အမြန်ဆုံးမော်တော်ဆိုင်ကယ်များ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်တုန်းက အမြန်ဆုံးလည်း ဖြစ်ပြီး အများသုံးအဖြစ်ဖြင့်လည်း လမ်းတွေပေါ် စီးဖို့ ခွင့်ပြုတဲ့ မော်တော်ဆိုင်ကယ် the-fastest-street-legal-motorcycles သမိုင်းသစ် စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

 

၁၉၉၉ ခုနှစ် Suzuki Hayabusa

သမိုင်းအသစ်တွင်တဲ့ Suzuki Hayabusa က ၁၉၉၉ ခုနှစ်မှာ လမ်းတွေပေါ် စတင်ရောက်လာတယ်။ တစ်နာရီ မိုင် ၁၈၆ (၂၉၉ ကီလိုမီတာ) အထိ ပြေးနိုင်တယ်။ မြန်ချက်က ဟာရီကိန်းမုန်တိုင်းလို့ တင်စားပြီး ပြောဆိုကြတယ်။ တစ်ဆက်တည်းမှာပဲ အန္တရာယ်ရှိတဲ့ယန္တရားအဖြစ် ဝေဖန်ပြောဆိုသံတွေ ထွက်လာတယ်။

ဆိုင်ကယ်တွေ အရမ်းအရမ်း မြန်လွန်းနေရင် တားမြစ်ပိတ်ပင်ခံရမယ့် အရေး ရှိနေတော့ ဆိုင်ကယ် ထုတ်လုပ်သူတွေ သောကပွားတယ်။ သူတို့အချင်းချင်း ညှိနှိုင်းပြီး နားလည်မှု ယူလိုက်ကြပြီး ဆိုင်ကယ်တွေအတွက် အမြင့်မာဆုံး အမြန်နှုန်း ကန့်သတ်ချက်ကို သဘောတူလိုက်ကြတယ်။ တစ်နာရီ မိုင် ၂၀၀  မကျော်ဖို့ စည်းတားထားလိုက်ကြတယ်။

Hayabusa က မော်တော်ဆိုင်ကယ်တွေအကြား အမြန်နှုန်း မြင့်မြင့်မားမားဆီ ခုန်ကျော်ပြီ ရောက်ရှိသွားတယ်။ လမ်းတွေပေါ် တရားဝင်မောင်းနှင်ခွင့်ရ မော်တော်ဆိုင်ကယ် အမျိုးအစားဖြစ်တဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်တဲ့ အမြန်ဆုံးမော်တော်ဆိုင်ကယ်အဖြစ် သရဖူဆောင်းခဲ့တယ်။

 

Super Blackbird

Super Blackbird
သရဖူကို ဟွန်ဒါက Honda CBR1100XX Super Blackbird က ယူလိုက်တယ်။ တစ်နာရီ မိုင် ၁၈၀ (၂၉၀ ကီလိုမီတာ) အထိ ပြေးနိုင်တယ်။ ၁၉၉၇ မှ ၂၀၀၅ အထိ မော်ဒယ်တစ်မျိုးပြီး တစ်မျိုး ထုတ်လုပ်ခဲ့တယ်။ 

 

Ninja ZX-12R

Ninja ZX-12R
Kawasaki က တုံ့ပြန်တယ်။ ကိုယ်လုံးကိုယ်ထည် ကျစ်ကျစ်လစ်လစ် Ninja ZX-12R ကို ဖန်တီးလိုက်တယ်။ တစ်နာရီ မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) ကျော်တဲ့အထိ ပြေးတယ်လို့ ကြေညာတယ်။

 

Yamaha YZF-R1M

YZF-R1M
Yamaha YZF-R1M ကလည်း အမြန်ဆုံးဆိုင်ကယ်တွေထဲမှာ ပါတယ်။ တစ်နာရီ ၁၈၅.၇ (၂၉၉ ကီလိုမီတာ) အထိ မြန်တယ်။  R1 မော်ဒယ် ပါဝါပြင်းပြင်း လမ်းတွေပေါ် ရောက်လာတယ်။
ကိုယ်လုံးကိုယ်ထည် ပေါ့ပေါ့ပါးပါး ကာဘွန်ဖိုင်ဘာနဲ့ ဆောက်လုပ်ထားတယ်။ အင်ဂျင် 998cc ၊ အဖြောင့်အစီအရီ ဆလင်ဒါ ၄ လုံး၊ အရည်နဲ့အေးတဲ့စနစ် ပါဝါ 200 hp ၊ လှည့်အား 89.2 lb-ft ။ အဲဒီ အင်ဂျင် အစွမ်းကြောင့် R1M က သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၂.၃ စက္ကန့်နဲ့ အရှိန်တင်ပေးနိုင်တယ်။  လက်ထိုးဂီယာ ၆ ချက်။ ရောင်းဈေး ကန်ဒေါ်လာ ၂၆,၀၀၀ ။

