှာ Tesla နဲ့ Toyota တို့ ပါဝင်တယ်။ 

တောင်ကိုရီးယားမှ LG က Jaguar, Audi, Porsche, Ford နဲ့  GM အစရှိတဲ့ ကားလုပ်ငန်းတွေထံ ဘက်ထရီပေးသွင်းပါတယ်။ 

အမေရိကန်ဂျိုးဘိုင်ဒင်က အမေရိကန်နိုင်ငံကို အီးဗီအတွက် စွမ်းအားရှိနိုင်ငံတစ်ခု ဖြစ်အောင် လုပ်ဖို့ မဟာဗျူဟာ ချမှတ်ထားလို့ ပြည်တွင်းမှာ ဘက်ထရီထုတ်လုပ်ရေးကို အားပေးမြှင့်တင်နေပါတယ်။ Materials, QuantumScape, Sila Nanotechnologies, Sion Power နဲ့ Sionic Energy တို့ဟာ ထင်ရှားတဲ့ အမေရိကန်မှ ဘက်ထရီလုပ်ငန်းတွေ ဖြစ်ပါတယ်။ 
 

Rank

Company

2021 Market Share

Country

#1

CATL

32.50%

China

#2

LG Energy Solution

21.50%

Korea

#3

Panasonic

14.70%

Japan

#4

BYD

6.90%

China

#5

Samsung SDI

5.40%

Korea

#6

SK Innovation

5.10%

Korea

#7

CALB

2.70%

China

#8

AESC

2.00%

Japan

#9

Guoxuan

2.00%

China

#10

PEVE

1.30%

Japan

 

 

 

 

Read 410 times