အင်ဂျင်တစ်လုံး၏ မူမမှန်သော အကြောင်းအရင်းများ တင်ပြချက် အပိုင်း (၂)


 မော်တော်ယာဉ်တစ်စီးသည် စနစ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော စက်ယန္တရားဖြစ်၍ ချွတ်ယွင်းပျက်စီးမှုပြဿနာများ၊ အားနည်းသော ပြစ်ချက်များ အချိန်မရွေးဖြစ်ပေါ်နိုင်သည်။

ကားမောင်းနေစဉ်ရုတ်တရက်ဖောက်ပြန်သော ကားရောဂါတစ်ခုခုကြောင့် အင်ဂျင်စက်၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်များ ပြောင်းလဲသွားသည်ကို ယာဉ်မောင်းများ တွေ့ဖူး၊ ကြုံဖူးကြမည်ဖြစ်ပါသည်။

အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ချက်များသည် မူမမှန်သောပုံစံများ (Performance) ဖြစ်ပေါ်လာပါက အဘယ်ကြောင့် ဖြစ်ရသည်ကို အပြစ်ရှာရသည်မှာ ဦးနှောက်စားသော အကြောင်းအရာဖြစ်ပါသည်။

ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားသော်လည်း သုံးစွဲမှုသက်တမ်းကြာလာလျှင် ချွတ်ယွင်းအားနည်းချက်များဖြစ်ပေါ်လာတက်ပါသည်။ အင်ဂျင်စက်လုံး၏ ပုံမှန်မဟုတ်သော အသံများ၊

တုန်ခါမှုများ၊ လည်ပတ်နှုန်းများ၊ အင်ဂျင်ဆွဲအား/ရုန်းအားများသည် ယာဉ်မောင်းသူ သတိထားမိလောက်အောင် ထူးခြားစွာ ပြောင်းလဲဖြစ်ပေါ်နေလျှင် ထိုအရာများသည် ရှေ့ပြေးလက္ခဏာများကို

စူးစမ်းရှာဖွေဖော်ထုတ်၍ ယင်းပြဿနာများ၏ မူလအရင်းခံအကြောင်းတရားများကို သိရှိလျှင် ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါလိမ့်မည်။ အင်ဂျင် Idle Speed မြန်လွန်းနေသည်။ အင်ဂျင်စက် စတင်နှိုးပြီး ပူလာသည်အထိ ခရီးအတန်အသင့်သွားပြီးသော်လည်း အင်ဂျင် Slow လည်ပတ်မှု (Idle Speed) တွင် ပုံမှန်အတိုင်း ပြန်မကျဘဲ မြန်လွန်းနေခြင်း။ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ အင်ဂျင်အပူချိန် မြင့်တက်နေခြင်း (Overheating)၊ အင်ဂျင်အအေးခံစနစ်ကို စစ်ဆေးပါ။ ဆီလိုင်းတွင် Fuel Pressure Regulator ကို စစ်ဆေးပါ။ မီးတိုင်မင်မှားယွင်းနေခြင်း၊ Ignition Timing ကို ပြန်ချိန်ပါ။

မီးပေးစနစ် (Ignition System) တွင် အားနည်းချက်များရှိခြင်း၊ ကွန်ပျူတာထိန်းကျောင်းစနစ်သုံးကားများတွင် Control System မှားနေခြင်း၊ အင်ဂျင် Vaccum Leak ဖြစ်နေခြင်း၊ Idle Speed Control Unit မကောင်းခြင်း စသည်တို့ဖြစ်ပါသည်။ အင်ဂျင်ဝိုင် အစားများနေပြီး အိပ်ဇောမီးခိုးတွင် အင်ဂျင်ဝိုင်စားသော လက္ခဏာမတွေ့ရခြင်း၊ ဖြစ်နိုင်ခြေရှိသောအကြောင်းအရင်းများ  PCV စနစ် ကောင်းကောင်းအလုပ်မလုပ်ခြင်း၊ PCV ဆိုသည်မှာ Positive Crankcase Valve ကိုခေါ်သည်။ အင်ဂျင် Compression ကျနေခြင်း (Valve မလုံခြင်း၊ Oil Ring များ၊ Compression Ring များစားနေခြင်း)၊ အင်ဂျင် Head မှ Valve Seal များ ဆီမလုံတော့ခြင်း၊ အင်ဂျင် Head ဂတ်စ်ကတ် ပျက်စီး၍ Seal မလုံတော့ခြင်း (အင်ဂျင် Head ဖွင့်၍ အသေးစိတ်စစ်ဆေးပြီး လိုအပ်ချက်များကို ပြုပြန်ရန်) ဖြစ်ပါသည်။