 

 

KTM 1290 Super Duke R


KTM 1290 Super Duke R
နောက်ထပ်အမြန်စား ဆိုင်ကယ် KTM 1290 Super Duke R မှာ အင်ဂျင်က 1301 cc ၇၅ ဒီဂရီအစောင်း V-twin တပ်ပေးထားတယ်။ ပါဝါ 180 hp ၊ လှည့်အား 103 lb-ft ။ ကိုယ်လုံးကိုယ်ထည် ခပ်သွယ်သွယ် ၄၆၂ ပေါင်။ Super Duke R က
 သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၂.၆ စက္ကန့်နဲ့ အရှိန်တင်ပေးနိုင်တယ်။ အမြန်ဆုံး အမြန်နှုန်းကို တစ်နာရီ ၁၈၆ မိုင် ထက် ပိုမမြန်အောင် ချုပ်ထားတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၈,၀၀၀ ။

 

 

Hayabusa တတိယမျိုးဆက်

Hayabusa တတိယမျိုးဆက်

Hayabusa တတိယမျိုးဆက်မှာ အရင်မျိုးဆက် အင်ဂျင် ပြန်သုံးထားတယ်။ 1340cc အဖြောင့်အစီအရီ ဆလင်ဒါ၄လုံး။ ပါဝါ 188 hp နဲ့ လှည့်အား 110 ft-lbs ထုတ်ပေးနိုင်စွမ်းရှိတယ်။  သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၃.၂ စက္ကန့်နဲ့ အရှိန်တင်ပေးနိုင်တယ်။ သူကလည်း တစ်နာရီ ၁၈၆ မိုင်ထက် ကျော်လို့မရအောင် ချုပ်ထားတယ်။ ရောင်းဈေးက အမေရိကန် ဒေါ်လာ ၂၂,၀၀၀ ။

 

 

BMW S1000RR

BMW S1000RR
BMW S1000RR ဂျာမန်ဆိုင်ကယ်က နည်းပညာပိုင်းမှာ အတော်ရှေ့ရောက်တယ်။ ၂၀၀၉ ခုနှစ်မှာ လမ်းတွေပေါ်ကို စလွှတ်တယ်။ စီးတဲ့သူ ထောက်ကူစနစ်တွေ ပါတယ်။ အီလက်ထရွန်းနစ်စနစ်တွေ သုံးထားတယ်။ အဆန်းတွေချည်းပဲ။
2021 BMW S1000RR မော်ဒယ်မှာ ရေ/ ဆီ နှစ်လိုင်းနဲ့ အင်ဂျင်အအေးပေးစနစ် တပ်ဆင်ထားတယ်။ အဖြောင့်အစီအရီ ဆလင်ဒါ၄ လုံး။ ပါဝါ 205 hp  နဲ့ လှည့်အား 83 lb-ft ထုတ်ပေးနိုင်တဲ့ အင်ဂျင် ဖြစ်ပါတယ်။ ဈေးနှုန်း တရားဝင် ကြေညာတာ မတွေ့မိသေးဘူး။ ခန့်မှန်းထားကြတာ ကန်ဒေါ်လာ ၃၀,၀၀၀ လို့ ဆိုကြတယ်။

 

Aprilia RSV4 1100 Factory

Aprilia RSV4 1100 Factory
အီတလီထုတ် မော်တော်ဆိုင်ကယ် Aprilia RSV4 1100 Factory က အီတာလျံ ဒီဇိုင်းလက်ရာအလှ၊ အီတာလျံ မော်တော်ယာဉ် အင်ဂျင်နီယာပညာ ပြောင်မြောက်မှုတွေ ဖော်ကျူးထားတယ်။ မော်တော်ဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့ Aprilia ကို ဦးတည်ချက် ထားရှိတယ်။ ဒီတော့ လျှပ်ပြက်သလို ပြေးနေချိန်မှာ အလွယ်တကူ ထိန်းကျောင်းနိုင်အောင် စီမံပေးထားတယ်။ RSV4 1100 Factory မှာ 1099cc V4  အင်ဂျင် ထိုင်ထားတယ်။ ပါဝါ 217 hp နဲ့ လှည့်အား 90 lb-ft  ထုတ်ပေးနိုင်စွမ်းရှိတယ်။ ကိုယ်လုံးကိုယ်ထည် အလေးချိန် ပေါင် ၃၉၀ ပဲ ရှိတယ်။ 
သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၂.၉ စက္ကန့်န့ဲ အရှိန်တင်ပေးနိုင်တယ်။ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၁၉၈.၈ မိုင် ( ၃၂၀ ကီလိုမီတာ) အထိ ရောက်တယ်။ 
MSRP manufacturer's suggested retail price ထုတ်လုပ်သူ အကြံပြု လက်လီဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၅,၉၉၉ ြဖစ်ပါတယ်။

