အင်ဂျင်တစ်လုံး၏ မူမမှန်သော အကြောင်းအရင်းများ တင်ပြချက် အပိုင်း (၁)


မော်တော်ယာဉ်တစ်စီးသည် စနစ်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော စက်ယန္တရားဖြစ်၍ ချွတ်ယွင်းပျက်စီးမှုပြဿနာများ၊ အားနည်းသော ပြစ်ချက်များ အချိန်မရွေးဖြစ်ပေါ်နိုင်သည်။

ကားမောင်းနေစဉ်ရုတ်တရက်ဖောက်ပြန်သော ကားရောဂါတစ်ခုခုကြောင့် အင်ဂျင်စက်၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်များ ပြောင်းလဲသွားသည်ကို ယာဉ်မောင်းများ တွေ့ဖူး၊ ကြုံဖူးကြမည်ဖြစ်ပါသည်။

အင်ဂျင်တစ်လုံး၏ စွမ်းဆောင်ချက်များသည် မူမမှန်သောပုံစံများ (Performance) ဖြစ်ပေါ်လာပါက အဘယ်ကြောင့် ဖြစ်ရသည်ကို အပြစ်ရှာရသည်မှာ ဦးနှောက်စားသော အကြောင်းအရာဖြစ်ပါသည်။

ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားသော်လည်း သုံးစွဲမှုသက်တမ်းကြာလာလျှင် ချွတ်ယွင်းအားနည်းချက်များဖြစ်ပေါ်လာတက်ပါသည်။ အင်ဂျင်စက်လုံး၏ ပုံမှန်မဟုတ်သော အသံများ၊ တုန်ခါမှုများ၊

လည်ပတ်နှုန်းများ၊ အင်ဂျင်ဆွဲအား/ရုန်းအားများသည် ယာဉ်မောင်းသူ သတိထားမိလောက်အောင် ထူးခြားစွာ ပြောင်းလဲဖြစ်ပေါ်နေလျှင် ထိုအရာများသည် ရှေ့ပြေးလက္ခဏာများကို စူးစမ်းရှာဖွေဖော်ထုတ်၍

ယင်းပြဿနာများ၏ မူလအရင်းခံအကြောင်းတရားများကို သိရှိလျှင် ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်ပါလိမ့်မည်။

 

အင်ဂျင်ပါဝါစွမ်းအားသည် ပုံမှန်ကဲ့သို့ မဟုတ်ဘဲ အင်ဂျင်ဆွဲယားကျနေသည်ဟု ထင်ရသည်။

 

ကားမောင်းနေစဉ် ကားစက်ရှိန်မြှင့်ရန် လီဗာနင်းသော်လည်း အင်ဂျင်ဆွဲအား တက်မလာဘဲ ယခင်ကကဲ့သို့ ကားကျော်တက်၍မကောင်းခြင်း၊ မူမမှန်သော အင်ဂျင်သံများနှင့် တုန်ခါမှုများလည်း ဖြစ်ပေါ်သည်ကို တွေ့ရသည်။

 

ဖြစ်နိုင်ခြေရှိသော အကြောင်းအရာများ

 

Air Cleaner လေစစ် (Air Filter) ပိတ်နေသလား၊ လေစစ် Filter Element ကို သန့်ရှင်းပေးပါ။ လုံဝညစ်ပေနေပါက Air Cleaner အသစ်တစ်ခုလဲပါ။

Plug များကို ဖြုတ်စစ်ပါ။ Spark Plug ထိပ်ဖျားများ အလွန်ညစ်ပတ်နေပါက ဆေးကြောသန့်ရှင်းပြီး ပွိုင့် Gap အကွာအဝေးကို ပြန်ချိန်ပါ။ သုံးမရအောင် ပလပ်မီးစားနေပါက အသစ်တစ်လုံးလဲပေးပါ။

မီးပေးစနစ် အားနည်းနေသလား စစ်ဆေးပါ။ ဒစ်စတြီဗျူတာစနစ်သုံး ရှေးဟောင်းကားဖြစ်ပါက Brake Point ကွန်ဒင်ဆာ၊ Rotor၊ Cap အဖုံးများကို စစ်ဆေးပါ။ ဒစ်စတြီဗျူတာပွိုင့်စားနေပါက ကွိုင်မှ မီးထွက်မမှန်နိုင်ပါ။

