အီဂျစ်ကျောင်းသားများတီထွင်လိုက်သည့် လေစွမ်းအင်သုံးကားငယ်


တက္ကသိုလ်တက်ရောက်နေဆဲ အီဂျစ်ကျောင်းသားအုပ်စုတစ်စုက လေစွမ်းအင်ဖြင့် မောင်းသည့် တစ်ယောက်စီးကားငယ်ကို တီထွင် ပြသခဲ့ကြောင်း သြဂုတ် ၁၁ ရက် တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ကိုင်ရိုမြို့ပြင်ရှိ Helwan တက္ကသိုလ်မှ ကျောင်းသားတစ်စု သည် ဘွဲ့ကြိုစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် Go-kart ပုံစံကားငယ် ကို စုပေါင်းဒီဇိုင်းထုတ် တီထွင်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါကားငယ်ကိုလောင်စာဆီဈေးနှုန်း မြင့်တက်နေမှုအား ရင်ဆိုင်ရန်နှင့် သန့်ရှင်းသော စွမ်းအင်သုံးစွဲရန် ရည်ရွယ်ကာ လေစွမ်းအင်ဖြင့်မောင်းနှင်ရန် စီစဉ်ခဲ့ပြီးသောတစ်ဖက်စီ၌ ဖိအားသုံး အောက်ဆီဂျင်ဘူးများ တပ်ဆင် အသုံးပြုထားသည်။

အောက်ဆီဂျင်ဘူများကို အပြည့်ပြည့်ပြီးပါက ထိုကားငယ်ကို အမြင့်ဆုံး တစ်နာရီ ၂၅ မိုင်နှုန်းနှင့် ၁၉ မိုင်ခရီးအကွာအဝေး တောက်လျှောက်မောင်းနိုင်ကာ ဆက်လက် မောင်းနှင်ရန်အတွက် အောက်ဆီဂျင် ထပ်ဖြည့်ရကြောင်း သိရသည်။

ကားဒီဇိုင်း ရေးဆွဲရာတွင် ပါဝင်သော ကျောင်းသားတစ်ဦးဖြစ်သူ Mahmoud Yasser က လေစွမ်းအင်ကြောင့် ဆီပိုမကုန်သလို အအေးခံရန်လည်း မလိုကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အဖွဲ့ အနေ ဖြင့် အနာဂတ်တွင် အဆိုပါကားငယ်ကို တစ်နာရီ ၆၂ မိုင်နှုန်းဖြင့်ဆက်တိုက်မောင်းနှင်နိုင်ရန် ကြိုးပမ်းနိုင်မည် ဟု ယုံကြည်လျက်ရှိသည်။

ထုတ်လုပ် စရိတ် အမေရိကန်ဒေါ်လာ တစ်ထောင်သာ ကုန်ကျသည့် ယင်း ကားငယ်ကို အမြောက်အမြား ထုတ်ရန် ငွေကြေးထောက်ပံ့မည့် အဖွဲ့အစည်းကို အီဂျစ်တက္ကသိုလ်ကျောင်းသားများ ရှာဖွေနေကြောင်း လည်း သိရသည်။

Automobile Journal

Read 842 times