ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ The All-New BMW X5 ကားမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်


ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ The all-new BMW X5 ကားမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၂၃ ရက်က Inya Lake Hotel Compund ရှိ Yangon Convention Center တွင် ပြုလုပ်ခဲ့ပါတယ်။

The all-new BMW X5 သည်လျင်မြန်ဖျက်လတ်မှုနှင့်အတူ ပရီမီယံဝိသေသလက္ခဏာများဖြင့် အမြင်အာရုံကို ဖမ်းစားနိုင်သည့်အပြင် လမ်းကြမ်းပေါ်တွင် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များဖြင့် ခြွင်းချက်မရှိ ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

“BMW X5 ရဲ့အားသာချက်တွေက Xseries ဒီဇိုင်းလို့ပဲ အပြင်မှာပြောကြပါတယ်။ ကျွန်တော်တို့အခေါ်အဝေါ်ဆိုရင် SAV လို့ပဲခေါ်ပါတယ်။ ဒါပေမဲ့ SUV ဒီဇိုင်းလိုပဲ နေရာမရွေးသွားလို့ရသလို Sporty ဆန်ဆန်နဲ့လည်းလျင်လျင်မြန်မြန်မောင်းနှင်နိုင်မှာလည်းဖြစ်ပါတယ်။

အထူးသဖြင့် X off-Road package system ပါဝင်လာတာမို့လို့ လမ်းကြောင်းတွေမှာပါ လွယ်ကူစွာမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိအားဖြင့် ကျပ်သိန်း ၄၀၀၀ နဲ့ရောင်းပါတယ်” ဟုSales Consultant ကိုအောင်အောင်ဆင့်ကပြောကြားခဲ့ပါတယ်။

The all-new BMW X5 ၏ရှေ့နှင့်နောက်ဝင်ရိုးကြားအကွာအဝေးသည် ယခင်မျိုးဆက်ထက် ၄၂ မီလီမီတာ၊ ကိုယ်ထည်အလျားသည် ၃၆ မီလီမီတာ၊ အနံသည် ၆၆ မီလီမီတာ ပိုမိုကျယ်ဝန်းလာပြီး အမြင့်သည်ယခင်ထက် ၁၉ မီလီမီတာထိရှိကြောင်းသိရပါတယ်။

The all-new BMW X5 xDrive4 0 I တွင် အင်ဂျင်ယူနစ်သည် မြင်းကောင်ရေအား ၃၄၀ ရှိပြီး တစ်မိနစ်လျှင် ၅၅၀၀ မှ ၆၅၀၀ rpm ရှိကာ အင်ဂျင်၏ Torque ကိုလည်း ၁၅၀၀ rpm မှ ၅၂၀၀ rpm အတွင်းထုတ်ပေးသဖြင့် အမြန်နှုန်းမှာ 0 to 100km/h ကို ၅ ဒသမ ၅ စက္ကန့်အတွင်းရောက်ရှိနိုင်ကြောင်းသိရပါတယ်။

The all-new BMW X5 xDrive40i တွင် ပါဝင်သည့်အင်ဂျင်သည် အသစ်ထပ်မံတိုးမြှင့်ထားသည့် eight-speed Steptronic transmission နှင့်ချိတ်ဆက်ထားပြီး မောင်းနှင်ရာတွင် လျင်မြန်သွက်လက်မှုများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read 560 times