Ignition Coil မှ မီးထွက်အားကိုလည်း စမ်းသပ်စစ်ဆေးပါ။

Plug ကြိုးများ ကောင်းရမည်။ Plug ကြိုးများ ပေါက်ပြဲကွဲအက်နေပါက ပလပ်သို့မီးမရောက်နိုင်ပါ။ ဓာတ်ဆီ (Fuel Filter) ပိတ်နေပါက ဆီလိုက်မမှန်နိုင်ပါ။ ဆီစစ်ဘူး ညစ်ပေးပိတ်ဆို့နေပါက အသစ်လဲပေးပါ။

အင်ဂျင် Compression ကျနေပါသလား၊။ Compression Test ကို ဝပ်ရှော့တစ်ခုတွင် လုပ်ကြည့်ပါ။

Exhaust စနစ်နှင့် Catalytic Converter တွင် ကာဗွန်ချိုးများပိတ်နေပါသလား။ Catalytic Coverter ပိတ်နေလျှင် အင်ဂျင် Back Pressure ဖြစ်ပြီး အင်ဂျင်လုပ်ဆောင်ချက်ကို ထိခိုက်စေသည်။

 

အင်ဂျင် Idle Speed တွင် တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်ခြင်းမရှိဘဲ စက်သေသွားတတ်ခြင်း။

 

အင်ဂျင်အေးနေသော အခြေအနေတွင် လီဗာနင်း၍ စက်နှိုးလိုက်ပါက အင်ဂျင်နှိုး၍ရပြီး လီဗာကို ခြေဖျားလွှတ်လိုက်ပါက အင်ဂျင် Slow (Idle Speed) လည်ပတ်မှုသည် ကြမ်းတမ်းတုန်ခါနေမည်။

တစ်ခါတစ်ရံ စက်သေသွားမည်။ အင်ဂျင် Speed တင်လိုက်သောအခါ ထိုကဲ့သို့ ပြဿနာမှာ ပျောက်သွားပြီး အင်ဂျင်လည်ပတ်မှုကောင်းသွားမည်။ အင်ဂျင်ပူသွားသောအခါ အင်ဂျင် Speed တင်လိုက်သောအခါ

ထိုကဲ့သို့ ပြဿနာမှာ ပျောက်သွားပြီး အင်ဂျင်လည်ပတ်မှု ကောင်းသွားမည်။

 

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများ

 

ကာပရိုက်တာစနစ်သုံးနေသေးသော ကားဖြစ်လျှင် ကာပရိုက်တာမှ ဆီတွန်းပို့ပေးသော Accelerator Pump မကောင်း၍ ဖြစ်နိုင်သည်။ ကာပရိုက်တာ ပြုပြင်ရေးဆိုင်တွင် ပြသစစ်ဆေးပါ။

အင်ဂျင်လေအဝင် Vaccum Line တွင် လေယိုစိမ့်နေသော အပေါက်အကွဲအက်ကြောင်းရှိနေခြင်း၊ မီးပေးစနစ် (Ignition System) တွင် ပြဿနာမာျး အားနည်းချက်များ ရှိနိုင်သည်။ ပလပ်၊ ပလပ်ကြိုးကွိုင်နှင့်

ဒစ်စတြီဗျူတာ Cap အဖုံးများကို စစ်ဆေးပါ။

မိးတိုင်ပင် (Ignition Timing) မှားနိုင်သည်။ ပြန်လည်စစ်ဆေး၍ မီးတိုင်ပင် ပြန်ချိန်ပါ။ Computerized Engine Control System ဖြစ်လျှင် Scan Tool ကို သုံး၍ အပြစ်ရှိနေသော နေရာကို ရှာဖွေရပါမည်။

ပစ္စည်းစုံလင်သော အဆင့်မြင့်ကားဝပ်ရှော့တွင်သာ ပြသ၍ ပြုပြင်ပါ။ Exhaust Gas Recirculation (EGR) Valve မကောင်းလျှင် လည်းဖြစ်နိုင်သောကြောင့် အသစ်လဲရပါမည်။

အင်ဂျင် Mechanical ပိုင်း ပြဿနာတစ်ခုခု ရှိနိုင်သဖြင့် Comprssion Pressure Test လုပ်၍ စစ်ဆေးပါ။ Idle Speed ချိန်းထားသော အနေအထားမှားယွင်းနိုင်သည်။ EFI စနစ်သုံး ကားများတွင်

ဆီစစ်ဘူးပိတ်ပြီး ဆီဖိအားကျနိုင်သည်။ ဆီဖျန်းပေးသော Injector များ ညစ်ပတ်နေနိုင်သဖြင့် သန့်ရှင်းဆေးကြောပြီး မကောင်းတော့ပါက အသစ်လဲလှယ်ပါ။

Automobile 

Read 5457 times