 

Panigale V4R 

ဆိုင်ကယ်လောကမှာ ဒီဇိုင်းကို အနုစိတ်တာရယ် ဆန်းသစ်တီထွင်တာရယ်ကြောင့် နာမည်တစ်လုံး ရထားတဲ့ Ducati က စတိုင်ကျကျ ပါဝါပြင်းပြင်းအတွက်လည်း လူကြိုက်များတယ်။ Panigale V4R ကာဘွန်ဖိုင်ဘာ ကိုယ်ထည်နဲ့ Ducati ရဲ့ တစ်မူထူးတဲ့ ဗားအဖွင့်အပိတ်စနစ် တို့ကြောင့် သဘောကျကြတယ်။ Desmosedici Stradale R 998 cc အင်ဂျင် အဖြောင့်အစီအရီ ဆလင်ဒါ ၄ လုံး က ပါဝါ 221 hp ကို စက်ရုံထုတ်အနေဖြင့် ရနိုင်ပြီး Akrapovic full-racing exhaust တပ်ဆင်ပြီး 234 hp ဖြစ်အောင် လုပ်လို့ရတယ်။ 

Akrapovic full-racing exhaust

Panigale V4R က သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၃.၂ စက္ကန့်နဲ့ အရှိန်တင်ပေးနိုင်တယ်။
2021 Ducati Panigale V4R ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၃,၀၀၀ ဖြစ်ပါတယ်။
 

 

Kawasaki Z H2
Kawasaki Z H2

Kawasaki
 အမြန်ဆုံးဆိုင်ကယ်စာရင်း ထိပ်ဆုံးနေရာတွေမှာ နေရာယူတဲ့ Kawasaki ရဲ့  Z H2 နဲ့  Ninja H2 နှစ်မျိုးစလုံးက တစ်နာရီ မိုင် ၂၀၀ အထက် ပြေးနိုင်တယ်။ အင်ဂျင်က 998cc အဖြောင့်အစီအရီ ဆလင်ဒါ ၄ လုံး။ ပါဝါ 200 hp နဲ့ လှည့်အား 101 lb-ft ထုတ်ပေးနိုင်တယ်။
သုညကနေ တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်တာ Z H2 က ၃ စက္ကန့်ကြာပြီး မိုင် ၂၀၀ ကျော်အထိ ပြေးနိုင်စွမ်းရှိတယ်။ 2021, Kawasaki Z H2 ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၇,၅၀၀ သာသာ ဖြစ်ပါတယ်။

 

Kawasaki Ninja H2R

ရူးခါအောင်မြန်တဲ့ Kawasaki Ninja H2R က တစ်နာရီ ၂၄၈ မိုင်အထိ ပြေးနိုင်စွမ်း ရှိတယ်။ ပြိုင်ပွဲပြေးလမ်းအတွက်သာ ဖြစ်ပြီး လမ်းတွေပေါ် ပြေးခွင့်မရှိဘူး။
 

2021 Kawasaki Ninja H2

2021 Kawasaki Ninja H2 ရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ ၂၉,၅၀၀ ဖြစ်ပါတယ်။ 
.

Lightning LS-218


Lightning LS-218
အနာဂတ်မှာ ဆိုင်ကယ်တွေကို အင်ဂျင်မပါဘဲ ထုတ်လုပ်ကြရမယ်။ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေပဲ စီးကြရမယ်။ 
Lightning LS-218 ကို 380V electric powerplant ဖြင့် ပါဝါထုတ်ပေးတယ်။ ဘက်ထရီက kWh ၁၂ ဖြစ်ဖြစ် ၁၅ ဖြစ်ဖြစ် ၂၀ ဖြစ်ဖြစ် သုံးလို့ရတယ်။ အင်ဂျင်မပါ အိပ်ဇောမပါ အသံတိတ်တိတ် ခြေသံလုံတယ်။ ပါဝါ200 hp နဲ့ လှည့်အား 168 lb-ft ထုတ်ပေးနိုင်စွမ်း ရှိတယ်။ အမြင့်ဆုံးဘအမြန်နှုန်း တစ်နာရီ ၂၁၈ မိုင်အထိ ပြေးနိုင်တယ်။
သုညကနေ တစ်နာရီ မိုင် ၆၀ ကို ၂.၂ စက္ကန့်န့ဲ အရှိန်တင်ပေးနိုင်တယ်။
.2021 Lightning LS-218 ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၉,၀၀၀ ဖြစ်ပါတယ်။

 

 

Read 4060 times