Rolls-Royce ကုမ္ပဏီများက လက်ရှိအချိန်တွင် အပြိုင်အဆိုင်ထုတ်လုပ်နေပြီး သူတို့အားလုံးထက်သာသော SUV ကားကိုတော့ တရုတ်နိုင်ငံ၊ ဘေကျင်မြို့ အခြေစိုက် IAT Automobile Tehnology က မကြာခင်က မိတ်ဆက်ပြသသွားခဲ့သည်။
ခြောက်ရာစုခေတ်တုန်းက ပြင်သစ်ဘုရင်ဖြစ်ဖူးသော Caioman I ကိုအစွဲပြုပြီး Kalman King ဟု အမည်ပေးထားသည့် ကားကို လူ ၁၈၀၀ ဦးပါသည့် အဖွဲ့နှင့် ဒီဇိုင်းပုံဖော် တည်ဆောက်ထားခြင်းဖြစ်သည်။
Karlmann King အတွက် Ford F-550 လုပ်ငန်းသုံး ထရပ်ကားကို အခြေစိုက်ပြီး အပြင်ပိုင်းနှင့် အတွင်းပိုင်းများကို အဆင့်ဆင့်ပုံဖော်ထားခြင်းဖြစ်သည်။
Batmanရုပ်ရှင်ဇာတ်ကားများထဲတွင် လင်းနို့လူသားစီးသော batmobile နှင့်ဆင်တူအောင် ကာဗွန်ဖိုင်ဘာ၊ စတီးများသုံးပြီး အချွန်အတက် ဒီဇိုင်းများနှင့် ဖန်တီးထားပြီး အပြင်ကိုယ်ထည်တစ်ခုလုံးနီးပါး အနက်ရောင်ဖြစ်သောကြောင့် ကိုယ်ပျောက်ကားတစ်စီးအသွင်ထွက်ပေါ်နေသည်။
အလျားခြောက်မီတာကျော်ရှည်သည့် ပုံမှန်Karlman King တစ်စီးသည် အလေးချိန်လေးတန်ခွဲရှိပြီး ကျည်ကာမိုဒယ်ဆိုလျှင် ရှေ့နှင့် နောက်မီးအုံးများကိုလည်း အချွန်အတက်ပုံစံ ဖန်တီးတပ်ဆင်ထားပါ သည်။
မြင်းကောင်ရေ ၃၆၀ အား 6.8L V10 အင်ဂျင် auto ဂီယာခြောက်ချက်၊ လေးဘီးယက်စနစ်၊ ဟိုက်ဒြောလစ်ပါဝါစတီယာရင်၊ Four Wheel Ventilation Disc Brakes များနှင့် Karlmann King သည် အဆင့်မြင့်ဆုံး အရှိန်နှုန်းအဖြစ် တစ်နာရီကို ၈၇ မိုင်နှုန်းမောင်းနိုင်သည်။
Karlmann King ၏ အတွင်းပိုင်းကို Rolls-Royce ကဲ့သို့ ဇိမ်ခံနိုင်သည့်အပြင် Las Vegas ဟိုတယ်ခန်းထဲရောက်နေသကဲ့သို့ ခံစားရအောင် ဖန်တီးပြုလုပ်ထားသည်။
လူ ၄ ဦးစီနိုင်သော ဇိမ်ခံထိုင်ခုံများကို စိတ်ကြိုက် အရောင်အမျိုးမျိုးနှင့် ရွေးချယ်နိုင်သလို ရှမ်ပိန်ပုလင်းနှင့် သောက်စရာခွက်များ ထားရန် ရေခဲသေတ္တာ၊ Espresso ကော်ဖီဖျော်စက်နှင့် ကော်ဖီခွက်များအပြင် Playststion 4 ဂိမ်းစက်ကိုလည်း တပ်ပေးထားပါသည်။
စီးနင်းသူများ အသုံပြုနိုင်မည့် Hi-Fi Sound၊ 4KUHD intelligent LCTV၊ Central Handrail Screen Display၊ Private Safes၊ Phone Projection System၊ Satellite TV နှင့် Satellite Phone များကို ထပ်ဆောင်း တပ်ဆင်၍ ရပါသည်။
Karlmann King တွင် စိတ်ခံစာမှုအပေါ်မူတည်ပြီး ပြောင်းလဲပေးမည့် အတွင်းပိုင်းနီယွန်မီးအလင်ရောင်၊ လေအေးပေးစနစ်၊ ထိုင်ခုံအနေအထားနှင့် SOS Emergency ခေါ်ဆိုမှုများကို လက်ထဲက စမတ်ဖုန်းနှင့် ချိန်ညှိလုပ်ဆောင်နိုင်အောင်လည်း စီစဉ်ပေးထားသည်။
ပုံမှန်ကားတစ်စီးထက် ငါးဆပိုလေးသော Karlmann King အတွက် ပေးရမည့် ဈေးနှုန်းက Bentley Bentayga ရှစ်စီးစာနှင့် ညီမျှသော ဗြိတိန်ပေါင်စတာလင် ၁ ဒသမ ၅၆ သန်းဖြစ်ပါသည်။
ကမ္ဘ့ာဈေးအကြီးဆုံး SUV ကားအဖြစ်စံချိန်သစ်တင်ထားသော Karlmann King ကို စုစုပေါင်း ၁၀ စီးပဲထုတ်လုပ်ပေးသွားမည်ဖြစ်သည်။