ကမ္ဘာ့ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သော ကမ္ဘာကျော်ကား (၁၀) စီး


နည်းပညာများစွာ ပေါ်ထွက်လာသည်နှင့်အမျှ ကားထုတ်လုပ်မှုစွမ်းရည်သည်လည်း တိုးတက်မြင့်မားလာပြီး ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံကားများပေါ်ထွက်လာခဲ့ပါသည်။

ထိုကားများစွာထဲမှ လူကြိုက်များပြီး ကမ္ဘာ့ရောင်းအားအရောင်းဆုံးဖြစ်ခဲ့သော ကား(၁၀) စီးကို Myanmar Automobile Directory စာဖတ်ပရိတ်သတ်များအတွက် စုစည်းတင်ပြပေးလိုက်ပါသည်။

1. Mercedes-Benz C-Class

ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး နံပါတ်တစ်ဖြစ်သော Mercedes ၏ ပဥ္စမ မျိုးဆက်ဖြစ်သော Mercedes-Benz C-Class ကို ၂၀၁၄ ခုနှစ်က ဂျာမနီနိုင်ငံတွင် ထုတ်လုပ်ခဲ့ပြီး ကားအစီးရေ ၃၆၄၆၆၈ စီးရေအထိ ရောင်းချခဲ့ကြောင်း သိရပါသည်။

ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသောင်းခွဲ ဝန်းကျင်မှ အမေရိကန်ဒေါ်လာ ရှစ်သောင်းခွဲဝန်းကျင်ခန့်အထိ ရှိကြောင်းသိရပါသည်။

2. Audi A3

ဂျာမနီနိုင်ငံထုတ်ကားတစ်စီးဖြစ်သော Audi A3 ကို ၂၀၁၂ ခုနှစ်တွင်ထုတ်လုပ်ခဲ့ပြီး ကားအစီးရေ ၃၅၃၅၇၂ စီးရေ ရောင်းချနိုင်ခဲ့သဖြင့် ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး စာရင်းမှာ ဒုတိယ နေရာတွင် ရပ်တည်နိုင်ခဲ့ပါသည်။

ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၆၀၀ မှ ၄၅၄၀၀ ဝန်းကျင်ရှိကြောင်း သိရပါသည်။

3. BMW 3 Series

ဂျာမနီနိုင်ငံထုတ်ကားအမျိုးအစားတစ်ခုဖြစ်သော BMW ကားများထဲမှ ၂၀၁၁ ခုနှစ်တွင်ထုတ်လုပ်ခဲ့သော ဆဋ္ဌမမြောက်မျိုးဆက် ဖြစ်သော တံခါးလေးပေါက် ပါဝင်သော BMW 3 Series ကားသည် ကားအစီးရေ ၃၀၄၃၁၆ စီးရေ ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး တတိယအနေဖြင့်ပါဝင်လာပါသည်။

ထိုကား၏ တန်ဖိုးမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၉၉၉၀ မှ အများဆုံး အမေရိကန်ဒေါ်လာ ရ၅၀၀၀ ပေါက်စျေးရှိကြောင်း သိရပါသည်။

4. Mercedes-Benz E-Class

တံခါးလေးပေါက်ပါဝင်သော ၂၀၁၆ ခုနှစ်တွင်ထုတ်လုပ်ခဲ့သော ပဥ္စမမျိုးဆက် Mercedes-Benz E-Class သည် ကားအစီးရေ ၂၀၈၆၀၄ စီးရေရောင်းချခဲ့ပြီး ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး စတုတ္ထနေရာတွင်ပါဝင်လာပါသည်။

ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၅၅၀၀ မှ ၁၁၃၈၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရပါသည်။

5. Audi A4

ဂျာမန်နိုင်ငံထုတ် Audi ၏ ပဥ္စမမျိုးဆက်ဖြစ်သော ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Audi A4 သည် ကားအစီးရေ ၁၈၀၀၆၃ စီးရေရောင်းချခဲ့ပြီး ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး ပဥ္စမနေရာသို့ရောက်ရှိလာခဲ့ပါသည်။

ထိုကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၃၂၀၀ နှင့် အမေရိကန်ဒေါ်လာ ၅၆၀၉၀ ကြားတွင် ရှိပါသည်။

6. BMW X5

ဂျာမန်နိုင်ငံထုတ်ကားတစ်စီးဖြစ်သော ၂၀၀၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် တတိယမျိုးဆက် BMW X5 သည် ကားအစီးရေ ၁၇၇၄၁၇ စီးရောင်းချခဲ့ပြီး ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး ဆဋ္ဌမနေရာသို့ ရောက်ရှိနိုင်ခဲ့ပါသည်။

ထိုကား၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၆၆၃၀၀ မှ အမေရိကန်ဒေါ်လာ ၁၀၆၉၀၀ အထိ စျေးရှိကြောင်းသိရပါသည်။

7. BMW 1 Series

ဂျာမန်နိုင်ငံထုတ်ကားဖြစ်သော ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော BMW 1 Series ကားသည် ကားအစီးရေ ၁၆၃၇၂၁ စီးရေ ရောင်းချနိုင်ခဲ့သောကြောင့် ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး သတ္တမနေရာသို့ ရောက်ရှိခဲ့ပါသည်။

8. Mercedes-Benz A-Class 

ဂျာမနီနိုင်ငံထုတ်ကားတစ်စီးဖြစ်သော ၂၀၁၂ ခုနှစ်တွင်ထုတ်လုပ်ခဲ့သည့် Mercedes-Benz A-Class  ကားသည် ကားအစီးရေ ၁၄၇၀၀၆ စီး ရောင်းချနိုင်ခဲ့သောကြောင့် ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး အဋ္ဌမနေရာသို့ ရောက်ရှိခဲ့ပါသည်။

9. BMW 4 Series

ဂျာမနီနိုင်ငံထုတ်ကားတစ်စီးဖြစ်သော ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် BMW 4 Series ကားသည် ကားအစီးရေ ၁၃၄၀၆၁ စီးရေ ရောင်းချနိုင်ခဲ့သောကြောင့် ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး နဝမနေရာသို့ ရောက်ရှိခဲ့ပါ သည်။

ထိုကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၉၄၅၀ မှ အမေရိကန်ဒေါ်လာ ၈၅၅၀၀ အထိ စျေးရှိခဲ့ကြောင်းသိရပါသည်။

10. Mercedes-Benz CLA-Class

ဂျာမနီနိုင်ငံထုတ်ကားတစ်စီးဖြစ်သော ၂၀၁၃ ခုနှစ်တွင်ထုတ်လုပ်ခဲ့သည့် Mercedes-Benz CLA-Class ကားသည် ကားအစီးရေ ၁၁၈၆၁၈ စီးရောင်းချနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဇိမ်ခံကားရောင်းအားအကောင်းဆုံး ဒသမနေရာသို့ရောက်ရှိ လာခဲ့ပါသည်။

ထိုကား၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၅၃၀၀ မျ ၅၁၈၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်းသိရပါသည်။

 

Read 1033 times