ကားထုတ်လုပ်ထားပုံတွေ ပြောင်းလဲလာလိုက်တာ အခုဆိုရင် လျှစ်စစ်ယာဉ် (EV Electric Vehicle) ခေတ်ဉီးကို ရောက်နေပြီ။
အရင်တုန်းက ကားပြင်ဖို့ စက်ပြင်ဆရာ မက္ကင်းနစ်က အခရာကျတယ်။ သူက ရောဂါဆန်းစစ်ရှာဖွေပေးတယ်။ ကုသပေးတယ်။
အခုတော့ ကားတွေမှာ သုံးထားတဲ့ လျှပ်စစ်နဲ့ အီလက်ထရွန်းနစ် စနစ်များ electrical/electronic systems၊ မောင်းနှင်မှုအပိုင်း၊ ဂီယာအပိုင်း၊ ယာဉ်အောက်ပိုင် ကိစ္စတွေ ဖြစ်တဲ့ ဆပ်စပင်းရှင်း ဆိုင်းတွဲစနစ်၊ ဘရိတ်၊ စတီယာရင်၊ ကိုယ်ထည်ပိုင်းတို့မှာ ယာဉ်သွားလာဖို့အပြင် ရောဂါဆန်းစစ်ရှာဖွေဖို့ကိုပါ စီစဉ်ပေးထားတယ်။
ကားပြင်တဲ့သူတွေကလည်း သူ့အပိုင်းနဲ့သူ ကျွမ်းကျင်ရာ လိမ္မာကြတယ်။ အရင်လို မက္ကင်းနစ် တစ်ယောက်တည်းက တစ်စီးလုံးကို ပြင်တတ်တာမျိုး အတော် ရှားသွားပြီ။ စက်ပိုင်းနဲ့ မီးပိုင်း (လျှပ်စစ်ပိုင်း) ဆိုပြီး ၂ မျိုးလောက်နဲ့လည်း မလုံလောက်တော့ဘူး။
ကားတွေက ကိုယ့်ဘာသာကိုယ် ရောဂါဆန်းစစ်ခြင်း self-diagnosing လုပ်တတ်အောင် စီစဉ်ပေးထားတယ်။ လိုအပ်ရင် ကိုယ့်ဘာသာကိုယ် ချိန်ညှိပေးခြင်း self-adjusting လုပ်တတ်တာမျိုးအထိ ကားမှာ စီစဉ်ပေးထားတယ်။
အဲဒီလို ပြောင်းလဲသွားပြီ ဖြစ်ပေမဲ့လည်း ကားတစ်စီးမှာ အဓိကအားဖြင့် အပိုင်း ၃ ပိုင်း အရင် ပိုင်းခြားပြီး ကြည့်ကြမယ်။
ချာစီ (chassis)
ချာစီဆိုတဲ့ ကိုယ်ထည်မှာ လူလိုက်ပါဖို့နေရာ၊ အင်ဂျင်အတွက် နေရာ (လျှပ်စစ်ယာဉ်ဆိုရင် မော်တာဂျင်နေရေတာတွေနဲ့ ဘက်ထရီအတုံးကြီးတို့အတွက် နေရာ)၊ တံခါးတွေ၊ တောင့်တင်းနေဖို့ အရံအတားတွေ ပါဝင်တယ်။ ချာစီဟာ အထိုင်ချဖို့ ဖြစ်ပြီး ယာဉ်ရဲ့ အခြားအစိတ်အပိုင်းတွေ အထိုင်ချ တပ်ဆင်ထားတယ်။ စတီရာယင်၊ ဆိုင်းထိန်း suspension ၊ ဘရိတ် စတာတွေ တပ်ဆင်ထားပါတယ်။
အင်ဂျင် (engine)
အတွင်းမီးလောင်ပေါက်ကွဲပြီး လည်ပတ်တဲ့အပိုင်း ဖြစ်ပြီး အလုပ်လုပ်ဖို့ လေနဲ့ လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့ စသဖြင့်) ကို ရယူပြီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားစေခြင်းဖြင့် လည်ပတ်တဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေဖို့ ပါဝါ ထုတ်ပေးတယ်။ (လျှပ်စစ်ယာဉ်ဆိုရင်တော့ အင်ဂျင် မပါတော့ဘဲ မော်တာတွေနဲ့ လည်ပတ်တဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်စေဖို့ ပါဝါ ထုတ်ပေးတယ်)
မောင်းနှင်မှု ထရိုက်ထရိန်း (drivetrain)
မောင်းနှင်မှု အပိုင်းမှာတော့ ရရှိလာတဲ့ ပါဝါဖြင့် ကားဘီးတွေ လည်စေဖို့ ဝိုင်းဝန်းလုပ်ကိုင်ပေးကြတဲ့ ဂီယာအပါအဝင် အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ အင်ဂျင်နဲ့ ထရိုက်ဖရိန်း အတူတူတွဲပြီး လုပ်ကိုင်ကြတဲ့အခါ ပါဝါထရိန်း powertrain လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။