Volvo မှ The New 2018 XC40 Premium Compact SUV အား မြန်မာပြည်တွင် မိတ်ဆက်ပြသ


၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် Sedona Hotel Yangon တွင် မိတ်ဆက်ခဲ့ပါတယ်။

Sedona Hotel ရန်ကုန်တွင် ပြုလုပ်ခဲ့သော မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြသမိတ်ဆက်ခဲ့သော the new Volvo XC40 ကားဟာ လုံခြုံရေးစံနှုန်းအသစ်နှင့် အတွေ့အကြုံစံနှုန်းအသစ်များ ပါဝင်ကြောင်း မိတ်ဆက်ခဲ့ ပါတယ်။

The new Volvo XC40 ကားက ဆုတံဆိပ်များစွာရရှိထားသော XC40 သည် မျက်မှောက်လူနေမှုအခက်အခဲများကို ကျော်ဖြတ်နိုင်စေရန်အတွက် တီထွင်ထားပြီး နေ့စဉ်မြို့ပြသွားလာလှုပ်ရှားမှုများ၏ စိတ်ဖိစီးမှုများကို လျော့ကျစေရန်နှင့် သက်တောင့်သက်သာရှိစေရန်အတွက် ရည်ရွယ်ဖန်တီးထားပါသည်။

ထို့အပြင် မောင်းနှင်သူများအနေဖြင့် Volvo ၏ အဆင့်မြင့်ကားနှင့် SUV များ၏ မှတ်ကျောက်ဖြစ်တဲ့ ဆုများစွာ ရရှိထားတဲ့ လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေး နည်းပညာများကို ပျော်ရွှင်စွာဖြင့် ကျေနပ် ခံစားနိုင်မည် ဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါတယ်။

Volvo ကားကုမ္ပဏီက Performance Auto International နှင့်အတူ Volvo မှ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၀၁၇ နှစ်တွင် လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအဆင့်မြင့် ဇိမ်ခံကားဈေးကွက်၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်ကို Volvo မှ ပိုင်ဆိုင်ခဲ့ပြီး ကားအစီးရေပေါင်း ၇၀ ကျော်ကို တင်သွင်းရောင်းချခဲ့ကြောင်း သိရပါတယ်။

Read 790 times