၀န်ဆွဲရန် အကောင်းဆုံးကားများထဲမှ ကားအမျိုးအစား(၅) ခု


၀န်ဆွဲနိုင်ရန် အကောင်းဆုံးထရပ်ကားများထဲမှ ထရပ်ကား (၅) မျိုးအကြောင်းကိုအောက်တွင်ဖော်ပြပေးထားပါသည်။

(၁) 2016 Ford F-150

နောက်ဆုံးပေါ် ၂၀၁၆ ခုနှစ်မိုဒယ်အတွက် SYNC 3 Infotainment ဖန်သားပြင်ကို အသစ်ထပ်တိုး ထည့်သွင်း ပေးထားသော Ford F-150 မှာမြင်းကောင်ရေ ၃၆၅ ကောင်အား 3.5 liter V6 Eco Boost အင်ဂျင်၏ စွမ်းဆောင်ရည်မှာ ဝန်ဆွဲရာတွင် အထောက်အကူဖြစ်စေသည့်အပြင် ဆီစားနှုန်းကိုလည်း သက်သာစေ မည့်ဖြစ်ပြီး ယင်းကားသည် ပေါင် ၁၁,၃၀၀ အထိလေးလံသောဝန်ကို ဆွဲယူမောင်းနှင် နိုင်မည်ဖြစ်ပါသည်။

(၂) 2016 Toyota Tundra

ယင်းကားအမျိုးအစားမှာ ဂျပန်နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး ဝန်ဆွဲကားအဖြစ်အသုံးပြုလို့ကောင်းသည့် ကားအမျိုူးအစားဖြစ်ပါသည်။ မြင်းကောင်ရေ ၃၈၁ ကောင်အား 5.7 liter V8 အင်ဂျင်ကိုတပ်ဆင်ထားသော Tundra ၏အဆင့်မြင့်ဗားရှင်းမှာ နောက်တွဲယာဉ် သို့မဟုတ် ဝန်ဆွဲရန်အတွက် အကောင်းဆုံးမွမ်းမံထားသော ကားတစ်စီးလည်းဖြစ်ပါသည်။ ယင်း V8 အင်ဂျင်နဲ့ဆိုလျှင် Tundra မှာ ပေါင် ၁၀,၅၀၀ နှင့်အထက်လေးလံသောနောက်တွဲကိုတောင် ဆွဲယူမောင်းနှင်နိုင်ပါသည်။ ကားဝယ်သူများအနေဖြင့် ကား၏ cooling system ကိုအဆင့်မြှင့်အသုံးပြုနိုင်ရန်အတွက် Package နှစ်မျိုးနှစ်စားရွေးချယ်ရရှိနိုင်ပါသည်။

(၃) 2016 Chevrolet Colorado

2016 Chevrolet Colorado ၏ စွမ်းအားအပြည့်ဝဆုံးအင်ဂျင်မှာ မြင်းကောင်ရေ ၃၀၅ ကောင်အား 3.6 liter V6 အင်ဂျင်ဖြစ်ပြီး ထရပ်ကားတစ်စီးအဖြစ် ပေါင်ခုနှစ်ထောင်အထိလေးလံသောဝန်ကို ဆွဲယူမောင်းနှင်နိုင်မည် ဖြစ်ပါသည်။ တန်ဝက်ထရပ်ကားတစ်စီးအနေဖြင့် Colorado ၏နောက်တွဲယာဉ်ဆွဲနိုင်စွမ်း ပိုမိုတိုးတက်လာစေမည့် Two Package ကိုလဲရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

(၄) 2016 Toyota Tacoma

2016 Toyota Tacoma မှာစဋ္ဌွမ်းဆောင်ရည်အမြင့်ဆုံးအင်ဂျင်အဖြစ် V6 အင်ဂျင်ကိုတပ်ဆင်ပေးထားပြီး ကိုယ်ထည်အရွယ်အစားမှာ Chevrolet Colorado နှင့်ဆင်တူပါသည်။ Tacoma ၏ 3.5 liter V6 အင်ဂျင်မှမြင်းကောင်ရေ ၂၇၈ ကောင်အားအထိထုတ်လုပ်ပေးနိုင်ပါသည်။

(၅) 2016 Nissan Frontier

Nissan Frontier သည် Pick-up ကားအသေးစားဖြစ်သော်လည်း ယင်းကားမှာ မြင်းကောင်ရေ ၂၆၁ ကောင်အား 4.0 liter V6 အင်ဂျင်ကိုတပ်ဆင်ပေးထားပါသည်။ Nissan Frontier ၏အလေးလံဆုံးဆွဲနိုင်သည့် ဝန်အလေးချိန်မှာ ပေါင် ၆၅၀၀ ဖြစ်ပါသည်။

Read 1055 times