ကမ္ဘာ့ကျော်ရော့ခ်ဂီတ သူရဲကောင်း David Bowie ၏ ကမ္ဘာ့ချစ်စရာအကောင်းဆုံး မီနီကားလေးအကြောင်း


မော်တော်ကားများကို အများနှင့်မတူ တစ်မူထူးခြားလှသော ဒီဇိုင်းမျိုးနှင့်ပြောင်းလဲဆင်ယင်ပြပြင်သော အတတ်ပညာမှာလည်း ထူးခြားသော ပါရမီရှိသူဖြစ်ပါသည်။

၁၉၉၉ ခုနှစ်ခန့်က လန်ဒန်မြို့၏ ဒီဇိုင်းပြတိုက်တွင် ကျင်းပခဲ့သော ဗြိတိန်မီနီကားလေးများ၏ နှစ်လေးဆယ်ပြည့်အထိမ်းအမှတ်ပြပွဲ အခမ်းအနားတွင် မီနီကားများကို ဒီဇိုင်းအလှပြင်ဆင်သော ပြိုင်ပွဲတစ်ရပ်ကိုပါ ထည့်သွင်းကျင်းပခဲ့ပါသည်။

ထိုပြိုင်ပွဲတွင် တက်တက်ကြွကြွ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူအကြား Bowie လည်း တစ်ဦအပါအဝင် ဖြစ်ခဲ့ပါသည်။

Bowie သ်ည မီနီကားတစ်စီးလုံးကိုမှန်ကဲ့သို့ ရောင်ပြန်ပြားများနှင့် အပြည့် အလှဆင်လိုက်သည့်အတွက် ထိုကားလေးကို မြင်လိုက်သူတိုင်းသည် သူ၏ ဂီတသရုပ်သကန်ဖြစ်သော The Thin White Duke ဆိုသည်ကို အလွယ်တကူပြေးမြင်ပြီးသားဖြစ်သည်အထိ ပုံဖော်ပြနိုင်ခဲ့ပါသည်။

Ziggy Stardust and The Spiders from Mars ဆိုသော Bowie ၏ လူကြိုက်များလှသော တေးအယ်လ်ဘမ်အမည်လေးကဲ့သို့ သရုပ်ဖော်ပြနိုင်ခဲ့ပါသည်။

သူ၏ အနုပညာနှင့် ဖန်တီးနိုင်စွမ်းတို့ ပေါင်းလိုက်သည့်အခါ အရမ်းမထူးခြားသော်လည်း ဆန်းပြားလှသော အမြင်မျိုးနှင့် ဆွဲဆောင်မှုအရှိဆုံး မီနီကားလေးတစ်စီး ပေါ်ပေါက်လာပါသည်။

Bowie သည် နိုင်ငံတကာတွင် ဆယ်စုနှစ်ငါးခုကျော်ကြာ အောင်မြင်ကျော်ကြားလှသော အနုပညာရှင်အဖြစ် မရပ်တည်ခင် ၁၉၆၀ ပြည်လွန်နှစ် အစောပိုင်းကာလများတွင် ဗြိတိန်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်း တစ်ခု၏ မီနီကားများ ထုတ်လုပ်သော နေရာတွင် အလုပ်ဝင်လုပ်ခဲ့ဖူးပါသည်။

ငယ်ရွယ်စဉ်ကာများကတည်းက အသေးစားနောက်ဖုံးဖွင့်ကားလေးများကို သဘောကျ နှစ်သက်စွဲလမ်းစိတ်သည် ကာလများစွာတိုင် ပျောက်ကွယ်မသွားဘဲ စိတ်ကူးစိတ်သန်းများကို စွဲလန်းနှစ်သက်သောအရာပေါ် ထည့်ပေါင်းလိုက်သော သူ၏ ဖန်တီးမှုကို မီနီကား နှစ်လေးဆယ်ပြည့် အခမ်းအနားမှတစ်ဆင့် လူအများရှေ့ ချပြနိုင်ခဲ့ပါသည်။

Bowie သည် ကားကိုယ်ထည်နှင့် ကားပြတင်းတံခါးများ အပါအဝင် မီနီကားတစ်စီးလုံးကို နေရာလမ်မကျန် အရောင်ပြန်နိုင်ပြီး တဖျတ်ဖျတ်တောက်ပနေသော ငွေမှင်ရောင်သတ္တုပြားများနှင့် အလှဆင်လိုက်ပါသည်။

Bowie ဖန်တီးလိုက်သော ငွေမှင်ရောင်တလက်လက် တောက်ကြွားနေသော မီနီကားလေးသည် သူ၏ အနုပညာနှင့် ဖန်တီးနိုင်မှုအစွမ်းများ ထင်ဟပ်နေပြီး တွေ့မြင်သူတိုင်းကို အံ့သြမှင်တက်မိစေခဲ့ပါသည်။

ကမ္ဘာကျော် ဂီတပညာရှင် Bowie သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ကွယ်လွန်ခဲ့သော်လည်း သူဖန်တီးခဲ့သော အနုပညာနှင့်အတူ သူ၏ အထင်ကရဖန်တီးမှုမှတ်တိုင်တစ်ခုဖြစ်သော ထိုငွေရောင် ဖောင်းကြွမီနီကားလေးကို လူအများက အမြဲတသသနှင့် အမှတ်တရ ဖြစ်နေကြမည်ဖြစ်ပါသည်။

Read 763 times