မူလစကျရုံထုတျ မဟုတျဘဲ တငျသှငျးလာသညျဟုဆိုကာ ဆိပျကမျးမှထုတျခှင့ျရပျဆိုငျးထားသော Delivery Van မြားကို အုပျစုလေးခုခှဲ၍ အကောကျခှနျဦးစီးဌာနက ဒဏျကွေးသတျမှတျထုတ်ပြန်လိုက်ပြီးနောက် အဆိုပါယာဉ် တစ်စီးလျှင် ကျပ် သိန်း ၃၀ ကျော်မှ သိန်း ၈၀ အထိ ဒဏ်ကြေးပေးဆောင်ရတော့ မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်တင်သွင်းထားသူများ ထံမှသိရပါသည်။
ထိုယာဉ်များ၏ အုပ်စုလေးမျိုး၌ ပထမအုပ်စုရှိ ယာဉ် ၆၉ စီးကို မူလစက်ရုံထုတ် အဖြစ်လည်းကောင်း၊ ဒုတိယအုပ်စုရှိ ၆ စီးကို မူလစက်ရုံထုတ်ကို အနည်းငယ် ပြုပြင်ထားသည် ဟုလည်းကောင်း သတ်မှတ်ပြီး ဒဏ်ကြေး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ တတိယအုပ်စုတွင် အစီးရေ ၃၃၀ ကျော်ရှိသည့် လုပ်ငန်းသုံးယာဉ် များဖြစ်သည်။
Light Van, Commercial Van နှင့် Cargo van ယာဉ်အမျိုးအစားများကို မူလစက်ရုံထုတ်နှင့် ကွဲလွဲနေသည်ဟုဆိုကာ ဒဏ်ကြေး မူလကားတန်ဖိုး၏ တစ်ဝက်(၁/၂ AV)ပေးဆောင်ရန် သတ်မှတ်ထားပြီး စတုတ္ထအုပ်စုယာဉ်များးကို မူလစက်ရုံထုတ် လူစီးယာဉ်မျ ားကို လုပ်ငန်းသုံးယာဉ်များအဖြစ် ပြုပြင် တင်သွင်းလာသည် ဟုဆိုကာ ထုတ်ခွင့်ရပ်ဆိုင်းထား ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိခဲ့ပါသည်။
ဒဏ်ကြေးပေးဆောင်ရမည့် တတိယအုပ်စုတွင် Hijet ကဲ့သို့ အင်ဂျင်ပါဝါ ၆၆၀ စီစီကားများ အနေနှင့် ဒဏ်ကြေး ကျပ်သိန်း ၃၀ ကျော် ပေးဆောင်ရမည်ဖြစ်သည့်အတွက် ယခင်ရောင်းဈေး ကျပ်သိန်း ၈၀ ခန့်မှ ကျပ်သိန်း ၁၀၀ ကျော်သို့လည်းကောင်း၊ Townace နှင့် Hiace ကဲသို့ အင်ဂျင်ပါဝါ ၁၅၀၀ စီစီရှိ ကားများအနေနှင့် ဒဏ်ကြေး ကျပ်သိန်း ၇၀ မှ ၈၀ အထိ ပေးဆောင်ရ မည်ဖြစ်သည့်အတွက် ယခင်ရောင်းဈေးကျပ် သိန်း ၁၂၀ ဝန်းကျင်ခန့်မှ ကျပ် သိန်း ၂၀၀ ခန့်သို့လ ည်းကောင်း ဈေးနှုန်းများ မြင့်တက်သွားနိုင်ပါသည်။
အဆိုပါ ယာဉ်တင်သွင်းထားသူများကDelivery Van များကို လိမ်လည်တင်သွင်းသည်ဟုဆိုကာ အကောက်ခွန်ဦးစီးဌာနက ဆိပ်ကမ်းမှထုတ်ယူခွင့်ရပ်ဆိုင်း ထားရာမှ ယခုအခါ ဒဏ်ကြေးများသတ်မှတ်၍ ထုတ်ခွင့်ပေးလာသော်လည်း ယင်းယာဉ်များ တင်သွင်းထားသူများ ဒဏ်ကြေး မဆောင်နိုင်ကြောင်း ကန့်ကွက်ပြောဆိုနေကြပါတယ်လို့ သိရပါသည်။