ကားမောင်းနေရင်း ဘရိတ်နင်းလိုက်ချိန်တွင် အင်ဂျင်စက်သေသွားခြင်း၊ စက်ထိုးရပ်သွားခြင်း

ကားမောင်းနေစဉ် အင်ဂျင်စက်ပုံမှန်ကောင်းနေသော်လည်း လီဗာနင်းထားသော ညာခြေကိုကြွ၍ ဘရိတ်ခြေနင်းတံကို နင်းလိုက်သောအခါ အင်ဂျင်တုန်ခါလာပြီး တစ်ခါတစ်ရံ စက်သေသွားမည်။

စက်သေသွားခြင်းသည် ပါဝါစတီယာရင် အလုပ်မလုပ်နိုင်တော့ပါ။

ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

အင်ဂျင် Vaccum Line တွင် ကြီးမားသော လေယိုစိမ့်ဝင်ရောက်မှုရှိနေသည်။ Vaccum ပိုက်များ ကွဲအက်ပျက်စီးမှုရှိသလား စစ်ဆေးပါ။ ကွန်ပျူတာစနစ်သုံးသော ကားများ အင်ဂျင်ထိန်းချုပ်စနစ် မကောင်း၍

ဖြစ်နိုင်သည်။ Scan Tool ဖြင့် အပြစ်ရှာဖွေရမည်။ အင်ဂျင် Vaccum Line နှင့် ဆာဗိုယူနစ်ဆက်သွယ်သော ပိုက်လိုင်းတစ်လျှောက်တွင် လေယိုစိမ့်မှု ရှိနိုင်သည်။

အင်ဂျင်တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေခြင်း၊ အင်ဂျင်တွန့်ဆုတ် တွန့်ဆုတ်ဖြစ်၍ စက်ရှိန်မြင့်တက်မလာခြင်း၊

ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

Air Cleaner ပိတ်နိုင်သည်။ လေစစ်ကို သန့်ရှင်းပေးပါ။ မကောင်းပါက အသစ်လဲပေးပါ။ လေစစ်ပိတ်နေလျှင် အင်ဂျင်အသက်ရှုကျပ်မည်။ ပလပ်များမကောင်းပါက မီးပွား (Spark) ကောင်းကောင်းမဖြစ်ပါ။

ပလပ်ကြိုးများကောင်းမှ ကွိုင်မှ ဗို့အားမြင့်ပြီး ပလပ်သို့ ရောက်နိုင်ပါမည်။ ပလပ်ကြိုးပြတ်ခြင်း၊ ကွဲအက်နေခြင်းများဖြစ်နေပါက ကြိုးအသစ်လဲပေးပါ။

မီးပေးစနစ် (Ignition System) မကောင်းပါက အင်ဂျင်လည်ပတ်မှု မမှန်နိုင်ပါ။ ဓာတ်ဆီများတွင် ရေများ ရောနှောပါဝင်လာခြင်းတွင် ဆီတိုင်ကီမှ ရေဖောက်ချပြီး ဆီစစ်ဘူးတွင် ရေကိုခွဲခြားထုတ်ပစ်နိုင်သော

စနစ်ကို ကျင့်သုံးပါသည်။ ဆီလိုက်မမှန်ပါက အင်ဂျင်စက်သံမမှန်နိုင်ပါ။ ဆီစစ်ဘူးတွင် အမှိုက်များ ပိတ်နေပါက အသစ်လဲပေးပါ။

Catalytic Converter ပိတ်နေခြင်းများ ဖြစ်ပေါ်ပါက အင်ဂျင် Back Pressure ဖြစ်ပြီး စက်သံမမှန်နိုင်ပါ။ အင်ဂျင်စက်သံလည်ပတ်မှု၊ စွမ်းဆောင်မှု အပြည့်အဝကောင်းမွန်နေစေရန်အတွက် လောက်စာဆီပို့စနစ်

(Fuel System)၊ မီးပေးစနစ် (Ignition)၊ အင်ဂျင်အအေးခံစနစ် (Cooling System)၊ ချောဆီပို့စနစ် (Lubrication System) များကောင်းရပါမည်။ ကွန်ပျူတာထိန်းချုပ်သော ကားများတွင် Engine Control System

များကောင်းရပါမည်။ ယင်းစနစ်များ ပုံမှန်ပြုပြင် ထိန်းသိမ်းနိုင်လျှင် အင်ဂျင်ဒုက္ခပေးမှုမှ ကင်းဝေးနိုင်ပါမည်။

Automobile

Read 944 times